Saturday 31 October 2020

"ရန်သူမှသည် နှလုံးသားဆီသို့"

 


ယခုတစ်ခါတင်ဆက်ပေးမှာကတော့ မင်းသမီးချော Aum Patcharapa Chaichua နဲ့ မင်းသားချော Mik Thongraya တို့ရဲ့  "ရန်သူမှသည် နှလုံးသားဆီသို့" ဇာတ်လမ်းတွဲသစ် ဖြစ်ပါတယ်❤

Aum ဟာ ထိုင်းနိုင်ငံရဲ့ ဝင်ငွေအမြင့်ဆုံး ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး သူမရွေးချယ်ရိုက်ကူးခဲ့တဲ့ကားတွေက လုံးဝထိတ်ထိတ်ကြဲတွေပါပဲ❤
နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ Plerng pranang (တော်ဝင်မီး) ဖြစ်ပါတယ်❤

Mik အနေနဲ့လည်း ခုချိန်မှာ မသိသူရှားမယ်ထင်ပါတယ် ❤
"နိုင်ငံခြားပြန်ရှယ်ချွေးမ"ထဲက Don အဖြစ် လူသိများလာခဲ့ပြီး သူ့ဇာတ်လမ်းဟောင်းတွေလည်း ယခုအချိန်မှာ မြန်မာစာတန်းထိုးတွေထွက်ရှိလာနေပြီးပါပြီ❤


Casts 
ဂျတ်အဖြစ် Mik Thongraya
ဆိုဖီတာအဖြစ် Aum Patcharapa

ဇာတ်လမ်းအကျဥ်းကတော့...

     ဘဝရှင်သန်ရေးပြသနာတွေကြောင့် သေနတ်သမားဖြစ်လာခဲ့တဲ့ ဂျတ်တစ်ယောက် ပထမဆုံးခိုင်းစေခံရတာက မိန်းကလေးတစ်ယောက်ကိုသတ်ဖို့ပါပဲ

   အဲ့ဒီမိန်းကလေးက ဂျတ်ချစ်သူဟောင်းရဲ့ အစ်မဖြစ်သူ ဆိုဖီဒါဖြစ်နေချိန်မှာတော့ ကိစ္စတွေရှုပ်ထွေးလာခဲ့ပါတယ်

  ဂျတ်တစ်ယောက် ဆိုဖီဒါ့ကို ကယ်မလား 
ခိုင်းခံထားရသလိုပဲ သတ်မလား

နှစ်ယောက်သား ရန်သူတွေအဖြစ်ကနေ နှလုံးသားချင်းနီးစပ်တဲ့ ချစ်သူတွေပဲ ဖြစ်လာမလားဆိုတာ "ရန်သူမှသည် နှလုံးသားဆီသို့" ဇာတ်လမ်းတွဲ ပြသချိန်မှာ စောင့်မျှော်ကြည့်ရှုကြရအောင်❤

Mik ကို ch7 က လုံးဝထိပ်တန်းမင်းသားတစ်လက်ဖြစ်လာစေမယ်ပြောထားတယ် ကြားမိတဲ့အတွက် ဒီဇာတ်လမ်းတွဲက Mik အတွက် ထိတ်ထိတ်ကြဲ တစ်လက်ဖြစ်လာစေမယ့် ဇာတ်လမ်းတွဲလားဆိုတော့ ရင်ခုန်နေမိပါပြီရှင်❤

Translated by KyiNue Zin
Fiv Entertainment မှ တင်ဆက်သည်

Download link