Friday 29 January 2021

Vampire Detective

Vampire Detective

****************************


အခုတစ်ခါ FIV ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ IMDb rating 6.7/10 နဲ့ My drama List 7/10 သွေးစုပ်ဖုတ်ကောင် စုံထောက်ကားလေး ​"Vampire Detective " ပဲ ဖြစ်ပါတယ်။ 


ယွန်ဆန် ၊ ဂန်ထယ်ဝူး နဲ့ ဂျန်ရီဂျင်း တို့ဟာ အမှုလိုက်သူငယ်ချင်း သုံးယောက်ဖြစ်ကြပြီး တစ်နေ့သောအခါတွင်  အမှုတစ်ခုကိုလိုက်ရင်း ယွန်ဆန် သွေးစုပ်ဖုတ်ကောင်ဖြစ်သွားခဲ့သည်။  သူငယ်ချင်းနှစ်ယောက်သည်လည်း ထူးဆန်းသောအမှုတစ်ခု နောက်ကွယ် ဇစ်မြစ်ကိုစုံစမ်းရင်း ကားပေါက်ကွဲမှုတွင်သေဆုံးသွားခဲ့သည်။ 


ယွန်ဆန်တစ်ယောက် အမှုများကို လိုက်လံစုံစမ်းရင်း မိမိသိချင်နေခဲ့သော မေးခွန်းများ၏အဖြေများ ဘယ်လို ရှာတွေ့လာမလဲ...


သာမန်လူများထက်သာလွန်သော သွေးစုပ်ကောင်တစ်ဦး အဖြစ် ထက်မြက်လှသော စုံထောက်အနေဖြင့် ဘယ်လိုဖော်ထုတ်မလဲ...


အစ်ကို၏ထူးဆန် မှုကြောင့် သံသယဝင်နေသော ဟန်ဂျောင်ဝူး...

ယွန်ဆန်နဲ့ ဘယ်လို တွဲဖက်ဖြစ်လာမလဲ...


ယွမ်ဆန်နဲ့ အတူတူနေနေသော စီနီယာ စုံထောက်...


သုံးယောက်ပေါင်းမိပြီး အချိတ်အဆက်မိမိ အမှုများကို စိတ်လှုပ်ရှားဖွယ် ဖြေရှင်းပုံများ ကို ကြည့်ရှုရမှာကြောင့် အခုပဲ လက်မနှေးဘဲ ကြည့်လိုက်ကြရအောင်လား









Episode-1

Episode-2

Episode-3

Episode-4

Episode-5

Episode-6

Episode-7





Wednesday 27 January 2021

"ဆံနွယ်ရှင်ရဲ့ကျိန်စာ👻❣"

 



"ဆံနွယ်ရှင်ရဲ့ကျိန်စာ"

ဇာတ်လမ်းအကျဉ်း

.....................

Kawin အဖြစ် Masu  


Mintra အဖြစ် Preem Ranida


Gaysinee အဖြစ် Namtarn


Nisa အဖြစ်  Tungsupakul တို့ကအဓိကပါဝင်သရုပ်ဆောင်

ထားကြပါတယ်။


❤Mintra  (Preem) , Gaysinee (Namtarn) နဲ့

Nisa (Tungsupakul)  တို့က ညီအစ္မေတြပါ။


Mintra နဲ့ Nisa ကတော့ညီအစ်မအရင်းတွေဖြစ်ပြီး Gaysinee

ကတော့ သူမမိဘတွေမရှိတော့တာကြောင့် ငယ်ငယ်လေးကတည်းက

Mintra တို့ရဲ့မိဘတွေက မွေးစားခဲ့ပါတယ် ။မွေးစားသမီးပေါ့။


 ❤ Gaysinee က သူမရဲ့ပိုးသားလိုနူးညံ့ပြီးလှပတဲ့ ဆံကေသာ

အလှကြောင့် သူမက ခေါင်းလျှော်ရည်ကြော်ညာရတဲ့ နာမည်ကြီး

မော်ဒယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။


(သူမကနာမည်ကြီးတာနဲ့အမျှ သူ့အပေါ်မနာလိုတဲ့ သူလည်းရှိနေခဲ့

တာပေါ့) 


❤ Kawin (Masu ) ဟာ သူ့အဖေဆုံးပါးပြီးသွားတဲ့နောက် သူ့အဖေရဲ့ ဆံပင်တုထုတ်လုပ်တဲ့စက်ရုံလုပ်ငန်းကို လွဲပြောင်းယူဖို့

