Wednesday 30 December 2020

Vagabond (2019) ကိုရီးယားဇာတ်လမ်းတွဲ







 2019 ခုနှစ်ကထွက်ရှိခဲ့ပြီး နာမည်ကြီးလူကြိုက်များခဲ့တဲ့ ကိုရီးယားအက်ရှင်ဇာတ်လမ်းတွဲလေးကို ရုပ်သံကွာလတီကောင်းကောင်းဖြင့် တင်ဆက်ပေးလိုက်ပါတယ် 


Lee Seung Gi နဲ့ Bae Suzy တို့ ပါ၀င်သရုပ်ထားပါသည်


Quality- Webdl 1080p FHD

File Size- Around 1.5GB


Download Link

Episode-1

Episode-2

Episode-3

Episode-4

Episode-5

Episode-6

Episode-7

Episode-8

Episode-9

Episode-10

Episode-11

Episode-12

Episode-13

Episode-14

Episode-15

Episode-16.END

FIV Entertainment Channel မှ တင်ဆက်သည်
                                


Monday 28 December 2020

Royal Secret Agen

Royal Secret Agent

သည်တစ်ခါမှာတော့ FIV ပရိတ်သတ်ကြီးအတွက် နန်းတွင်းကားအသစ်လေး ထွက်ရှိလာပါပြီ။ Mon နဲ့ Tue နှစ်ရက်ထွက်တာမို့ စောင့်ကြည့်ကြဖို့ မမေ့နဲ့နော်။
ဇာတ်လမ်းအကျဥ်းကတော့ အကြံပေးဌာနမှာ ဆုန်းအီဂယောင်း ...တော်သော်လည်း အစွမ်းအစကို ဖွက်ထားသော ကောင်လေး...
တစ်ဘက်ကလည်း ဂေဟာမယ်အဖြစ် သူလျှိုလုပ်နေသော မိန်းကလေးဒါအင်...
ဆုန်းအီဂယောင်း၏ အစေခံလေး ချွန်းဆန်...
တစ်နေ့တွင်လမထင်မှတ်စွာ ဆုန်းအီဂယောင်း တစ်ယောက် တော်ဝင်ထောက်လှမ်းရေးအဖြစ်ခန့်အပ်ခံလိုက်ရရင်း အရင်တော်ဝင်ထောက်လှမ်းရေးခေါင်းဆောင် ဘတ်ချောဂယူ အား ရှာရန် ဖြစ်လာခဲ့သည်။ သူတို့အဖွဲ့တွင် မိန်းကလေး သူလျှို ဒါအင်လည်း ပါလာသလို အစေခံလေး ချွန်းဆန်တို့သည် တော်ဝင် လျှု့ဝှက်တာဝန်ကို ထမ်းဆောင်ရန်ဖြစ်လာခဲ့သည်။
သည်တော့ အကြံပေးလက်ထောက်ဆုန်းနဲ့ သူလျှို ဒါအင်တို့ တွေ့ကြတော့ ဘယ်လိုတွေ ဖြစ်ကြမလဲ...
မင်းကြီးအား မျက်လုံးပိတ်နားပိတ်လုပ်ချင်နေကြသော နန်းတွင်းအရှုပ်တော်ပုံများ...
ဒါအင်ကရော ဘယ်သူလဲ...
ဘာတွေ လျှို့ဝှက်ထားကြသလဲ.. 
ဆိုတာတော့ အပတ်စဥ်
Mon,  Tue တွင် " တော်ဝင်နန်းတွင်းလျှို့ဝှက်ထောက်လှမ်းရေး " ကိုကြည့်ပြီး ရင်ခုန်ကြပါစို့လား။



Episode-1(1080p)









A love so Beautiful (2020)

A love so beautiful/မသိဘူးချစ်တယ် 2020


ဒီတစ်ခါမှာတော့ FIVကတင်ဆက်ပေးခဲ့ဖူးတဲ့

မသိဘူးချစ်တယ်ဆိုတဲ့ တရုတ်ဇာတ်လမ်းတွေလေးကို

ပြန်လည်ရိုက်ကူးထားတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးလိုက်ပါတယ်


ရှင်ဆိုအီ ဆိုတဲ့

ချာဟွန်းဆိုတဲ့ကောင်လေးတစ်ယောက်ကို တစ်ဖတ်သတ်ချစ်နေရတဲ့ ကောင်မလေးတစ်ယောက်


ဝူဒယ်ဆောင်းဆိုတဲ့

ကျောင်းပြောင်းလာတဲ့ ကောင်လေးတစ်ယောက်

သူတို့ကြားမှာ ဘယ်လိုတွေ roကြမလဲဆိုတာ

စောင့်‌မျှော်ကြည့်ရှုပေးကြပါခင်ဗျာ








Episode-1(720p), Episode-1(1080p)


  


Thursday 24 December 2020

"နတ်သမီး၏နှလုံးသားရဲတိုက်"

 


"နတ်သမီး၏ နလုံးသားရဲတိုက်" ❤


Hey...!!! ချစ်ရပါတဲ့ fan fanလေးတို့ရေ....!!!❤


ဒီဇင်ဘာလ (၂၄) ရက်နေ့မှာ P'Bella မွေးနေ့ကျရောက်တာ

 အမှတ်တရဖြစ်အောင် ဒီဇာတ်ကားလေးကို

တင်ဆက်ပေးပါရစေရှင်...!!!@❤


ဒီဇာတ်ကားလေးဟာ အရမ်းကိုပဲ ရယ်ရတာကြောင့် 

ဖြစ်တာကြောင့်fan fanတို့ကြည့်မယ်ဆိုရင် ဘဝအမောတွေကို 

ပြေသွားစေပါမယ်ရှင်✌❤


ဒီဇာတ်ကားလေးကို adminတို့ ကြာသပတေး/သောကြာ

နေ့တိုင်း တစ်ပတ်(၂)ပိုင်း ထုတ်လွှင့်ပြသသွားပါမည်ရှင်❤


*AboutTheThaiCele နှင့် FIV ပူးပေါင်းတင်ဆက်သည်*


main cast❤

~~~~~~~~

ဖရာ အဖြစ် Andrew Gregason


မယ့်ကလာ အဖြစ် Bella Ranee 


တို့အဓိကထားပြီး ပါဝင်သရုပ်ဆောင်ထားပါတယ်...!!!


ဇာတ်လမ်းအညွှန်း❤👇

~~~~~~~~~~~

အနုပညာအသိုင်းအဝိုင်းမှာ နမည်ရနေတဲ့ မင်းသမီး 

"မယ့်ကလာ" (Bella)ဟာ ဇာတ်ကားရိုက်ကူးနေရင်း ပြဿနာ

တစ်ခု ဖြစ်ပွားခဲ့တာကြာင့် ဇာတ်ကားရိုက်ကူးမှုကို ရပ်ခဲ့ရပါတယ်😐


အဲ့ဒီပြဿနာဖြစ်နေစဉ်အတွင်းမှာ 

"ဖရာ"(Andrew) ဆိုတဲ့ ကောင်လေးဟာ 

"မယ့်ကလာ"(Bella) ဆီရောက်ရှိလာခဲ့ပါတယ်....!!!


