Sunday 29 November 2020

The Uncanny Counter

 The Uncanny Counter


OCN က ထုတ်လွှင့်ပေးနေတဲ့ The Uncanny Counter ဆိုတဲ့ ဇဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းလေးက webtoon တစ်ခုဖြစ်တဲ့ Kyeongirowoon Somoon ကို ဇာတ်လမ်းအဖြစ်ပြန်လည်ရိုက်ကူးထားတာပါ

Counter လို့ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ထွက်ပြေးလွတ်မြောက်နေတဲ့ မကောင်းဆိုး၀ါး ၀ိညာဥ္ တွေကို လိုက်လံဖမ်းဆီးတဲ့ အဖွဲ့ပါ

သူတိုတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ ထူးခြားစွမ်းအင်တွေကို ပိုင်ဆိုင်ကြပါတယ်

မကောင်းဆိုး၀ါးတွေဟာ လူတွေကို လူသတ်ချင်လာအောင် တွန်းပို့ အမှုတွေပိုဖြစ် လူတွေ ပိုသေအောင် ဖန်တီးပြီး သေဆုံးတဲ့ နစ်နာသူတွေရဲ့ ၀ိညာဥ္ကို စားကြပါတယ်

သာမန်လူတွေထက် ထူးခြားတဲ့ အစွမ်းတွေနဲ့ counter အဖွဲ့က လူတွေ ဒါတွေကို ဘယ်လိုတားမြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါ



Episode-1(720p)

Episode-2(720p)

Episode-3(720p)

Episode-4(720p)

Episode-5(720p)

Episode-7(1080p)

Episode-8(1080p)

Wednesday 18 November 2020

“အငယ်အနှောင်း👱‍♀️/Mia Noi” (2019) ထိုင်းဇာတ်လမ်းတွဲ







 “အငယ်အနှောင်း‍♀️/Mia Noi” (2019)

~•~•~•~√~√~~•~••~•~•~••~•~••

မြန်မာစာတန်းထိုး ထိုင်းဇာတ်လမ်းတွဲ

*****************************

ယခုတစ်ခါ တင်ဆက်ပေးမှာကတော့

ခွန်သူလာအဖြစ် Smart Krissada

ခွန်ချလာထွန်အဖြစ် Mook Worranit


ဇာတ်လမ်းအကျဉ်း


ချလာတို့မိသားစုဟာ ဆင်းရဲပြီး ရိုးသားကြိုးစားကြသူတွေပါ‍‍‍ချလာရဲ့အဖေက‍靈သူဌေးတစ်ယောက်ရဲ့စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားခေါင်းဆောင်ပါ 


တစ်နေ့ကျ သူဌေးက အရွယ်ရောက်လာတဲ့ အလုပ်သမားသမီး ချလာကိုတွေ့ပြီး တဏှာစိတ်တွေပွားကာ ချလာကိုအပိုင်သိမ်းဖို့ ကြံပါတော့တယ်အဲ့တော့ ချလာ့အဖေ့ကိုအရက်မူးအောင်တိုက်ပြီး ငွေငါးသန်းကိုအလွဲသုံးစားလုပ်တယ်ဆိုတဲ့ချက်လက်မှတ်ကို ထိုးခိုင်းလိုက်တယ်蠟


ချလာကလည်း မတရားအကြွေးတင်ခံရတဲ့အဖေ့ကိုကူညီဖို့ ရှေ့နေခွန်သူလာကို အကြံတောင်းပါတော့တယ် ခွန်သူလာလည်းတတ်နိုင်သလောက်ကူညီပေမယ့် ချလာတို့မိသားစုက ငွေတွေကိုမလျော်နိုင်တော့ ယုတ်မာစဉ်းလဲတဲ့ သူဌေးက ချလာကိုသူ့ရည်ရွယ်ချက်အတိုင်း သူ့မယားငယ်လုပ်ခိုင်းပြီး အပိုင်သ်ိမ်းခေါ်သွားပါတော့တယ်


သူဌေးက ချလာ့ကိုရိုက်နှက်ချင်ရိုက် အဓမ္မကျင့်ချင်ကျင့် မစာမနာနှိပ်စက်ပါတော့တယ်ချလာလည်း တစ်နေ့ကျ သူဌေးကိုလက်စားချေမယ်လို့ စိတ်ထဲကြုံးဝါးထားပါတယ်တစ်နေ့ကျ ချလာလည်း ခွန်သူလာနဲ့အမှတ်မထင် ပြန်ဆုံမိသွားတယ်