နိုင်ငံခြားကနေထိုင်းကို ပြန်ရောက်လာခဲ့ပါတယ်။

  

တစ်နေ့မှာKawin ဟာ အလှပြင်ဆိုင်ပိုင်ရှင်တစ်ယောက်နဲ့တွေ့တော့ အဲ့ဆိုင်ရှင်ရဲ့မိတ်ဆက်ပေးမှုကနေတစ်ဆင့် Kawin နဲ့ Gaysinee တို့သိကျွမ်းခဲ့ပါတယ်။


  Kawin က ဆံနွယ်ကိုရောင်းပေးဖို့ Gaysinee ကိုတောင်းဆို

ခဲ့ပေမယ့် သူမက ငြင်းဆန်ခဲ့ပါတယ်။


❤ နောက်တော့ Kawin နဲ့ Gaysinee တို့ချစ်ကြိုက်မိသွားပြီး

သူတို့နှစ်ယောက်ရဲ့ချစ်သူဘဝဟာ အရမ်းကိုပျော်ရွှင်ခဲ့ကြတာပေါ့။


   ဒါပေမယ့်လည်းကံဆိုးစွာနဲ့ Gaysinee ဟာ သူမရဲ့ကွန်ဒို

တိုက်ခန်းကနေတစ်ဆင့် ခုန်ချပြီး သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့တယ်။

(တကယ်တော့ လူသတ်မှုပါ...အများထင်တာက ကိုယ့်ကိုယ်ကို

သတ်သေတာပေါ့ )


❤ အဲ့တော့ Mintra(Preem) က Kawin ဟာ Gaysinee ကိုသတ်တာ

လို့စွပ်စွဲခဲ့တယ်။  Kawin ကလည်းသူမသတ်ကြောင်းပြောပေမယ့်

Mintra ကမယုံခဲ့ဘူး ။ Mintra က Kawin ကိုအရမ်းတွေမုန်း

နေခဲ့တာပေါ့။


အဲ့လိုတွေမုန်းနေတဲ့ကြားကနေ.........


သူတို့နှစ်ယောက်ကြား ချစ်ခြင်းမေတ္တာတွေကရော ဘယ်ကနေစတင်

ပေါ်ပေါက်လာကြမလဲ? 


နောက်ပိုင်း ဘယ်လိုတွေ Ro ကြမလဲ 🤔


❤ Gaysinee သေသွားတော့ သူတို့ရဲ့ညီမအငယ်ဆုံးလေး

Nisa က သူ့အစ်မရဲ့အမှတ်တရအနေနဲ့ ဆံပင်စတစ်ချို့ကိုယူပြီး

အိမ်မှာထားထားပါတော့တယ်။

 Gaysinee ဟာမကျွတ်မလွတ်ဘဲ သူ့ညီမရဲ့ ခန္ဓာထဲဝင်ပူးပါတော့

တယ်။ 

ဝင်ပူးပြီးတော့ သူမဘာတွေ ဆက်လုပ်မလဲ?


သူမသေရတဲ့အကြောင်းအရင်းမှန်ကို သူ့ညီမထဲ ဝင်ပူးပြီး ပြောပြ

မှာလား?


 Gaysinee ရဲ့ရုပ်အလောင်းထားထားချိန်မှာ လူတစ်စုက တိတ်

တဆိတ်ရောက်လာကြတယ်။ Gaysinee ရဲ့ဆံပင်ကိုဖြတ်ယူသွားပြီး

ဆံပင်တုလုပ်ခဲ့တယ်။


 အဲ့ဆံပင်တုကိုဝတ်ဆင်တဲ့သူတိုင်း ဒုက္ခနဲ့တွေ့ပြီး အသေဆိုးနဲ့သေပွဲ

ဝင်ကြရပါတယ်။


    အဲ့ဆံပင်တုဟာ ဘယ်သူတွေဆီ ဘယ်လိုပုံစံနဲ့ရောက်မလဲ?


    လူသတ်တရားခံအစစ်ကရော ဘယ်သူလဲ?


     Gaysinee ကရော   သူသေဆုံးရတာ ဘာကြောင့်လဲဆိုတာ

တခြားသူတွေသိအောင် ဘယ်လိုသက်သေပြမလဲ?