(အဲ့ဒီလို ....!!!

 "ဖရာ"(Andrew) ရောက်လာရခြင်းမှာ "မယ့်ကလာ"(Bella)

ဦးလေးက "မယ့်ကလာ"(Bella)ကို သစ်တောကြီးကို 

စောင့်ရှောက်ဖို့ အမွေပေးခဲ့တာ လာပြောရခြင်းဖြစ်ပါတယ်....!!!)


အဲ့ဒီထိန်းသိမ်းဖို့ လာပေးတဲ့ သစ်တောကြီးကို 

"မယ့်ကလာ" (Bella) က မထိန်းသိမ်းပဲ ရောင်းချချင်နေတယ်😐


("မယ့်ကလာ" (Bella)ဆီမှာ ငွေကြေးပြဿနာလေးတွေ

ပေါ်ပေါက်နေတာကြောင့်လည်းပါတာပေါ့)


တစ်နေ့တော့....!!!

အဲ့ဒီ သစ်တောခြံကြီးကို ရောင်းချဖို့ 

"မယ့်ကလာ" (Bella) က အဲ့ဒီကို သွားပါတော့တယ်.....!!!


(အဲ့ဒီအချိန်မှာလည်း "ပရင်မ်" ဆိုတဲ့ ဆရာမလေးကလည်း 

"မယ့်ကလာ" (Bella) သွားမယ့်နေရာကရွာမှာ စာသွားသင်ဖို့

လာခဲ့တာပေါ့)


"မယ့်ကလာ" (Bella) နဲ့ "ပရင်မ်"ဟာ အတူတူဆုံရင်း 

"ဖရာ"(Andrew) က သူတို့ကိုကြိုရင်း accident

တစ်ခုဖြစ်တာပေါ့😱


အဲ့ဒါနဲ့ "ပရင်မ်"ဆိုတဲ့ ဆရာမလေးဟာ သေသွားပြီး 

"မယ့်ကလာ" (Bella) ကလည်း အတိတ်မေ့သွားခဲ့ပါတယ်....!!!


အဲ့ဒါကြောင့် "ဖရာ"(Andrew) က "မယ့်ကလာ"(Bella) ကို

ဆရာမလေး "ပရင်မ်"အဖြစ် ရွာကို ခေါ်သွားတာပေါ့✌ 


(ဘာကြောင့်လဲဆိုတော့...!!!

"မယ့်ကလာ" ပိုင်ဆိုင်တဲ့ သစ်တောခြံကြီးကို ပိုင်ဆိုင်ချင်တဲ့

လူဆိုးတွေ ရှိတာကြောင့်မလို့ပါ ပိုင်ရှင်အဖြစ် မသိစေချင်တာကြောင့်

လည်းဖြစ်ပါတယ်❤)


အဲ့လိုနဲ့....!!!

ဆရာမ "ပရင်မ်" အဖြစ် "မယ့်ကလာ"(Bella) ကို

ခေါ်သွားတော့ အတိတ်မေ့သွားတဲ့ "မယ့်ကလာ"(Bella) ဟာ 

အမွေစိန်မလေး အဖြစ် ရောက်ရှိပြီး ဆရာမလေး"ပရင်မ်"အဖြစ်နဲ့ပဲ

နေရတာပေါ့👀😅


ထိုနောက်....!!!


အဲ့ဒီရွာမှာ "မယ့်ကလာ"(Bella) ဟာ ဆရာမလေး"ပရင်မ်" 

အဖြစ်နေရင်း ဘယ်လိုအခွီတွေ အလွဲတွေ လုပ်သွားမလဲ?


နောက်ပြီး " ဖရာ"(Andrew) နဲ့ ဘယ်လိုမျိုး ချစ်ကြိုက်သွားမလဲ?


"မယ့်ကလာ"(Bella) အတိတ်မေ့တာကနေ သတိပြန်ရတဲ့အခါ 

ဘာတွေများ ဆက်ဖြစ်လာမလဲ?


သစ်တောခြံကြီးကို လုယူချင်တဲ့ လူဆိုးတွေကြားထဲ 

"ဖရာ" (Andrew) နဲ့ "မယ့်ကလာ"(Bella) တို့ ဘယ်လို 

ကျော်ဖြတ်သွားကြမလဲ?


ဆိုတာ ဒီဇာတ်လမ်းကောင်းလေးကို မလွှတ်တမ်းပဲ စောင့်ကြည့်

လိုက်ကြရအောင်ရှင်❤


(Bella Campen Myanmar Fan Club မှ 

အညွန်းရေးသားပါသည်....!!!!)


Translated By Bella Drama Translation Team

Encoded By Kyi Nue Zin

Download Link 

Episode 1

Episode 2

Tuesday 22 December 2020

Lovestruck in the Cicty-2020

 Lovestruck in The City-2020


နာမည်ကြီး မင်းသား မင်းသမီးတွေဖြစ်တဲ့ 


Ji Chang-Wook နဲ့

Kim Ji-Won တို့ရဲ့ 


အသစ်ထွက်တဲ့ ဇာတ်ကားလေးပါ


အပတ်စဥ္း အင်္ဂါနဲ့ သောကြာနေ့တိုင်း ထွက်ရှိပြီး FIV entertainment channel က ဘာသာပြန်တင်ဆက်ပေးမှာပါ


ဗိသုကာ ပညာရှင် ဘတ်ဂျယ်၀န်က အချစ်ကြီးပြီး 

ရိုးသားတဲ့ လူပျိုကြီးပါ

မြို့ထဲက လမ်းကျဥ္းလေးတွေကို လျှောက်သွားပြီး ပစ္စည်း အသစ်ဆန်းတွေ စုဆောင်းရတာကို ကြိုက်နှစ်သက်သူပါ