တစ်နေ့တော့ ချလာဟာ အလှမယ်ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်ရင်း အာဏာကြီးတဲ့ သခင်ကြီးကရစ်စနနဲ့ဆုံခွင့်ရရင်း သခင်ကြီးရဲ့မယားငယ်အဖြစ် လက်ခံရင်းသူဌေးကို လက်စားချေပါတော့တယ်☹️ဒါပေမယ့် သခင်ကြီးရဲ့ကိုယ်ပိုင်ရှေ့နေက ခွန်သူလာဖြစ်နေတော့ အရင်ကတည်းက တစ်ယောက်ကို တစ်ယောက် ခံစားချက်ရှိနေကြတဲ့ ချလာနဲ့ခွန်သူလာတို့ ဆုံမိပြန်တယ်梁


ချလာကရော သူဌေးကို အဆုံးစွန်ထိ လက်စားချေနိုင်မှာလား အာဏာကြီးသူပီပီ သခင်ကြီးကရစ်စနမှာ မယားငယ်တွေများတော့ မယားအချင်းချင်းကြား အရှုပ်တွေပေါ်ပြီး ချလာ့ကို ဘယ်လိုအကောက်ကြံကြအုံးမလဲ


ဘဝတစ်လျှောက် မယားငယ်ဖြစ်နေရတဲ့ ချလာကရော မယားငယ်ဘဝကနေ ရုန်းထွက်နိုင်ပါ့မလား ချစ်တဲ့ခွန်သူလာနဲ့ရော ပေါင်းဖက်နိုင်ပါ့မလား廊

ခပ်ကြမ်းကြမ်း ပါးရိုက်နားရိုက်နဲ့ဆိုတော့ ကြည့်ရှုအားပေးလိုက်ကြရအောင်နော်殺殺朗


Quality - 1080p FHD

Total Eps- 22

Translator - Yamone

Encoder - HLO

Link- Gdrive


ဒေါင်းရန် 

အပိုင်း(၁)

အပိုင်း(၂)

အပိုင်း(၃)

အပိုင်း(၄)

အပိုင်း(၅)

အပိုင်း(၆)

အပိုင်း(၇)

အပိုင်း(၈)

အပိုင်း(၉)

အပိုင်း(၁၀)

အပိုင်း(၁၁)

အပိုင်း(၁၂)

အပိုင်း(၁၃)

အပိုင်း(၁၄)

အပိုင်း(၁၅)

အပိုင်း(၁၆)

အပိုင်း(၁၇)

အပိုင်း(၁၈)

အပိုင်း(၁၉)

အပိုင်း(၂၀)

အပိုင်း(၂၁)

အပိုင်း(၂၂) ဇာတ်သိမ်းပိုင်း

FIV Entertainment Channel မှ တင်ဆက်သည်         


  


Saturday 14 November 2020

ဘဝဆက်ဆက်ထုံးဖွဲ့မယ့် ချစ်ခြင်း

 




 ဖလမ်ဖ /အူထိုင်ယိုထင်/ထိုင်ရဝေ အဖြစ် James Jirayu

ဆီတန် /ဒွန်ခဲ /ဆက်စီနာ အဖြစ် Taew Natapohn

ပါမောက္ခ အဒွန် /ဖီးဘန် /Thao Waan အဖြစ် poh Nattawut

 ပတ်ဘွန် /ဘွန်လွန် /သင်စရီအဖြစ် Boom Suphaphorn

ဖလမ်ဖဆိုတဲ့ကောင်လေးဟာငယ်စဥ်ကတည်းက သူ့ရဲ့အတိတ်ဘဝနှစ်ဘဝကိုထူးထူးဆန်းဆန်းမှတ်မိနေခဲ့ပါတယ်

