Friday 23 October 2020

Cherry Magic (2020) BL Series







 Cherry Magic (မြန်မာစာတန်းထိုး


Cherry Magic (အသက် ၃၀ အထိ လူပျိုပဲ ဖြစ်နေဦးမယ်ဆိုရင် မှော်စွမ်းအားကို အသုံးပြုနိုင်တဲ့သူဖြစ်လာလိမ့်မယ်) အပိုင်း - ၁



"အသက် ၃၀ အထိ လူပျိုပဲ ဖြစ်နေဦးမယ်ဆိုရင် မှော်စွမ်းအားကို အသုံးပြုနိုင်တဲ့သူဖြစ်လာလိမ့်မယ်" တဲ့။ ဘာစွမ်းအားလို့ထင်ကြလဲ။


Adachi ဆိုတဲ့ကောင်လေးဟာ အသက် ၃၀ပြည့်ဖို့ တစ်ရက်ပဲလိုတော့တဲ့ကောင်လေးပါ။ သူဟာ ဘဝမှာ တစ်ခါမှတောင် ရည်းစားမထားဖူးပါဘူး။ ပြောရရင်တော့ လူပျိုရည်မပျက်သေးတဲ့ လူပျိုကောင်လေးပေါ့။ သူဟာ အလုပ်လုပ်ရာမှာ တိကျပြီး သူများရဲ့အလုပ်တွေကိုလည်း ကူညီပေးတတ်တဲ့ ကြင်နာတတ်တဲ့ကောင်လေးတစ်ယောက်ပါ။ 


Kurosawa ဆိုတဲ့ကောင်လေးကတော့ စမတ်ကျ ခန့်ညားပြီး အလုပ်မှာလည်းတော် တဲ့ သူတစ်ယောက်ပါ။ အထက်လူကြီးတွေကလည်း သဘောကျသလို ၊ ကောင်မလေးတွေကလည်း သူ့ကို အရမ်း သဘောကျကျပါတယ်။


Kurosawa နဲ့ Adachi ဟာ ကုမ္ပဏီတစ်ခုတည်းမှာ အတူတူအလုပ်လုပ်နေရင်း Adachi ဟာ အစစအရာရာ မှာ တော်တဲ့ Kurosawa ကို အားကျနေတာပေါ့။ 


Adachi အသက် ၃၀ ပြည့်တဲ့နေ့မှာ မှော်စွမ်းအား ရလာလိမ့်မယ်လို့ ဘယ်သူက ကြိုသိမှာလဲ။ 

အသက် ၃၀ အထိ လူပျိုပဲ ဖြစ်နေဦးမယ်ဆိုရင် မှော်စွမ်းအားကို အသုံးပြုနိုင်တဲ့သူဖြစ်လာလိမ့်မယ်" ဆိုတဲ့ ယုံတမ်းစကားအတိုင်း Adachi မှာ စွမ်းအားတစ်ခုရလာခဲ့ပါတယ်။ လူတွေကို ထိမိလိုက်တာနဲ့ လူတွေစိတ်ထဲမှာပြောတဲ့စကားတွေကို ကြားရတာပါပဲ။ 

မှော်စွမ်းအား ကို ရထားတဲ့ Adachi တစ်ယောက် ဘယ်သူ့စိတ်ထဲက လျို့ဝှက်ချက်တွေကို သိသွားမလဲ (အဟိ အဟိ)။ မ spoil တော့ဘူးနော်။


Ep 1 နဲ့တင် ရင်ထဲ ကလိကလိ ဖြစ်မယ်ဆိုတာယုံလိုက်တော့ ။ Seme ကြီးရဲ့ ကြိတ်ချစ်တတ်မှုကြီး နဲ့ အူကြောင်ကြောင် Uke လေး ။


ကြည့်သင့်တဲ့အကြောင်းရင်းကတော့ 3ခု ရှိပါတယ် 

1. ၂ယောက်လုံးမတရားချစ်စရာကောင်းပါတယ်

2. Ep 1 မှာတင် တော်တော် ro ပါတယ် 

3. Translator ကအချောလေးပါ 


English title: Cherry Magic! Thirty Years of Virginity Can Make You a Wizard?


Japanese title: 30歳まで童貞だと魔法使いになれるらしい (30sai made Dotei dato Mahotsukai ni Narerurashii )

Translated by Y Yeon
Encoded by H L O

အပိုင်း(၁)

အပိုင်း(၂)

အပိုင်း(၃)

အပိုင်း(၄)

အပိုင်း(၅)

အပိုင်း(၆)

အပိုင်း(၇)

အပိုင်း(၈)

အပိုင်း(၉)

အပိုင်း(၁၀)

အပိုင်း(၁၁)

အပိုင်း(၁၂) Final
FIV Entertainment Channel မှ တင်ဆက်သည်