သူ့နှလုံးသားကို ခိုးယူသွားတဲ့ အချစ်ဟောင်းကို မမေ့နိုင်ပဲ မျှော်လင့်နေသူဆိုလည်း မမှားပါဘူး


လီအွန်းနိုကတော့ marketer တစ်ယောက်ပါ

သူမကတော့ အစီအစဥ္တိတိကျကျ  ရေးဆွဲတာမျိုးမရှိပဲ ခရီးထွက်တတ်သူပေါ့

သူမရဲ့ ခရီးမှာ ဘတ်ဂျယ်၀န်နဲ့ ဆုံတွေ့တယ်

သူ့ကိုယ်သူ ယွန်ဆွန်းအာလို့ မိတ်ဆက်ပြီး လွတ်လွွလပ်လပ်နေတဲ့ ကောင်မလေးပုံစံ ဟန်ဆောင်ခဲ့ပါတယ်

ဒါပေမယ့် သူမရဲ့ တကယ့်ပုံစံက အဲ့လို မဟုတ်ခဲ့ပါဘူး


ခရီးမှာတွေ့ခဲ့တဲ့ သူတို့က

ဆိုးလ်မှာ ထပ်တွေ့ပြီးဘာတွေဖြစ်မလဲ


ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုလိုက်ရအောင်








 Episode-1(720p) , Episode-1 (1080p)


Episode-2(720p) , Episode-2 (1080p)


Episode-3(720p) , Episode-3(1080p)


Episode-4(720p) , Episode-4 (1080p)


Episode-5(720p) , Episode-5 (1080p)
 

Episode-6(720p) , Episode-6(1080p)


Episode-7(720p)

Episode-8(720p)  

Episode-9(720p) 


Episode-10(720p)






Sunday 20 December 2020

Because I Love You (2017)

 







"Because I Love You" (2017) 

~^~^~^~^~^~^~^~^~^~^~^~^

မြန်မာစာတန်းထိုး movie


ဒီတစ်ခါ MyDramaList 7.5/10 ရရှိထားတဲ့ ကိုးရီးယား ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်


ဇာတ်လမ်းအကျဉ်း


ကင်ဒိုဟွန်း‌ဆိုတဲ့သူက သူ့ချစ်ရတဲ့သူကို လက်ထပ်ခွင့်တောင်းဖို့ သွားတဲ့လမ်းမှာ ကားမတော်တဆမှု ဖြစ်သွားပြီး သတိမေ့သွားခဲ့ပါတယ်၊ ဒါပေမဲ့ သူ့ဝိညာဉ်က ထူးဆန်းတဲ့ လူတွေဆီ ရောက်ရှိသွားတဲ့ အခါမှာ....


ဒီဇာတ်ကားမှာ မတူညီတဲ့ အသက်အရွယ်တွေ လူတန်းစားတွေကြားထဲက အချစ်ကို ဖော်ကျူးပြထားပြီး ဝမ်းနည်းဝမ်းသာ ခံစားချက်ပေါင်းများစွာ ရရှိနိုင်တဲ့ dramaဇာတ်ကားကောင်းလေး ဖြစ်ပါတယ်


Castsတွေကတော့ k dramaပရိသတ်တွေ အားလုံးသိကြတဲ့ 

Cha Taehyun (The Producers, Team bulldog )

Seo Hyunjin ( Another Miss Oh, Temperature of Love )

Kim Yoojung ( Backstreet Rookie, Moon Embracing the Sun) တို့အပြင် အခြား ဇာတ်ပို့တွေ အများကြီးလည်း ပါ၀င်ပြီး AZYK မှ ဘာသာပြန် တင်ဆက်ပေးထားပါတယ်


Telegram Link - https://t.me/fivchannel/105

Download Link

Link 1 (1080p)

Link 2 (720p)

FIV Entertainment Channel မှ တင်ဆက်သည်

     


Thursday 17 December 2020

True Beauty (2020) ကိုရီးယားဇာတ်လမ်းတွဲ

 













True Beauty (2020) မြန်မာစာတန်းထိုး

စစ်မှန်တဲ့အလှတရားဟာ ဘယ်အရာလဲဆိုတာကို ဖော်ညွှန်းရိုက်ကူးထားတဲ့ ကိုရီးယားဇာတ်လမ်းတွဲသစ်လေးကို ရုပ်သံကွာလတီအကောင်းဆုံးဖြင့် တင်ဆက်ပေးလိုက်ပါတယ်

Im Ju-Kyung ဟာ အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်ပြီး ငယ်ငယ်တည်းက သူမရုပ်ရည်နဲ့ပတ်သက်ပြီး အမြဲ စိတ်မချမ်းမြေ့ဖြစ်ခဲ့ရတယ် အဲ့ဒါကြောင့် အထက်တန်းကျောင်းသူဘ၀ရောက်တော့ သူမရဲ့ အပေါ်ယံရုပ်ရည်ဆိုးမှုကိုဖုံးကွယ်ဖို့ အမြဲတန်း make-up လိမ်းကာ ရုပ်ချောသယောင် ဟန်ဆောင်ခဲ့တယ် make-up အစွမ်း အံ့မခန်းကြောင့် သူမဟာ အတန်းဖော် တခြားသူတွေရှေ့မှာ အမြဲလှပသူတစ်ယောက်အဖြစ် ရှိခဲ့တယ် သို့ပေမယ့် သူမနဲ့ Lee Soo-Ho, Han Seo-Joon တို့ပါ၀င်ပက်သက်လာတဲ့အခါ.....

ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ကြည့်လိုက်ကြရအောင်.....