အတိတ်ဘဝဆိုတာကတော့  ခရစ်နှစ် 957ခုနှစ်နဲ့ 1857ခုနှစ်ကဘဝတွေပါ

ဒီလိုမျိုးအတိတ်ဘဝတွေကိုမှတ်မိနေတဲ့ ဖလမ်ဖ လေးအတွက် မိဘတွေကစိတ်မကောင်းဖြစ်ကြပါတယ်
အဲ့ဒါကြောင့်အတိတ်ကိုသတိရနေတဲ့ဝေဒနာကိုကုသဖို့  အမေရိကကိုထွက်သွားခဲ့ကြပါတယ် 

အမေရိကကိုမထွက်ခင်ထိုင်းမှာတက်နေတဲ့ကျောင်းမှာပဲ ပတ်ဘွန် ဆိုတဲ့ကောင်မလေးကိုသဘောကျမိနေတာပါ (ကလေးချစ်လေးပေါ့)
ဖလမ်ဖတစ်ယောက်အမေရိကကိုထွက်သွားပြီး ဆေးကုသမှုခံယူခဲ့ပါတယ်
တကယ်လည်းပဲ အတိတ်ဘဝတွေကိုမေ့သွားပြီး သူမေ့သွားတဲ့ထဲမှာ ပတ်ဘွန်ဆိုတဲ့ကောင်မလေးလည်းပါသွားပါတယ် 

ဆေးကုသခြင်းရဲ့ဘေးထွက်ဆိုးကျိုးကတော့ ဖလမ်ဟာ အိပ်မက်မမက်တဲ့လူသားဖြစ်လာခဲ့ပါတော့တယ်

အမေရိကမှာနေပြီး နှစ်(20)အကြာမှာ ဖလမ် ရဲ့အဖေ ကားအက်ဆီးဒန့်နဲ့သေဆုံးပြီးနောက် ဖလမ်တို့သားအမိလည်း တိုင်ပင်ပြီး ထိုင်းကိုပြန်လာကြပါတယ်
 
ထိုင်းကိုရောက်တဲ့အခါ သတင်းထောက် အလုပ်ကို channel 6 လုပ်ကိုင်ခဲ့ပါတယ် အခြေအနေအရပ်ရပ်ကြောင့် နူးညံ့တဲ့ကောင်လေးဘဝကနေ ဒေါသကြီးတဲ့သူတစ်ယောက်အဖြစ်ပြောင်းလဲသွားပါတယ်

ဆီတန်ဟာနာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ့သမီးဖြစ်ပြီးတက္ကသိုလ်ပါမောက္ခတစ်ဦးလည်းဖြစ်ပါတယ်
 ထူးထူးခြားခြားသူမမှာလည်းအတိတ်ဘဝနှစ်ဘဝကိုမှတ်မိနေတဲ့စွမ်းအင်ပါလာခဲ့ပါတယ်

မတော်တဆ ကိစ္စတစ်ခုကြောင့် ငယ်ရွယ်တဲ့ ရှေးဟောင်းသုတေသန ပါမောက္ခ ဆီတန်နဲ့ တွေ့ဆုံရဖို့ ဖန်လာခဲ့ပါတယ် တွေ့ဆုံရပြီးနောက်ပိုင်းကစပြီး ဖလမ်ဖဟာ တဖန် အတိတ်ကဘ၀တွေကို ပြန်မြင်လာခဲ့ရပြန်ပါတယ်

ဖလမ်ဖက သေချာသွားခဲ့တာ တစ်ခုကတော့ ဆီတန်ကသာ သူရဲ့ လက်တွဲဖေါ်တယောက်ဆိုတာကိုပါ
ဘာကြောင့်ဆိုတော့ သူတို့ ၂ယောက်ဟာ ဘ၀ပေါင်းများစွာ အတူလက်တွဲအတူနေထိုင်ခဲ့ကြသူမို့ပါ

ဒါပေမယ့်လည်း မကောင်းဆိုးဝါးတွေက သူတို့ နောက်ကို ဒီဘ၀ထိ ၀င်ရောက်နှောင့်ယှက်ပြီး ဖလမ်ဖ နဲ့ ဆီတန်တို့ကို ကွဲအောင် ဘယ်လိုတွေ နှောင့်ယှက်ဦးမလဲ ဆိုတာကတော့  
❤️ဘ၀အဆက်ဆက်ထုံးဖွဲ့မယ့်ချစ်ခြင်း❤️ကား မှာ ဆက်လက်ရှု့စားကြပါစို့
 
