Sunday 3 January 2021

"အရပ်ဆယ်မျက်နှာကို အောင်နိုင်သူ"

 


ဒီတခါမှာတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ " အရပ်ဆယ်မျက်နှာကို အောင်နိုင်သူ" ဆိုတဲ့ ဇာတ်လမ်းတွဲ တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်

တစ်ချိန်က TV မှာ လွှင့်ခဲ့ဖူးတာမို့ ကြည့်ဖူးတဲ့သူတွေလည်း ရှိကောင်းရှိမှာပါ❤


အပိုင်းအားဖြင့် ၄၇ပိုင်းပါရှိပြီး ၁၅၃၀ ခုနှစ် အယုဒ္ဓယအချိန်အခါက တောင်ငူ (ဗမာ) ဖရယ် (ထိုင်း) နဲ့ ဟံသာဝတီ(မွန်) တိုင်းပြည် သုံးခုကြား အခြေအနေတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ကားပဲ ဖြစ်ပါတယ်🤴

Casts

ဂျာဒေ အဖြစ် Film Rattapoom

မန်းတရာအဖြစ် Fluke Jira

သလမယ်ကျန်တရာအဖြစ် Bowling Prisana


ဇာတ်လမ်းအကျဉ်း 

ဘုန်းတော်ကြီးကျောင်းမှာ "ဂျာဒေ"လို့ အမည်ရတဲ့ ဘုန်းတန်ခိုးအရှိန်အဝါနဲ့မွေးဖွားလာခဲ့တဲ့ ကလေး တစ်ယောက်မွေးဖွားလာခဲ့တယ်

ဘုရင့်မိဖုရားဟာလည်း သားတော်တစ်ပါးကို ဖွားမြင်ပြီး နို့မထွက်တဲ့အတွက် နို့ထိန်းလိုက်ရှာရာကနေ "ဂျာဒေ" ရဲ့ မိခင်ကိ ရွေးချယ်ခဲ့ပြီး ဘုရင့်သား "မန်းတရာ" နဲ့ "ဂျာဒေ" တို့ဟာ တစ်နို့ထဲစို့တဲ့ ညီအစ်ကို တွေအဖြစ် ကြီးအပြင်းလာခဲ့ရပါတယ်

ဂျာဒေ့ကို အစ်ကို အဖြစ် သဘောထားပြီး ဘာမဆို ခွင့်လွှတ်ဖို့ သင်ကြားခံရင်း ကြီးပြင်းလာတဲ့ မန်းတရာ

မန်းတရာအပေါ်  ဘယ်ချိန်ဖြစ်ဖြစ် အရှုံးပေးပြီး သစ္စာရှိရမယ်လို့ သင်ကြားခံရင်း ကြီးပြင်းလာတဲ့ ဂျာဒေ 

သူတို့နှစ်ယောက်ကြား ဘာများဆက်ဖြစ်လာမလဲ...😱

ဒီဇာတ်လမ်းတွဲက အရင်ခေတ်အခါက ဘုရင့်နောင်မင်းတရားကြီး ထိုင်းအပါအဝင် အရှေ့တောင်အာရှကို နယ်မြေချဲ့ထွင်စဥ် ကာလကိ​ု ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်

စောင့်မျှော်အားပေးကြပါဦး

Translated by Mei Fang

Encoded by Kyi Nue Zin

Download link

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8