သူမရဲ့ အခဲမကျေခဲ့မှုတွေအတွက် ဘယ်လိုရက်စက်စွာနဲ့ 

လက်စားပြန်ချေမလဲ ဆိုတာ ရင်ခုန်စွာစောင့်ကြည့်ကြရမှာပါနော်🤗


(ဇာတ်လမ်းအကျဉ်းကို About The Thai Cele မှ ရေးသား

သည်)

Translated by Yoon Mie, Iang Sittha & Thinn Thinn Aye

Encoded by Kyi Nue Zin

About The Thai Cele နှင့် FIV ပူးပေါင်းတင်ဆက်သည်


Download link


Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Episode 12

Episode 13

Episode 14

Episode 15 end

Wednesday 20 January 2021

Oh My Ghost (2015)

"Oh My Ghost" (2015) မြန်မာစာတန်းထိုး

**********************************

ကိုရီးယားဇာတ်လမ်းတွဲ




(1080p Quality ဖြင့် တင်ဆက်ပေးထားပါတယ်)

နာဘုန်ဆွန်း (Park Bo-Young) ဟာ စားသောက်ဆိုင်မှာ စားဖိုမှူးအကူ အလုပ်လုပ်တဲ့ကောင်မလေးတစ်ယောက် သူမရဲ့အေးတိအေးစက် အပြုမူတွေနဲ့ ကိုယ့်ကိုယ်ကို အားငယ်တတ်တဲ့အကျင့်ကြောင့် သူမမှာ မိတ်ဆွေသူငယ်ချင်းနည်းပါးခဲ့သလို သူမမှာ ထူးခြားချက်တစ်ခုလည်းရှိနေခဲ့တယ် အဲ့ဒါကတော့ ငယ်ငယ်တည်းက သရဲတွေကို မြင်နေရတာပဲ အဲ့လိုနဲ့ တ‌စ်‌နေ့မှာ ရှင်ဆွန်းအယ်ဆိုတဲ့ စပ်စလူးသရဲမ ၀င်ပူးခံလိုက်ရတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ....ဇာတ်ကားထဲမှာ ဆက်ကြည့်လိုက်ရအောင်

Main Cast တွေကတော့
Park Bo-Young
Cho Jung-Seok
Lim Ju-Hwan
Kim Seul-Gi တို့အပြင်

True Beauty ထဲက ကျောင်းဆရာ
Mr.Queen ထဲက မယ်မယ်
Penthouse ထဲက အနှိပ်ခန်းအဒေါ်ကြီးတို့ ပါ၀င် သရုပ်ဆောင်ထားပါသေးတယ််

Total Episode - 16
Quality- Webdl 1080p FHD
File Size- Around 1.5GB

Download Link

Episode-1

Episode-2

Episode-3

Episode-4

Episode-5

Episode-6

Episode-7

Episode-8

Episode-9

Episode-10

Episode-11

Episode-12

Episode-13

Episode-14

Episode-15

Episode-16 END.

FIV Entertainment Channel မှ တင်ဆက်သည်                            


Thursday 7 January 2021

A Love So Beautiful (2017)

















A Love So Beautiful "မသိဘူး ချစ်တယ်" (2017) မြန်မာစာတန်းထိုး


ဒီဇာတ်လမ်းလေးကတော့ ကြည်နူးစရာကောင်းပြီးစိတ်ကစားတတ်တဲ့ ၁၆နှစ် ဆယ်ကျော်သက်အရွယ်အကြောင်းကိုရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ ကျန်းရှောင်ရှီ ဆိုတဲ့ချစ်စရာကောင်းတဲ့ကောင်မလေးကတော့ အမြဲ အပေါင်းလက္ခဏာဘက်မှာရှိနေပြီး သူမက ကျန်းချန်ဆိုတဲ့ ၁၆ နှစ်အရွယ်အရပ်ခပ်မြင့်မြင့် ထက်မြက်တဲ့ကောင်လေးတစ်ယောက်နေထိုင်တဲ့့ တိုက်တန်းလျားတစ်ခုတည်းမှာ နေထိုင်ကြပါတယ်။


ကျန်းရှောင်ရှီ ကတော့ သူ Crushတဲ့ ကျန်းချန်ရဲ့ အနီးနားမှာနေရဖို့အမြဲတမ်းကြိုးစားတဲ့ကောင်မလေးတစ်ယောက်ပါ။