Director က Fuse kittisak
 စာရေးဆရာက Aek likit Fuse 
directorကတော့ ဇာတ်လမ်း ၃ ခု ကို တစ်ခုထဲ ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါတယ်
 
၃ ကားမြောက် James Jirayu and taewကားပါ
အညွှန်းကို Taewchannel2မှ ရေးပေးထားပါတယ်ရှင့်

Taew Nataphon Myanmar Fc နှင့် FIV ပူးပေါင်းတင်ဆက်သည်

Translated by Kyi Nue Zin & Thiri Thet Tin
Encoded by Kyi Nue Zin

Download link



Episode 3












"ဆုတောင်းခြင်းရဲ့စွမ်းအား"

 


"ဆုတောင်းခြင်းရဲ့စွမ်းအား"


Casts - 

ဝါရဒါ (နတ်ထမွန်) အဖြစ် Mew Nittha

ကရစ် အဖြစ် Tik


ဇာတ်လမ်းအကျဉ်း


  ဝါရဒါဟာ သူဌေးကြီးတစ်ယောက်ရဲ့ ရိုးသားပြီး အားနွဲ့တဲ့ သမီးလေးတစ်ယောက်

  သူဌေးကြီးက နောက်မှတွေ့တဲ့သူကို တရားဝင်မိန်းမအနေနဲ့ယူထားခဲ့လို့ မိခင်ဖြစ်သူက ပထမဇနီးဖြစ်ပေမယ့် တရားဝင်ဇနီးမဖြစ်ခဲ့ရှာဘူး

 ဝါရဒါမှာ ဝါရဒါ့ရဲ့ ချစ်သူ ကရစ်ကို လိုချင်တာကြောင့် မုန်းနေတဲ့ အဖေတူ အမေကွဲ ညီမတစ်ယောက်ရှိခဲ့တယ်


တစ်ရက် ကရစ် ချိန်းဆိုမှုကြောင့် ဝါရဒါထွက်လာတွေ့တုန်း ဘယ်သူရိုက်မှန်းမသိတဲ့ ခေါင်းကို ရိုက်ခံရချက်ကြောင့် သတိလစ်သွားခဲ့တယ်

ပြန်လည်သတိရလာချိန်မှာတော့ ကရစ်နဲ့ သူမသာသိတဲ့ လျှို့ဝှက်မြေအောက်ခန်းထဲမှာ ရောက်နေခဲ့ပြီ

ဝါရဒါတစ်ယောက် ချစ်သူကရစ်က သတ်ခဲ့တာဆိုတဲ့ စိတ်နဲ့ ချမ်းအေးတဲ့ဒဏ် ဆာလောင်တဲ့ဒဏ်တွေကြောင့် သေဆုံးခဲ့ရတယ်


ဝါရဒါမသေခင် ပြန်လည်မွေးဖွားလာရင် သူမကို နာကျင်စေခဲ့သူတွေကို ပြန်လည်လက်စားချေနိုင်မယ့် စွမ်းအားများရရှိပါစေလို့ ဆုတောင်းခဲ့တယ်

​ဒီဆုတောင်းတွေကြောင့် ဝါရဒါတစ်ယောက် သဘာဝလွန်စွမ်းအားတွေနဲ့ နတ်ထမွန်အဖြစ် ပြန်လည်မွေးဖွားလာခဲ့တယ်


နတ်ထမွန်ကြီးပြင်းလာတဲ့အခါ သူမ မက်​နေတဲ့အိပ်မက်ဆိုးတွေက ဘာလဲဆိုတာ လိုက်ရှာရင်း လက်စားချေနိုင်ဖို့ ​ကြိုးစားပါတော့တယ်


နတ်ထမွန်တစ်ယောက် ကရစ်ကို တွေ့ချိန်မှာ သူမကို သေစေခဲ့သူဆိုပြီး လက်စားချေနိုင်ဖို့ကြိုးစားပေမယ့်

ကရစ်ကတော့ ဝါရဒါဆုံးပါးကတည်းက တကိုယ်တည်းနေခဲ့ပြီး ချစ်ရသူမိန်းကလေးပြန်လာတာကို ပျော်ရွှင်နေခဲ့ပါတယ် ( အသက်ကတော့ ၂၀လောက်ကွာပါပြီ ဦးနဲ့သမီးပေါ့🤣)