Total Episodes- 16
Quality- Webdl 1080p FHD
File Size- Around 1.5GB

Download Link

Episode-1

Episode-2

Episode-3

Episode-4

Episode-5

Episode-6

Episode-7

Episode-8

Episode-9

Episode-10

Episode-11

Episode-12

Episode-13

Episode-14

Episode-15

Episode-16 End

FIV Entertainment Channel မှ တင်ဆက်သည်         


Wednesday 16 December 2020

ချစ်သောဇာတိမြေ

 



"ချစ်သော ဇာတိမြေ" ထိုင်းဇာတ်လမ်းတွဲ


Cast


Mark Prin Suparat as Jao Noi Sukkawaong ဂျိုနွိုင်ဆူကာဝမ် 

Taew Natapohn Tameeruks as Maen Muang မယ်မွိုင်

Mew Nittha Jirayungyurn as Minglhar မင်လ

New Chaiyapol Pupart as Nor Muang နော်မောင် 

Ploy Pattrakorn Tungsupakul as Laong Kam လောင်ခမ်း

M Apinun Prasertwattanakul as Mong (Mong Mong)မောင်


ဒီဇာတ်ကားလေးကတော့

 တိုင်းပြည်အရေး ရိုးရာဓလေ့နဲ့ အချစ် တို့ပေါင်းစပ်ထားပါတယ်

Channel 3 ကထုတ်လွှင့်တဲ့ကားကောင်းတခုဖြစ်ပြီး

ဆုတွေအများကြီးလည်းရ ရှိခဲ့ပါတယ်


ဒီဇာတ်ကားဟာရှမ်းလူမျိုးတို့ရဲ့အလှပအပြင်အဆင် မြန်မာတို့ရဲ့ ထုံးဖွဲ့ ၀တ်စားခြင်ယင်ချင်းအလှအပများကို ခံစားကြည့်ရှူရမယ့် ဇာတ်လမ်းတွဲလေးပါ။


မြန်မာနိုင်ငံတွင်းမှာနေထိုင်ကြတဲ့ ဂုံရှမ်းလူမျိုး,လိရှမ်း,လောရှမ်းလူမျိုး နဲ့့အခြားသောရှမ်းလူမျိုးတို့ရဲ့ အ၀တ်အစားပန်းကနုတ်အပြင်အဆင်များ ရှေးခေတ်မှာတကယ့်သုံးခဲ့ကြတဲ့အဆောင်ယောင်တွေ အဝတ်အစားပန်းကနုတ်တွေ အဆင်တန်စာတွေကအစ ရှေးခေတ်ပန်းချီနဲ့ဓါတ်ပုံတွေမှတဆင့်အချိန်ယူ လေ့လာပြီးမှ ရိုက်ကူးခဲ့ကြတဲ့ဇာတ်ကားပါ။


ပျောက်လုနီးပါးဖြစ်တဲ့ ရိုးရာချည်ထည်ကနုတ်တွေကိုလည်း ဒီဇာတ်ကားမှာတွေ့မြင်ရမှာဖြစ်ပါတယ်။


ဇာတ်လမ်းအကျဉ်း....

ဂျိုနွိုင်က မြင်မြင်ချင်းမှာဘဲ မယ်မွိုင် ကို ကြွေသွားခဲ့ပါတယ်

မြင်ပးပေါ်ထက်ကနေပြီး ပန်းခူးနေတဲ့ပုံရိပ်လေးကြောင့်

မှင်သက်ပြီး မြင်မြင်ချင်းချစ်မိခဲ့တဲ့

ဂျိုနွိုင်ပါ

အစပိုင်းမှာ အချေအတင် ဖြစ်ခဲ့ကြပေမယ့်

 နန်းတော်ရောက်တော့

 မယ်မွိုင်ကို ဘုရင့်သမီး မှန်းသိပြီး ပျော်ခဲ့ရတဲ့ ဂျိုနွိုင်

နေ့တိုင်း နန်းတော်ထဲကို အခစားဝင်နေခဲ့ပြီး

မယ်မွိုင်ကို လိုက်ရှာနေတတ်တဲ့ ဂျိုနွိုင်

မယ်မွိုင်နန်းတွင်းမှာမတွေ့တဲ့အခါကျတော့

သူမ စာဖတ်လေ့ရှိတဲ့ နေရာလေးမှာ သွား ရှာနေတတ်တဲ့

ဂျိုနွိုင်ပါ


မယ်မွိုင်ကတော့ သူမ ကတော့ တိုင်းပြည်အတွက်ဆို

ဘာမဆိုပေးဆပ်ဖို့ ပြင်ဆင်ထားတဲ့သူတယောက်ပါ

စာဖတ်ရတာကို အလွန်နှစ်ခြိုက်တတ်သူဖြစ်ပြီး

မင်လ ဆိုတဲ့ ညီမလေး အပေါ်မှာလည်း ဘာမဆို

လိုက်လျောပေးတတ်တဲ့အမတယောက်ပါ

မင်လ ရဲ့အမေ ကတော့ သူမကို အမြဲရန်စောင်နေတတ်ပြီး

မင်လ ကို လည်း ခပ်ကင်းကင်းနေဖို့ ပြောခဲ့ပါသေးတယ်

တောအုပ်က စာဖတ်နေကြနေရာလေးမှာဘဲ

မယ်မွိုင်က ဂျိုနွိုင် ကို စတွေ့ခဲ့ပြီး

ဂျိုနွိုင်ရဲ့ အနောက်တိုင်းဆန်စွာ ဝတ်ဆင်မှု့ကြောင့်

ကြည့်မရခဲ့ပါဘူး နောက်ထပ်ပိုပြီး သူမ သဘောမကျခဲ့တာက

ဂျိုနွိုင်ရဲ့ အပေါင်းအသင်းက နိုင်ငံခြားသား တယောက်

ဖြစ်နေခဲ့လို့ပါ


မင်လ ကတော့ သမီးငယ်ပီပီ စိတ်ဆတ်ပြီး အမကို ဆို

သူ လိုချင်တာရဖို့ အမြဲတမ်း ချော့မော့ တောင်းခံနေကြပါ

မင်လက လည်း ဂျိုနွိုင် ကို မြင်မြင်ချင်း သဘောကျနေခဲ့တော့

ဂျိုနွိုင်နဲ့ နီးစပ်စွာပြောဆို နိုင်ဖို့အရေး မယ်မွိုင်ဆီကနေ

အင်္ဂလိပ်စာအုပ်လေးကို သူမ ဖတ်ဖို့ ဆို ငှားပြီးတော့

ဂျိုနွိုင် ကို စာအုပ်လေး ငှားပေးခဲ့ပါတယ်

ဒီလိုနဲ့ ၂ယောက်သား စာအုပ်အကြောင်းဆွေးနွေးနေတာ

ကို မြင်တော့ဝမ်းနည်းနေခဲ့ရတဲ့ မယ်မွိုင်ပါ


နောက်ပိုင်းမှာ

ဂျိုနွိုင် က သူချစ်ရသူ မယ်မွိုင်နဲ့ ညားမလား

မယ်မွိုင်က သူကို ဂျိုနွိုင် က မချစ်လို့ ထင်နေခဲ့တော့

ဘယ်လိုဖြစ်မလဲ

နိုင်ငံရေး လှည့်ကွက်ကြားမှာ မင်လ တယောက်ကရော

ဂျိုနွိုင် အချစ်ရမလား


စောင့်ကြည့်ပေးကြပါ


Translated by Taew channel

Encoded by Kyi Nue Zin


Download link

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Sunday 13 December 2020

Mr.Queen (2020) ကိုရီးယားဇာတ်လမ်းတွဲ

 