ဒီဇာတ်လမ်းလေးကတော့ လူငယ်သဘာ၀တို့ရဲ့ကြည်နူးဖွယ်ရာဇာတ်လမ်းတစ်ခုပေမယ့် သူတို့ ၂ ဦးဝေးကွာသွားရပြီး နောက်ဆုံးမှာပြန်လည်ဆုံတွေ့ကြတဲ့အခါ သူတို့ရဲ့အချစ်တွေ ဘယ်လိုဆက်လက်ရှင်သန်ပေါင်းစပ်နိုင်မလဲဆိုတာကိုတော့ "မသိဘူး ချစ်တယ်" ဇာတ်လမ်းတွဲမှာစောင့်မျှော်ကြည့်ရှူအားပေးကြပါစို့လား FIV ပရိသတ်တို့ရေ...


Total Episode- 23+Special 1Ep

Quality - Webdl 1080p FHD

File Size - Around 1GB

Download Link

Episode-1

Episode-2

Episode-3

Episode-4

Episode-5

Episode-6

Episode-7

Episode-8

Episode-9

Episode-10

Episode-11

Episode-12

Episode-13

Episode-14

Episode-15

Episode-16

Episode-17

Episode-18

Episode-19

Episode-20

Episode-21

Episode-22

Episode-23 Final

>>Special Episode<<

FIV Entertainment Channel မှ တင်ဆက်သည်      


      


  


Wednesday 6 January 2021

First Kiss (2012) မြန်မာစာတန်းထိုး







First  Kiss   (movie)

*+*+*+*++*


အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ အသက်အရွယ်ချင်းမတူညီတဲ့

ရုံးဝန်ထမ်းမိန်းကလေးတစ်ယောက်နဲ့ဆယ်တန်းကျောင်းသားလေးတစ်ယောက်ရဲ့

ဆူဆူပွက်ပွက်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။


ဇာတ်လမ်းအကျဉ်း

+=+=+=+=+


"ချနစ်ဇာ" ဆိုတဲ့ရုံးဝန်ထမ်းအမျိုးသမီးတစ်ယောက်ဟာ ဘယ်သောအခါမှ ယောက်ျားတစ်ယောက်ကို

ချစ်ဖို့ဆိုတာလွယ်လွယ်ကူကူဆုံးဖြတ်ချက်မချနိုင်တဲ့သူတစ်ယောက်ပါ။ အဲ့လို ချစ်ဖို့တွေဝေနေရတာကလည်း

အကြောင်းတော့ရှိပါတယ်။ 


အဲ့တာကတော့ သူအလယ်တန်းမှအထက်တန်းကျောင်းသူဖြစ်တဲ့ထိ သူ့မှာ တစ်ဖက်သတ်

ချစ်ရတဲ့ "ဖိအုံး" ဆိုတဲ့ စီနီယာအကိုကြီးတစ်ယောက်ရှိခဲ့ဖူးပါတယ်။ဒါပေမယ့် သူ့ကြိတ်ပြီးချစ်ရတဲ့ စီနီယာအကိုကြီးက

"ဖိဖန်" ဆိုတဲ့စီနီယာအမကြီးနဲ့ ချစ်သူရည်းစားဖြစ်သွားတော့ သူဖွင့်ပြောဖို့ အချိန်မမှီဘူးဖြစ်သွားခဲ့ရတာပေါ့။

အဲ့ကတည်းကစပြီး သူမ "ဖိအုံး" ကိုမမေ့နိုင်တာခုထိဖြစ်နေတာပဲဆိုပါတော့...


တစ်နေ့မှာ ကံကြမ္မာကပဲ မျက်နှာသာပေးလို့များလား "ဖိအုံး" နဲ့ပြန်လည်ဆုံတွေ့ရချိန်မှာ -

"ဖိအွမ်" က "ဇာ" နဲ့ပြန်တွေ့ရလို့ အရမ်းဝမ်းသာတာပဲလို့ပြောလိုက်တဲ့ချိန်မှာ...

"ချနစ်ဇာ" တစ်ယောက် အတွေးကမ္ဘာထဲအပျော်လွန်ပြီးနစ်မြောသွားကာ...

ငါ့ရဲ့ ပထမဆုံးအချစ်ပြန်လာပြီ ပထဆုံးအနမ်းငါပြန်ရတော့မှာပဲဆိုတဲ့အတွေးနဲ့ဖြစ်နေစဉ်မှာပဲ...