လွန်ခဲ့တဲ့ နှစ်၂၀က ဝါရဒါသေဆုံးမှုက တကယ်ပဲ ကရစ်လက်ချက်လား ဘယ်သူတွေ ပါဝင်ပတ်သတ်နေဦးမလဲ

ကရစ်ကရော ချစ်ခဲ့သူမိန်းကလေး သူ့ကိုတဖန်ပြန်ချစ်လာအောင် လုပ်နိုင်မလား

အချစ်နဲ့သဘာဝလွန်ဖြစ်ရပ်တွေ စုပေါင်းထားတဲ့ "ဆုတောင်းခြင်းရဲ့စွမ်းအား" ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်ရှင် ❤

Thai Series and Trailers နှင့် FIV ပူးပေါင်းတင်ဆက်သည်

Translated by DRA team

Encoded by Kyi Nue Zin

Download link

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11 final



Friday 13 November 2020

နှလုံးသားနှင့်အတူ

 

ယခု FIV နှင့် About The Thai Cele တို့

တင်ဆက်ပြသသွားမည့် ဇာတ်ကားလေးက အရမ်းကိုပဲ Ro ပြီး

လျှို ့ဝှက်မှုတွေပါဝင်မည့် ချစ်စရာအမြွှာလေး နှစ်ယောက်ကို

အခြေပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်❤


Cast

...........

စီနာ/စီရီယာ (နှစ်ကိုယ်ခွဲ) အဖြစ် Bua Nalinthip


အာသီရတ် အဖြစ် Pop Thagoon


ကရစ် အဖြစ် Judo Tantachj


တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်❤✨


ဇာတ်လမ်းအညွှန်း❤👇


စီနာ နဲ့ စီရီယာ တို့အမြွှာညီမ နှစ်ယောက်က လူတွေဘယ်သူ့မှ

ခွဲမရအောင်တူတဲ့ အမြွှာညီမတွေပါ စီရီယာကအစ်မ ဖြစ်ပြီး 

စီနာကတော့ အငယ်ဖြစ်ပါတယ်👭


အမြွှာထဲကအကြီးဖြစ်တဲ့စီရီယာက စူထာရတ်အိမ်ရဲ ့တရားဝင်သား 

အကြီးဆုံး ခွန်ဖီးပေါ့စ် ဆိုတဲ့ လူနဲ့ ချစ်ကြိုက်ပြီးလက်ထပ်ခဲ့တယ် သားလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ် 


ဒါပေမယ့် ခွန်ဖီးပေါ့စ်ဆိုတဲ့သူမှာ နတ်စ်တရာဆိုတဲ့ တရားဝင်ဇနီး

တစ်ယောက်ရှိတယ် (ဒါကြောင့် စီရီယာက ခွန်ဖီးပေါ့စ် မယားငယ်

တစ်ယောက်ဖြစ်သွားတာပေါ့😱)


တစ်နေ့ ခွန်ဖီးပေါ့စ်ဆိုတဲ့သူဟာ ခရီးတစ်ခုကနေ ပြန်လာရင်း

ကားမတော်တဆဖြစ်ပြီးဆုံးသွားခဲ့တယ်


အဲ့ဒီနောက် ခွန်ဖီးပေါ့စ်သေဆုံးတော့ ခွန်ဖီးပေါ့စ်မသေခင်က

ရေးခဲ့တဲ့သေတမ်းစာကို ဖတ်ကြတာပေါ့ သေတမ်းစာမှာ အိမ်တစ်ဝက်နဲ့ပိုင်ဆိုင်မှုအချို့ကို မယားငယ်ဖြစ်တဲ့ စီရီယာ နဲ့သားလေးကို 