Mr.Queen (2020) မြန်မာစာတန်းထိုး

**********************************


မထွက်ခင်တည်းက နာမည်ကြီးနေတဲ့ ကိုရီးယားစီးရီးသစ်လေးကို ကွာလတီ‌ရုပ်သံ အကောင်းဆုံးဖြင့် တင်ဆက်ပေးလိုက်ပါတယ်


 Comedy နန်းတွင်းဇာတ်လမ်းပုံစံ ဖြစ်တာကြောင့် အားလုံးကြည့်ရှုကြဖို့ နှိုးဆော်လိုက်ပါတယ်


အပတ်စဉ် တနင်္ဂ‌နွေ/တနင်္လာနေ့တိုင်း FIV တွင် တင်ဆက်ပေးသွားပါမည်

Total Episode- 20 + Special 2 Eps
Quality- Webdl 1080p FHD
File Size- Around 1.5GB


Download Link 

အပိုင်း(၁)

အပိုင်း(၂)

အပိုင်း(၃)

အပိုင်း(၄)

အပိုင်း(၅)

အပိုင်း(၆)

အပိုင်း(၇)

အပိုင်း(၈)

အပိုင်း(၉)

အပိုင်း(၁၀)

အပိုင်း(၁၁)

အပိုင်း(၁၂)

အပိုင်း(၁၃)

အပိုင်း(၁၄)

အပိုင်း(၁၅)

အပိုင်း(၁၆)

အပိုင်း(၁၇)

အပိုင်း(၁၈)

အပိုင်း(၁၉)

အပိုင်း(၂၀) ဇာတ်သိမ်းပိုင်း

Special Ep-1

Special Ep-2

Commentary Ep-1

Commentary Ep-2

FIV Entertainment Channel မှ တင်ဆက်သည်    
 


Friday 11 December 2020

"လျှို့ဝှက်သော..."

 



"လျှို့ဝှက်သော....."


𝐅𝐈𝐕 နှင့် 𝐀𝐛𝐨𝐮𝐭 𝐓𝐡𝐞 𝐓𝐡𝐚𝐢 𝐂𝐞𝐥𝐞 တို့ ပူးပေါင်းပြီး 

တင်ဆက်မယ့် ဇာတ်ကားလေးကတော့  ဒီဇင်ဘာ (၁၀) ရက်ကစပြီး

ကြာသပတေး နေ့တိုင်း ထိုင်း 𝐋𝐢𝐧𝐞𝐓𝐕 မှာ ပြသနေတဲ့ ဇာတ်ကား

ကောင်း အမိုက်စားလေးပဲ ဖြစ်ပါတယ်ရှင် ❣︎


(ဇာတ်ကားရဲ့ဇာတ်လမ်းအကြောင်းမပြောခင်မှာ...!!!

ကြိုတင်ပြီးတော့ သတိပေးပါရစေ😝ဇာတ်ကားကနည်းနည်းကြမ်းပါတယ်ရှင်👀 ၁၈ နှစ်အောက် ကလေးတွေ မကြည့်ရ✖️)


𝐂𝐚𝐬𝐭 ❤️👇


ဒွန် အဖြစ် 𝐍𝐞𝐰 𝐖𝐨𝐧𝐠𝐬𝐚𝐤𝐨𝐫𝐧


နစ် အဖြစ် 𝐒𝐚𝐢𝐩𝐚𝐫𝐧 𝐀𝐩𝐢𝐧𝐲𝐚


ဒေါင် အဖြစ် 𝐖𝐚𝐧𝐢𝐝𝐚 𝐓𝐞𝐫𝐦𝐭𝐡𝐚𝐧𝐚𝐩𝐨𝐫𝐧


လင် အဖြစ် 𝐉𝐚𝐧𝐢𝐬𝐭𝐚𝐫 𝐏𝐡𝐨𝐦𝐩𝐡𝐝𝐮𝐧𝐠𝐜𝐡𝐞𝐞𝐩


စိုင် အဖြစ် 𝐍𝐚𝐫𝐚 𝐓𝐡𝐞𝐩𝐧𝐮𝐩𝐡𝐚


မီ အဖြစ် 𝐂𝐡𝐚𝐥𝐢𝐭𝐚 𝐒𝐚𝐚𝐧𝐬𝐚𝐧𝐞 တို့ဖြစ်ကြပါတယ်ရှင်..!!!


ဇာတ်လမ်းအညွှန်း❤👇


ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်ကို အခြေခံထားပြီး 

ရိုက်ကူးထားသည့် ဇာတ်လမ်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်🙈


ဒွန်ဆိုတဲ့ကောင်လေးဟာ ပွေရှုတ်တက်သူဖြစ်ပြီး ဆက်ဆံရတာကို

အရမ်းပဲ ခုံမင်တဲ့သူတစ်ယောက်ပေါ့🤷‍♂️


အဲ့ဒီနောက်မှာ ဒွန်ဟာ နစ်/ဒေါင်/လင်/စိုင်/မီ ဆိုတဲ့ 

မိန်းမချောလေး (၅)ယောက်နဲ့ တစ်ပြိုင်နက်တည်း ချစ်သူဖြစ်နေ

ပါတော့တယ်😱 


အဲ့ဒါနဲ့ မိန်းမချောလေး(၅)ယောက်နဲ့ ဒွန် ဇာတ်လမ်းအစပြုပြီး

ရှုတ်ထွေးမှုကြီးတွေ ဖြစ်လာခဲ့ပါတယ်....!!!


အဲလိုနဲ့ ဒွန်နဲ့ ပွေရှုတ်မိတာကို မိန်းမချော (၅)ယောက်ကနေ

သိလာတဲ့အခါ ဘာများဖြစ်လာမလဲ?


သူတို့တွေကြား ပဋိပက္ခ တွေများစွာဖြစ်လာပြီး ဘယ်လိုပုံများ

တိုက်ခိုက်မှုတွေများဖြစ်လာမလဲ?


သူတို့ ဒွန်ကိုပိုင်ဆိုင်ရဖို့ ရှေ ့ဆက်ပြီးတိုးမလား ဒါမှမဟုတ်

နောက်ဆုတ်မှာလား?


ဒွန်ကရော ဘာတွေများ ဖြစ်လာမလဲ? 