မိမိစီးနေတဲ့လိုင်းကားဘေးမှာ အခြားသောကားတစ်စီးက အက်စီးဒန့်ကြောင့် "ဇာ" တစ်ယောက်

လှမ်းကြည့်လိုက်ပြီး မျက်နှာပြန်အလှည့် ဆယ်တန်းကျောင်းသားတစ်ယောက်နဲ့နှုတ်ခမ်းချင်းတေ့မိသွားတော့

အဲ့မှာတင် ပထမဆုံးအနမ်းဆိုတာ စီနီယာကိုကြီးနဲ့မဟုတ်ပဲ ဆယ်တန်းကျောင်းသားက အနမ်းဦးစွာချွေသွားသလိုဖြစ်

သွားပါတော့တယ်။


ဒါကတော့ ဆယ်တန်းကျောင်းသားတစ်ယောက်က အသက် ၂၆ နှစ်အရွယ်ရုံးဝန်ထမ်းမမဘဝထဲကိုခြေစုံပစ်ပြီးဝင်လာတဲ့

ပထမခြေလှမ်းအစဖြစ်စေတော့တာပေါ့...


ဒါပေမယ့် ဆယ်တန်းကျောင်းသားလေးက မမဇာ ဘဝထဲကို ဒီအတိုင်းဝင်လာတာတော့မဟုတ်ပဲ 

စီနီယာအကိုကြီးမှာရည်းစားရှိနေသေးကြောင်းဆိုတဲ့သတင်းဆိုးပါသယ်ယူလာခဲ့တာကြောင့်

မမဇာ နဲ့ ဆယ်တန်းကျောင်းသားလေးရဲ့အချစ်ဇာတ်လမ်းဟာ ဒီတိုင်းနဲ့ပြီးဆုံးသွားမှာလား ဒါမှမဟုတ်

ဖလန်းဖလန်းကိုထနေမလားဆိုတာကိုတော့... ဒီ Frist Kiss ဆိုတဲ့ ဇာတ်လမ်းအခုပဲလက်မလွတ်တမ်း ဒေါင်းလွတ်

ဆွဲပြီးကြည့်လိုက်တော့နော်... 

Quality - 1080p FHD

 Download Here 

FIV Entertainment Channel မှ တင်ဆက်သည်


Tuesday 5 January 2021

"ဖားမင်းသားလေးရဲ့ချစ်သူ"🐸❣

 


"ဖားမင်းသားလေးရဲ့ချစ်သူ" 🐸👑


Casts - Son & Vill ❤️


ဇာတ်လမ်းအကျဉ်းက.....


Lookpat(Vill) ဆိုတဲ့အရမ်းလှပတဲ့ရွာသူလေးတစ်ယောက်ရဲ့လုပ်ကြံဇာတ်လမ်းပါ. သူမဟာ သူမတို့ရွာကို အလည်အပတ်လာကြတဲ့ ဧည့်သည်တွေရဲ့ကဲ့ရဲ့စကားကြောင့် သူမတို့ရွာကိုဖားသရဲကစောင့်ရှောက်နေတယ်ဆိုတဲ့အကြောင်းဒဏ္ဍာရီပုံပြင်တစ်ခုကိုဖန်တီးခဲ့ပါတယ်. ထိုသတင်းဟာ အရမ်းကိုနာမည်ကြီးသွားခဲ့ပါတယ် 


တစ်နေ့မှာတော့ Kin (Son) ဆိုတဲ့ အေးဆေးတည်ငြိမ်ပီး စည်းကမ်းတင်းကျပ်တဲ့စီးပွားရေးသမားတစ်ယောက်ဟာ ဒီရွာမှာ အဆင့်မြင့်ဇိမ်ခံ အပန်းဖြေစခန်းဆောက်ဖို့ဆိုတဲါ လျှို့ဝှက်အကြံစည်နဲ့ ဒီရွာလေးကိုရောက်ခဲ့ပါတယ် 


ဖားမင်းသားချစ်သူ ဆိုတဲ့ဇာတ်လမ်းဟာလုပ်ကြံဇာတ်လမ်းဖြစ်မှန်သိသွားတော့ Kin က ခရီးသွားတွေကို ဒီရွာကိုမလာကြဖို့ပြောရင် Lookpatနဲ့ရန်သူတွေဖြစ်သွားကြပါတော့တယ်