ပေးခဲ့တယ်😱


ပြီးတော့ ခွန်ဖီးပေါ့ရဲ ့ညီဖြစ်သူ အာသီရတ် နဲ့ စီရီယာ တစ်နှစ်တိတိ 

လက်ထပ်ပြီး စူထာရတ်အိမ်မှာ နေရမယ်လို့လည်း သေတမ်းစာထဲမှာ

ရေးသားခဲ့တယ် ဒါကြောင့် စီရီယာဟာ စူထာရတ်အိမ်မှာ နေဖို့

အကြောင်းဖန် လာပါတော့တယ်❤


ဒါပေမယ့် စီရီယာဟာ ခွန်ဖီးပေါ့စ် မဆုံးခင်က လူသတ်သမားတစ်ချို ့

သေနတ်ပစ်မှုကြောင့် အောက်ပိုင်းသေနေတဲ့ လူတစ်ယောက်လို

ဖြစ်နေရတယ်


ဒါကြောင့်အငယ်ဖြစ်တဲ့ စီနာက သူ့အစ်မကိုလုပ်တဲ့တရားခံကို

သိချင်တာကြောင့်ရယ် ပြန်လက်တုန့်ပြန်ချင်တာကြောင့် သူအစ်မနဲ့

လူချင်းချိန်းပြီး အောက်ပိုင်းသေသူအဖြစ် စူထာရတ်အိမ်ကို 

စီရီယာအဖြစ်ရောက်လာခဲ့တယ် 


(သို့ပေမယ့်လည်း စီရီယာအယောင်ဆောင်ထားတဲ့ စီနာ နဲ့ အာသီရတ်က ကိစ္စတစ်ခုဖြစ်ရင်း ဆုံဖူးခဲ့တယ် ဒါမလို့ အာသီရတ်က စီရီယာ

အောက်ပိုင်းမသေဘူးဆိုပြီး သိနေခဲ့တယ်😱 )


ဒါကြောင့်အာသီရတ်က စီရီယာကအောက်ပိုင်းမသေကြောင်း 

ဖော်ထုတ်တာပေါ့ စီနာကလည်း စူထာရတ်အိမ်က လူတွေက

သူ့အစ်မကို ဘယ်သူလုပ်တာလဲဆိုပြီးဖော်ထုတ်တာပေါ့


အဲ့လိုဖော်ထုတ်ရင်း စီနာ နဲ့ အာသီရတ်က တစ်ယောက်ကို

တစ်ယောက် မယုံကြည်ရင်း စုံစမ်းရာကနေ အမြဲလိုလိုကို

ရန်ဖြစ်ကြတာပေါ့😐


အဲ့ဒီလိုတစ်ကျိတ်ကျိတ် ရန်ဖြစ်ရင်း စီနာနဲ့ အာသီရတ်

ဘယ်လောက်ထိ Ro ပြီး ချစ်ကြိုက်သွားကြမလဲ🙈


ပြီးတော့ စီနာကရော အစ်မကိုလုပ်တဲ့တရားခံကို ဘယ်လို

ဖော်ထုတ်ပြီး တရားခံရှိတဲ့ စူထာရတ်အိမ်မှာ ဘယ်လိုနေထိုင်

သွားကြမလဲ?🤔


အာသီရတ်ကရော စီနာကို အောက်ပိုင်းမသေဘူးဆိုတာ 

ဖော်ထုတ်နိုင်မလား🤔 


လူသတ်သမားကရော စီရီယာအယောင်ဆောင်တဲ့ စီနာကို 

ဘယ်လိုဒုက္ခတွေထပ်ပေးမလဲ🤔


ဆိုတာ အချစ် အမုန်း လျှို့ဝှက်မှုတွေနဲ့စုံစမ်းဖော်ထုတ်မှုတွေပါတဲ့

ဇတ်လမ်းကောင်းလေးထဲ စောင့်ကြည့်လိုက်ကြရအောင်လားရှင်❤

လက်မလွှတ်တမ်း ကြည့်ဖြစ်အောင်ကြည့်လိုက်နော်🙆


Translated by Iang Sittha 

Encoded by Kyi Nue Zin


Download link

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6


Thursday 5 November 2020

"တော်ဝင်မီး🔥"


"တော်ဝင်မီး" ဇာတ်လမ်းတွဲက ၂၀၁၇ ခုနှစ်ကထုတ်လွှင့်ပြသခဲပြီး rating 9.037 နဲ့ အပိုင်းအားလုံးအတွက် nationwide rating 6.626 ရရှိခဲ့တဲ့ကားဖြစ်ပါတယ်


၂၀၁၇ ခုနှစ်မှာဆို တော်ဝင်မီးက ထိုင်းတွေရဲ့ရှာဖွေမှု အများဆုံး နံပတ်လေး နေရာမှာ ချိတ်ခဲ့ပြီး ဇာတ်လမ်းတွဲအနေနဲ့ဆို နံပတ် ၂ ချိတ်ခဲ့ပါတယ်❤️