ဒွန်ကရော ဘယ်သူ့ကိုများ ရွေးချယ်သွားမလဲ? ဆိုတာ...!!!


(ဇာတ်ကားလေးရဲ့ နမည်အတိုင်း လျှို့ဝှက်မှုတွေကြားထဲမှာ

အတူတူ ကြည့်ကြရအောင်လားရှင်👀❤)


𝐀𝐛𝐨𝐮𝐭 𝐓𝐡𝐞 𝐓𝐡𝐚𝐢 𝐂𝐞𝐥𝐞 မှ အညွှန်းရေးသားသည်❤🙈


𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐞𝐝 𝐁𝐲 𝐈𝐚𝐧𝐠 𝐒𝐢𝐭𝐭𝐡𝐚 & 𝐓𝐡𝐢𝐧𝐧 𝐓𝐡𝐢𝐧𝐧 𝐀𝐲𝐞


𝐄𝐧𝐜𝐨𝐝𝐞𝐝 𝐁𝐲 𝐊𝐲𝐢 𝐍𝐮𝐞 𝐙𝐢𝐧


Download link

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10 final

Friday 4 December 2020

"အဆိုရှင်လေး မောင့်ချစ်သူ"

 

❤🎶အဆိုရှင်လေး မောင့်ချစ်သူ🎶❤


 ဒီဇာတ်ကားလေးအကြောင်းမပြောခင်မှာ fan fanတို့ကို အရင်ဆုံး ပြောပြချင်တာကတော့ ဒီကားထဲက မင်းသား/မင်းသမီးတို့က

အရမ်းကိုပဲ ချစ်စရာကောင်းသူလေးတွေပါရှင်❤🙈✨


FIV နှင့် About The Thai Cele တို့မှ ပူးပေါင်းတင်ဆက်သည်


အန်နဝင်း အဖြစ် Tongtong Kitsakorn Kanogtorn


ဝမ်ကျိုင် အဖြစ် Xiang Pornsroung Rouyruen 


သီချင်းဆို ဝါသနာပါတဲ့ ကျေးလက်ရွာလေးတစ်ရွာက အဆိုရှင်လေး 

"ဝမ်ကျိုင်"(Xiang)❤ 


ခရင်ကရိုင်း တေးသံသွင်းကုမ္ပဏီပိုင်ရှင်ရဲ့ တစ်ဦးတည်းသောသားလေး "အန်နဝင်း"(Tongtong)❤


ဇာတ်လမ်းအညွှန်း❤👇


"ဝမ်ကျိုင်"က အဆိုဝါသနာပါသလောက် သူမရဲ့အမေကတော့ 

သူမကို အဆိုတော်မဖြစ်စေချင်ခဲ့ပါဘူး သီချင်းဆိုတာကိုလဲ

တားမြစ်ခဲ့ပါတယ်.....!!!


တကယ်တော့....

"ဝမ်ကျိုင်"ရဲ့အမေဟာ ခရင်ကရိုင်းကုမ္ပဏီရဲ့ အဆိုတော် ဖြစ်ခဲ့ဖူးပြီး အဖေဟာလည်း တေးရေးဆရာ ဖြစ်ခဲ့ဖူးလို့ပါ ...!!!


ဒါပေမဲ့ ကုမ္ပဏီပိုင်ရှင်ရဲ့ နိုင်ထက်စီးနင်း ယုတ်မာမှုကြောင့် 

အလုပ်ထွက်ပြီး "ဝမ်ကျိုင်"ရဲ့အဖေနဲ့အတူ ကျေးရွာလေးမှာ 

ဇာတ်မြှုပ်နေထိုင်ခဲ့တာပဲဖြစ်ပါတယ်....!!!


"ဝမ်ကျိုင်"မှာ "ကန်" ဆိုတဲ့ အခင်ဆုံးသူငယ်ချင်း

တစ်ယောက်ရှိပါတယ်....!!! 


တစ်နေ့မှာတော့......


"ဝမ်ကျိုင်" နဲ့ "ကန်"တို့ဟာ ကျွဲကျောင်းရင်း "ဝမ်ကျိုင်" သီချင်းဆိုတာကို "ကန်" ဗွီဒီယိုရိုက်ပေးပြီး Youtube ပေါ်တင်လိုက်တဲ့အခါ

ဗွီဒီယိုဟာ ကြည့်ရှုသူသန်းချီသွားပြီး "ဝမ်ကျိုင်"ကို "ကျေးလက်သူလေး" ဆိုပြီး အွန်လိုင်းမှာ နမည်ကြီးသွားပါတော့တယ်😱❤


ဒါနဲ့ပဲ "ဝမ်ကျိုင်"ဟာ ခရင်ကရိုင်းကုမ္ပဏီရဲ့ အဆိုတော် နဲ့

တေးရေးဆရာဖြစ်ခဲ့ဖူးတဲ့ သူမရဲ့အမေနဲ့အဖေရဲ့ ဂုဏ်သိက္ခာကို

ပြန်အဖတ်ဆယ်ဖို့အတွက် အဲ့ဒီကုမ္ပဏီမှာ အဆိုတော်တစ်ယောက်

ဖြစ်လာဖို့ ပြိုင်ပွဲဝင်ခဲ့တယ်....!!!


နောက်ပြီး"အန်နဝင်း"ဆိုသူကလဲ သူ့အမေရဲ့ ခရင်ကရိုင်းကုမ္ပဏီ

မပိတ်ရစေရန် အဆိုတော်အသစ်ကို ရှာနေတာပေါ့ ကုမ္ပဏီကို

ဆက်လက်ပြီး ရပ်တည်နိုင်တယ်ဆိုတာ သူ့၏အဖေကို သက်သေပြဖို့ 

ကြိုးစားနေခဲ့တာပေါ့....!!!