မကြာခင်မှာပဲမတော်တဆဖြစ်ပြီး Kin ဟာ အတိတ်ကိုမေ့သွားပါတော့တယ်. အတိတ်မေ့တဲ့အချိန်မှာတော့ Kin ဟာ အရမ်းကြင်နာချစ်ခင်တတ်သောလူတစ်ယောက်အဖြစ်ပြောင်းလဲသွားကာ Lookpatနဲ့အတူရွာထဲမှာပျော်ရွှင်စွာနေကြတော့တယ် သူတို့ရဲ့ပျော်ရွှင်ခြင်းတွေကမကြာခဲ့ပါဘူး ဘာလို့လဲဆိုတော့ Kin ရဲ့ မိဘတွေက Kin ကို လာပြန်ခေါ်ကြတော့တယ် 


ကံဆိုးစွာနဲ့ သူအတိတ်ကိုပြန်မှတ်မိလာတဲ့အချိန်မှာတော့ Lookpatကိုရော ရွာမှာဖြစ်ပျက်တာတွေအားလုံးမေ့သွားပါတယ်.Kinရှိတဲ့ မြို့ကို လိုက်သွားတဲ့ Lookpatတစ်ယောက် ဘယ်လိုအဖြစ်တွေနဲ့ကြုံတွေ့ရမလဲ.. Lookpatဟာ Kin သူမကိုပြန်မှတ်မိလာအောင်ဘယ်လိုတွေလုပ်မလဲ..ဆိုတာကိုတော့ ဇာတ်ကားလေးမှာဆက်ကြည့်ကြပါစို့နော်..🤗


Translators - K.April Oo (Vill Myanmsr Family )

      Songkha Taewee( Vill Wannarot Myanmar)

Encoder - Kyi Nue Zin (FIV Entertainment )


Vill Myanmar Family, Vill Wannarot Myanmar နှင့် FIV Entertainment တို့မှ ပူးပေါင်းတင်ဆက်ပေးမည့် ဇာတ်ကားသစ်ကြီးဖြစ်ပါတယ် ❤️


Trailer 1 -https://www.facebook.com/fiventertainmentchannel1/videos/3392702467473074/


Trailer 2 - https://m.facebook.com/story.php?story_fbid=1151225298628306&id=648427085574799

Translated by K.April Oo & Songkha Taewee

Encoded by Kyi Nue Zin

Download link

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Episode 12

Episode 13

Episode 14

Episode 15

Episode 16

"နာခီ"


 


 "နာခီ(နဂါးဘုရင်မ)"ဇာတ်လမ်းတွဲ💛


"အညွန်း"


🐉🐉🐉🐍🐍”နာခီ (နဂါးဘုရင်မ )"🐍🐍🐉🐉🐉


Taew Nataphon ::  :: ခမ်းကျောက် / နာခီမယ်တော်


Pongpanu Phupoom :: :: ထွတ်စဖွန်


မဲခေါင်မြစ်ကမ်းနားက ဒွိုင်မိုင့်ပါရွာလေးက ရွာသူရွာသားတွေက နာခီ (နဂါးမယ်တော် ) ကိုကိုးကွယ်ကြတယ် နာခီမယ်တော်ဘုရားကျောင်း ဆိုပြီး မြွေရုပ်အကြီးကြီးထားပြီး ကြွယ်ဝချမ်းသာကျန်းမာဖို့ ဆုတောင်းကြတယ် သူတို့အတွက်မြွေဖြူဟာ နာခီမယ်တော်ကိုကိုယ်စားပြုပြီး အထွတ်အမြတ်အဖြစ်ထားကြတယ် မယုံကြည်လို့ စော်ကားမိရင် သေကျေပျက်စီးရတယ်လို့လည်း အယူရှိတယ် တနေ့ ဘုရားကျောင်းမှာ ကိုယ်ဝန်ဆောင်မိန်းမတယောက်က သူ့ကလေးကောင်းမွန်စွာမွေးဖွားဖို့ ဆုတောင်းနေတယ် သူမနာမည်က ခမ်းပေါင် ..အဲ့အချိန်မှာပဲ သူ့ယောက်ကျားမြွေဖမ်းသမား ခိန်က ဘုန်းကြီးပေးထတဲ့မြွေနိုင်လက်စွပ်ကို အသုံးချပြီး မြွေဖြူကိုဖမ်းပြီး နိုင်ငံခြားသားကိုရောင်းဖို့ကို လုပ်ခဲ့တယ် ခမ်ူပေါင်ဟာမြွေဖြူကနာခီမယ်တော်ကို ကိုယ်စားပြုတယ်လို့သူ့ယောက်ကျားကိုဘယ်လောက်ပြောပြော မယုံပဲဇွတ်သွားရောင်းပြီး သူ့ယောက်ကျားသေဆုံးခဲ့ရတယ် လက်စွပ်ကတော့ ဘယ်သူမှမသိလိုက်ပဲ ခိန်ရဲ့သူငယ်ချင်းဂေါဆီရောက်သွားတယ် အဲ့အချိန်မှာပဲ ခမ်းပေါင်က သူ့သမီးလေးကို မွေးခဲ့တယ် မွေးကင်းစလေးဆီ မြွေဖြူကြီးတကောင်လာနေတာကိုလည်းပြထားခဲ့ပါတယ်