ဆုတွေအနေနဲ့ ၈ဆုရခဲ့ပြီး စကာတင်ဝင်တာနဲ့ပေါင်းရင် ၁၂ဆု ရှိခဲ့ပါတယ်❤️

1996 version ကို ပြန်လည် ရိုက်ကူးခဲ့တာဖြစ်ပြီး အရင် verကိုတော့ လွန်ခဲ့တဲ့ ၅-၆နှစ်က MWD မှာ "တစ်ခါက နှစ်ဘဝ"အမည်နဲ့ ပြသခဲ့ပါတယ်❤️

ဒီတော့ ဒီလိုနာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတွဲကို ပရိသတ်များကြည့်ရှုနိုင်ဖို့ အက်မင်တို့က တင်ဆက်ပေးလိုက်ပါတယ်❤️


Casts 


မင်းသမီး အနန်ထိ အဖြစ် Aum Patcharapa

မင်းသမီး/ မိဖုရားလောင်း စေဂရဒေဝီ အဖြစ် Chiranan Manochaem

မင်းခွန်းမင်း အဖြစ် Kelly Tanapat

မင်းသမီးသောနွယ် အဖြစ် Chawallakorn Wanthanapisitkul

အရှင်စန်ဖောင်းငန်း အဖြစ် Chamaiporm Jaturaput

မင်းသား မန်ဖအဖြစ် Tonont Wongboon

မင်းသမီး ပင်နမ်နီးအဖြစ် Tussaneeya Karnsomnuch


ဇာတ်လမ်းအကျဉ်း

"ထိ" တိုင်းပြည်ကြီးရဲ့ မာနကြီးပြီး ရာဇမာန်အပြည့်ရှိတဲ့ တော်ဝင်သွေး "အနန်ထိ" မင်းသမီးတစ်ယောက် ခမည်းတော်ဖြစ်သူ "ပိသုလာ" နန်းချခံရလိုက်ရတဲ့အခါ....


တချိန်က အနန်ထိ ခြေဖဝါးအောက် ပြားပြားမှောက်ခဲ့ရတဲ့သူတစ်ချို့က ခေါင်းပေါ်တက်နင်းဖို့ကြိုးစားတာပါ ခံလိုက်ရတဲ့အခါ....


ရာဇမာန်ပြင်းတဲ့ အနန်ထိ တစ်ယောက် ချစ်ရသူ မင်းသား မင်းခွန်းကို နန်းတင်ပြီး ထီးနန်းဆက်ကို ပြန်ပြောင်းပစ်ဖို့ ကြိုးစားခဲ့ပါတယ်

နန်းဆက်ပြောင်းနိုင်ပေမယ့် ထုံးတမ်းအရ ချစ်သူမင်းခွန်းနဲ့ တူယှဉ်တွဲ နန်းတက်ရမယ့် မိဖုရားကြီးက ထိဖြစ်မနေပဲ စေဂရဒေဝီဖြစ်လာရတဲ့အခါ....

စေဂရဒေဝီ ,အနန်ထိ နဲ့ မင်းခွန်းမင်ူးရဲ့မိဖုရားငယ်တွေ မွေးဖွားလာခဲ့တဲ့ သားတော်သမီးတော်တွေကြား ပြိုင်ဆိုင်မှုတွေ ကြီးထွားလာခဲ့တဲ့နောက်..

အားလုံးကို အနိုင်ယူချင်ခဲ့တဲ့ ရာဇအာဏာပြင်းတဲ့ အနန်ထိတစ်ယောက်ရဲ့ ရန်ငြိုးမီးတွေက ဘာတွေကို တောက်လောင်သွားစေမလဲဆိုတာ " တော်ဝင်မီး🔥" ဇာတ်လမ်းတွဲမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ❤️


Translated by Mei Fang

Encoded by Kyi Nue Zin

Fiv Entertainment မှ တင်ဆက်သည်


Download link

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Episode 12

Episode 13

Episode 14

Episode 15

Episode 16

Episode 17

Episode 18

Episode 19

Episode 20

Episode 21

Episode 22

Episode 23

Episode 24

Episode 25

Episode 26