ထို့နောက် အဖေနဲ့အမေအတွက် ခရင်ကရိုင်းကုမ္ပဏီကို 

ရောက်လာတဲ့ အဆိုရှင်လေး"ဝမ်ကျိုင်"နဲ့ ထိုကုမ္ပဏီပိုင်ရှင်ရဲ့

တစ်ဦးတည်းသောသားဖြစ်တဲ့ "အန်နဝင်း"တို့ ဘယ်လို တွေ့ဆုံကြပြီး

ဘယ်လိုအခက်အခဲ အတားအဆီးတွေကြားထဲ ချစ်ကြိုက်သွားကြမလဲ

ဆိုတာ ဒီဇာတ်လမ်းကောင်းလေးထဲမှာ ကြည့်ရှုပေးကြပါနော်😍


[ဇာတ်လမ်းအညွှန်းကို AboutTheThaiCele မှ ရေးသားသည်]


Translated By Thinn Thinn Aye & Hsue Thit Sar

Encoded By Kyi Nue Zin

Download link

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Episode 12

Episode 13

Episode 14

Episode 15

Episode 16

Episode 17

Episode 18

Episode 19

Episode 20

Episode 21

Episode 22

Episode 23

Episode 24

Episode 25

Episode 26

Episode 27

Episode 28

Episode 29

Episode 30

Episode 31

Episode 32

Episode 33

Episode 34

Episode 35

Thursday 3 December 2020

"အွန်လိုင်းပေါ်က တိတ်တခိုးအချစ်"

 


ယခုတစ်ခေါက်မှာတော့ Fiv Entertainment Channelနဲ့ Kimmy Kimberley Myanmar FCတို့ရဲ့ ၅ကြိမ်မြောက်ပူးပေါင်းတင်ဆက်ခြင်းအနေနဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးစုံတွဲတစ်တွဲဖြစ်တဲ့ မင်းသားချောMark Prin နဲ့ မင်းသမီးချောKimmy Kimberley တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

📱"အွန်လိုင်းပေါ်က တိတ်တခိုးအချစ်"📱

                                (Secret Love Online)


Casts : လစ်ဒါ အဖြစ် Peter Corp

             အာဝါစယာ အဖြစ် Anne Thong

             ပရာနွန် အဖြစ် Mark Prin

             ဖိဖရောင်း အဖြစ် Kimmy Kimberley



ဇာတ်လမ်းအကျဉ်း*****


ရည်မှန်းချက်မြင့်မားပြီး အမြဲကြိုးစား ထူးချွန်ထက်မြက်တဲ့ အသက်၃၀အရွယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အာဝါစယာဟာ စျေးကွက်စီးပွါးရေးနယ်ပယ်မှာ ဆရာတစ်ဆူဖြစ်လို့ သူမကိုစျေးကွက်ဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ကြတယ် သူမဟာ ဘဝကိုတစ်ယောက်တည်းဖြတ်သန်းမယ်လို့ သန္ဒိဌာန်ချထားသူတစ်ယောက်လည်းဖြစ်တယ် ဒါပေမယ့်သူမရဲ့ အတွေးတွေဟာ သူမအလုပ်လုပ်နေတဲ့ နာရာကွန်ကုမ္ပဏီကနေပြီး စိတ်နှလုံးသားနူးညံ့ကြင်နာတတ်ပြီး အရည်အချင်းရှိတဲ့ ပရာနွန်လို့အမည်ရတဲ့ ငယ်ငယ်ချောချောကောင်လေးကို အလုပ်ခန့်လိုက်တဲ့အချိန်ကနေစပြီး အားလုံးပျက်ယွင်းသွားပါတော့တယ် 


သူမဟာ ပရာနွန်အပေါ် တဖက်သတ်စိတ်ဝင်စားခဲ့ပြီး တစ်ဖက်မှာလည်း အသက်အားဖြင့်သော်လည်ကောင်း ရာထူး ဝါအရသော်လည်းကောင်း ခြားနားလွန်းနေတဲ့အတွက် ပရာနွန်အပေါ် သူမရဲ့ချစ်နေတဲ့စိတ်တွေကို မသိသလိုဟန်ဆောင်နေခဲ့တယ် 


ဒါပေမယ့် သူမဟာ ပရာနွန်ရဲ့ နူးညံ့စွာဆက်ဆံတတ်ပုံတွေကြောင့် ပရာနွန်နဲ့နီးစပ်ဖို့အတွက် Lineကနေတစ်ဆင့် အဲပရက်ဆိုတဲ့နာမည်နဲ့အကောင့်အတုဖွင့်ကာ ပရာနွန့်ထံချဉ်းကပ်လာခဲ့တယ် 


ဒါပေမယ့်သူတို့ရဲ့ဆက်ဆံရေးဟာ ပရာနွန်အပေါ်တစ်ဖက်သတ်စိတ်ဝင်စားနေတဲ့ ငယ်ရွယ်လှပပြီး ပိုက်ဆံရှိအသိုင်းအဝိုင်းထဲက မိန်းမလှလေးဖိဖရောင်းက အဲပရက်အဖြစ်ဟန်ဆောင်မလိမ်ညာခင်အထိ သာယာနေခဲ့ကြပါသေးတယ် 


ဖိဖရောင်းကတော့ ပရာနွန်နဲ့အတူ နာရာကွန်ကုမ္ပဏီမှာ အလုပ်ခန့်အပ်ခံရတဲ့ မိန်းကလေးပါ အလုပ်အတူလုပ်ရပြီး ပရာနွန့်ရဲ့ဂရုစိုက်ပေးမှုတွေအောက် ကျရှုံးသွားပြီး အချစ်စိတ်တွေတိုးလာတာပေါ့ရှင်


အယောင်ဆောင်မှုတွေကြား အာဝါစယာနဲ့ ပရာနွန်တို့ရဲ့ ဆက်ဆံရေးဟာလည်း ပိုလို့ရှုပ်ထွေးလာပါတော့တယ် 


ဒီအချိန်မှာ သူတို့ကြားထဲ နာရာကွန်ကုမ္ပဏီပိုင်ရှင်သူဌေးဖြစ်တဲ့ လစ်ဒါဝင်ရောက်လာတဲ့အခါမှာတော့ အခြေအနေတွေက ပိုဆိုးလာပါတော့တယ် 


လစ်ဒါက အာဝါစယာကိုတစ်ဖတ်သတ်ချစ်နေတဲ့သူပါ အမြဲစနောက်တတ်ပြီး ရည်းစားရှုပ်လို့ အာဝါစယာရဲ့ လျစ်လျူရှုမှုကိုခံရတဲ့သူဌေးပေါ့ရှင် ဒါပေမယ့် သူ့ရဲ့သစ္စာရှိမှု ဂရုစိုက်မှု လေးနက်မှုတွေ တန်ဖိုးထားတတ်မှုတွေကို အာဝါစယာတစ်ယောက်မြင်တွေ့နိုင်ပါ့မလား....


အာဝါစယာ, ပရာနွန် , ဖိဖရောင်းတို့ကြားက သုံးပွင့်ဆိုင် အွန်လိုင်းအချစ်ကိုရော ပရာနွန်တစ်ယောက်ဖြေရှင်းနိုင်ပါ့မလား....