၁၉နှစ်ကြာပြီးနောက် သမီးလေး ခမ်းကျောက်ကလှပစွာကြီးပြင်းလာပြီး အပေါင်းအသင်းက မြွေတွေနဲ့ပေါင်းတယ် စကားပြောနေလို့ အမေ ခမ်းပေါင်က စိုးရိမ်နေရတယ် ဒီလိုနဲ့ တက္ကသိုလ်ကျောင်းက သုတေသနကျောင်းသား/သူတစုဟာ ရွာလေးကိုရောက်လာခဲ့တယ် ထွတ်စဖွန် ဆိုတဲ့ကျောင်းသားအပါအဝင်ပေါ့

ဖွန်ဟာအမြဲ နန်းတွင်းအဝတ်အစားနဲ့မိန်းမပျိုလေးတဦးကိုမြင်မြင်နေရတယ် သူမြင်နေရတာ ဘာလဲဆိုတာကို ဒီရွာလေးကိုရောက်တဲ့အခါ သိလာနိုင်မလား

ခမ်းကျောက်ကရော ဘာလို့ မြွေတွေနဲ့ရင်းနှီးနေတာလဲ

လွန်ခဲ့တဲ့၁၉နှစ်ကဖြစ်ခဲ့သလို ဒီရွာလေး ဂြိုလ်ဆိုးဝင်ပြီး သေကျေပျက်စီးကြဦးမှာလား

ဒဏ္ဏာရီရှိထားသလို မင်းသားတပါးနဲ့ နာခီမယ်တော်ရဲ့ အချစ်ဇာတ်လမ်း ပြန်လည်ဖြစ်တည်ပြီး ကောင်းကင်ဆန္ဒကိုလွန်ဆန်တဲ့အချစ်ဟာ ဖြောင့်ဖြူးနိုင်ပါ့မလားဆိုတာ  “နာခီ (နဂါးဘုရင်မ )" ဇာတ်လမ်းတွဲမှာစောင့်မျှော်ကြည့်ရှူရအောင်နော် 🐍🐍🐍

Translated by Nakee Team

Encoded by Kyi Nue Zin


Download link

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Episode 12

Episode 13

Episode 14

Episode 15

Monday 4 January 2021

Color Rush (2020) BL Series




 Color Rush (2020) မြန်မာစာတန်းထိုး
**********************

Yeon Woo ဆိုတဲ့ကောင်လေးဟာ မွေးရာပါ အရောင်တစ်မျိုးထဲကိုသာမြင်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အရောင်အသွေးစုံလင်တဲ့လောကကြီးကို သူမြင်နိုင်တဲ့တစ်ခုတည်းသောအရောင်က မီးခိုးရောင်။ ဒါပေမယ့် လောကကြီးမှာ Yeon Woo လိုမျိုး အရောင်တစ်ခုတည်းကိုပဲ မြင်နိုင်တဲ့သူတွေအများကြီး ရှိနေကြပါတယ်။