ဖိဖရောင်းကရော အရမ်းချစ်လို့လိမ်ညာမိတဲ့အပေါ် ချစ်သူရဲ့ခွင့်လွှတ်မှုကိုရနိုင်ပါ့မလား.....မလားပေါင်းများစွာနဲ့ ရသမျိုးစုံပေးစွမ်းစေနိုင်မယ့် ဒီအချစ် ဟာသ ဒရမ်မာကားလေးထဲမှာ အတူတူစီးမြောခံစားကြည့်လိုက်ကြရအောင်လားရှင်❤️

 

Translated by Zin Thida Htike(Kimmy Kimberley Myanmar FC)

Encoded by Kyi Nue Zin(FIV Entertainment Channel)


Kimmy Kimberley Myanmar FCနှင့် Fiv Entertainment Channelတို့မှ ပူးပေါင်းတင်ဆက်သည်❤️


Download link - 

Episode 1

Episode 2

"အချစ်ကျေးကျွန်ကောင်လေး"

 

About The Thai Cele နှင့် FIV ပူးပေါင်းတင်ဆက်သည်

2014 ခုနှစ်ကထုတ်လွှင့်ပြသခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆုအပြင် တခြားသောဆုတွေကိုရရှိပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ 

"အချစ်ကျေးကျွန်ကောင်လေး"


ဇာတ်လမ်းအကျဉ်း👇👇

....….......................


🌟ကဲရို့အဖြစ်      Ken

🌟နမ်ထစ်အဖြစ် Bella တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်❤️


🌟 ကျွန်စေတွေအပေါ်အနိုင်ကျင့်ပြီး

ငွေမက်မောတဲ့  သခင်ကြီးချိုင်ရာကွန်ရဲ့အိမ်တော်မှာ ‌ ကျေးကျွန်တစ်ယောက်အဖြစ်ဘဝကိုမြှုပ်နှံနေရတဲ့ "ကဲရို့"


🌟 အတ္တကြီးတဲ့ဖခင်သခင်ကြီးချိုင်ရာကွန်ရဲ့ကြိုးဆွဲရာကရမယ့်ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ နေထိုင်နေရရှာတဲ့ 

"နမ်ထစ်"


 🔹 "ကဲရို့"ဟာ ကျေးကျွန်တစ်ဦးဖြစ်ပေမယ့် စာရေးတတ်ဖတ်တတ်ပြီး ပညာကို

အခွင့်သင့်ရင်သင့်သလိုရှာမှီးတတ်သူ..


 တစ်နေ့ကျွန်အဖြစ်ကလွတ်မြောက်ရင်

ဘဝကိုတိုးတက်အောင်ကြိုးစားမယ့်

ရည်မှန်းချက်စိတ်တွေအပြည့်နဲ့ပေါ့....


🔹 သခင်ကြီးချိုင်ရာကွန်က ငွေကြေးဥစ္စာမက်မောသူတစ်ဦးပီပီ သမီးဖြစ်သူ"နမ်ထစ်" ကိုငွေကြေးဥစ္စာပြည့်စုံကြွယ်ဝတဲ့ သူ့ရဲ့တူရင်းခြာဖြစ်တဲ့

 "ခွန်မာနိုး" နဲ့လက်ထပ်ပေးဖို့သဘောတူထားတယ်....


🔹 ငွေကြေးစည်းစိမ်ချမ်းသာကြွယ်ဝ

ပေမယ့် စိတ်ဓာတ်ယုတ်ညံ့ပြီး

အမြဲသောက်စားမူးရူးပြီး မိန်းမပွေရှုပ်တဲ့ "ခွန်မာနိုး"


 သူ့လိုလူနဲ့လက်ထပ်ရမှာကို "နမ်ထစ်" ခမျာဘယ်လိုမှ လက်မခံနိုင်ရှာဘူး😔

ဒါပေမယ့် သူမဖခင်ရဲ့အမိန့်ကိုလွန်ဆန်

ခွင့်မရှိ😢


🔹 "ကဲရို့" နဲ့ "နမ်ထစ်" ကငယ်စဉ်ကတည်းကအတူကြီးပြင်းလာခဲ့ကြတော့တစ်ဦးနဲ့တစ်ဦးကြား သံယောဇဉ်

နှောင်ကြိုးတွေရစ်ပတ်နေမိကြတော့တယ် .....


 တစ်ဦးနဲ့တစ်ဦးချစ်နေကြပေမယ့်

အဆင့်အတန်းချင်းကွာခြားမှုဆိုတဲ့တံ

တိုင်းကြီးက သူတို့နှစ်ဦးကြားမဆုံဆည်း

နိုင်အောင်ကာခြားထားသလိုဖြစ်နေတာ

ပေါ့😢


အဆုံးသတ်မှာ....


 "နမ်ထစ်"က သူမဖခင်ရဲ့အမိန့်ကို

နဲ့ သူမရဲ့နှလုံးသားခံစားချက်ကြား

ဘယ်လို ရွေးချယ်ဆုံးဖြတ်မလဲ??


"ကဲရို့" နဲ့ "နမ်ထစ်" တို့နှစ်ဦးဘဝပေါင်းစည်းနိုင်ဖို့ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ရမလဲဆိုတာ.......


  ၁၈၀၀ ပြည့်နှစ်နောက်ပိုင်း "ချူလာလောင်ကွန်ဘုရင်" လက်ထက် ကျွန် တွေရဲ့သမိုင်းကြောင်းတွေနဲ့အတူ

လူနှစ်ဦးရဲ့အချစ်ဇာတ်လမ်းကိုပါ စိတ်ဝင်စားဖွယ်ပုံဖော်ရိုက်ကူးထားတဲ့  ဒီဇာတ်လမ်းလေးမှာစောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ရှင့်❣️


(အညွှန်းအား Bella Campen Myanmar

Fanclub မှရေးသားထားသည်)

Translated by YoonMie

Encoded by Kyi Nue Zin

Download link

Episode 1

Episode 2

Episode 3

Episode 4

Episode-5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Episode 12

Episode 13

Episode 14

Episode 15

Episode 16

Episode 17

Episode 18

Episode 19

Episode 20

Episode 21

Episode 22

Episode 23

Episode 24

Episode 25

Episode 26

Episode 27

Episode 28

Episode 29

Episode 30

Episode 31

Episode 32

Episode 33

Episode 34

Episode 35

Episode 36

Episode 37 final