ကိစ္စတစ်ခုကြောင့် Yeon Woo တစ်ယောက်
ယောကျ်ားလေး​သီးသန့်ကျောင်းကို ပြောင်းဖို့ဖြစ်လာပြီး Yoo Han ​ဆိုတဲ့ Idol Trainee ကောင်လေးနဲ့တွေ့ပါတော့တယ်။ ထူးဆန်းစွာနဲ့ Yoo Han အနားမှာရှိတဲ့အချိန်ဆို Yeon Woo ဟာ အရောင်တွေကို ဖျတ်ကနဲ မြrင်လာရပါတယ်။ မီးခိုးရောင်ပဲ မြင်ရတဲ့ သူ့ကမ္ဘာဟာ Yoo Han အနားမှာရှိနေရင် အရောင်အသွေးစုံလာပါတော့တယ်။
ဘာ​ကြောင့် Yeon Woo ဟာ Yoo Han အနားမှာရှိရင်အရောင်တွေကို မြင်လာရတာလဲ။
သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမှာလဲ။

Korean BL Series ဖြစ်ပြီး  အပိုင်း ၈ပိုင်း ပါဝင်မှာဖြစ်ပါတယ်။

Download Link

Episode-1 

Episode-2

Episode-3

Episode-4

Episode-5

Episode-6

Episode-7

Episode-8 End

FIV Entertainment Channel မှ တင်ဆက်သည်    


Sunday 3 January 2021

"အရပ်ဆယ်မျက်နှာကို အောင်နိုင်သူ"

 


ဒီတခါမှာတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ " အရပ်ဆယ်မျက်နှာကို အောင်နိုင်သူ" ဆိုတဲ့ ဇာတ်လမ်းတွဲ တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်

တစ်ချိန်က TV မှာ လွှင့်ခဲ့ဖူးတာမို့ ကြည့်ဖူးတဲ့သူတွေလည်း ရှိကောင်းရှိမှာပါ❤


အပိုင်းအားဖြင့် ၄၇ပိုင်းပါရှိပြီး ၁၅၃၀ ခုနှစ် အယုဒ္ဓယအချိန်အခါက တောင်ငူ (ဗမာ) ဖရယ် (ထိုင်း) နဲ့ ဟံသာဝတီ(မွန်) တိုင်းပြည် သုံးခုကြား အခြေအနေတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ကားပဲ ဖြစ်ပါတယ်🤴

Casts

ဂျာဒေ အဖြစ် Film Rattapoom

မန်းတရာအဖြစ် Fluke Jira

သလမယ်ကျန်တရာအဖြစ် Bowling Prisana


ဇာတ်လမ်းအကျဉ်း 

ဘုန်းတော်ကြီးကျောင်းမှာ "ဂျာဒေ"လို့ အမည်ရတဲ့ ဘုန်းတန်ခိုးအရှိန်အဝါနဲ့မွေးဖွားလာခဲ့တဲ့ ကလေး တစ်ယောက်မွေးဖွားလာခဲ့တယ်

ဘုရင့်မိဖုရားဟာလည်း သားတော်တစ်ပါးကို ဖွားမြင်ပြီး နို့မထွက်တဲ့အတွက် နို့ထိန်းလိုက်ရှာရာကနေ "ဂျာဒေ" ရဲ့ မိခင်ကိ ရွေးချယ်ခဲ့ပြီး ဘုရင့်သား "မန်းတရာ" နဲ့ "ဂျာဒေ" တို့ဟာ တစ်နို့ထဲစို့တဲ့ ညီအစ်ကို တွေအဖြစ် ကြီးအပြင်းလာခဲ့ရပါတယ်

ဂျာဒေ့ကို အစ်ကို အဖြစ် သဘောထားပြီး ဘာမဆို ခွင့်လွှတ်ဖို့ သင်ကြားခံရင်း ကြီးပြင်းလာတဲ့ မန်းတရာ

မန်းတရာအပေါ်  ဘယ်ချိန်ဖြစ်ဖြစ် အရှုံးပေးပြီး သစ္စာရှိရမယ်လို့ သင်ကြားခံရင်း ကြီးပြင်းလာတဲ့ ဂျာဒေ 

သူတို့နှစ်ယောက်ကြား ဘာများဆက်ဖြစ်လာမလဲ...😱

ဒီဇာတ်လမ်းတွဲက အရင်ခေတ်အခါက ဘုရင့်နောင်မင်းတရားကြီး ထိုင်းအပါအဝင် အရှေ့တောင်အာရှကို နယ်မြေချဲ့ထွင်စဥ် ကာလကိ​ု ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်

စောင့်မျှော်အားပေးကြပါဦး

Translated by Mei Fang

Encoded by Kyi Nue Zin

Download link

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8