Saturday 31 July 2021

The Best Story (2021)

 

The Best Story (2021)

လူတိုင်းမှာ ကျောင်းသားဘဝတုန်းက တိတ်တခိုးသဘောကျရတဲ့ crush ရှိဖူးမှာပါ။ ဖွင့်လည်းမပြောရဲ ၊ အဝေးတစ်နေရာလေးကပဲ ငေးကြည့်နေရရုံ ၊ သူပျော်ရွှင်နေတာလေး မြင်နေရရုံနဲ့တင် ကိုယ့်ကိုပျော်ရွှင်မှုတွေပေးတဲ့ တစ်စုံတစ်ယောက်ပေါ့။

တချိုတွေကတော့ crush နဲ့အဆင်ပြေသွားကြပေမယ့် ၊ တချိုတွေကတော့ ဖွင့်တောင်မပြောလိုက်ရဘဲ တသက်စာ ဝေးသွားကြပါတယ်။တချို တွေကတော့ အပြန်အလှန် သဘောကျနေကြပေမယ့် လွဲချော်မှုသေးသေးလေးတွေကြောင့် ချစ်လျက်နဲ့ ဝေးကွာခြင်းမျိုးလည်း ရှိပါတယ်။

ဒီ mini series လေးမှာတော့ ဖွင့်ပြောဖိုမဝံရဲဘဲ အဝေးကပဲ ငေးကြည့်နေရတဲ့ ကျောင်းသားလေးတစ်ယောက်အကြောင်းကို ပုံဖော်ထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူ့ crush နဲ့ နီးစပ်ဖို
အခြေအနေဖန်လာတဲ့အခါ....
အထက်တန်းကျောင်းသားဘဝရဲ့ တိတ်တခိုး crush ပုံပြင်လေးဟာ ဇာတ်သိမ်းလှပါ့မလား?

Native Title: ครั้งหนึ่งที่รัก
Genres: Romance, School,Youth
Episodes: 3
Duration: 40 min
Quality: 1080p

Translated by Yoonie & Yin Wai Phyo
Encoded By Yin Wai Phyo

Episode 1 

Episode 2 

Episode 3 End 

FIV Entertainment Channel မှ တင်ဆက်သည်

 Learn How to Download.

The Great Shaman Ga Doo Shim (2021)

The Great Shaman Ga Doo Shim (မြန်မာစာတန်းထိုး)

ယခုတစ်ခါအသစ်ထွက်ရှိထားတဲ့ အထက်တန်းကျောင်းကားသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ သရဲများကိုမြင်နိုင်စွမ်းရှိသလိုမောင်းထုတ်နိုင်တဲ့ ဒူရှင်းလေး အသက်၁၈ နှစ်ပြည့်တဲ့ နှစ်မှာပြဿနာမျိုးစုံတွေ့လာရပါတော့တယ်။ အသက်ကိုခြိမ်းခြောက်ခံရတဲ့အထိပါပဲ။ နတ်ဝင်သည်မျိုးရိုးကဆင်းသက်သူဖြစ်သည့်အလျောက်သူ့တွင်လည်း ထိုအစွမ်းမျိုးပါလာခဲ့သည်။ ဒီလိုဆုန်ယောင်း အထက်တန်းကျောင်းရောက်သွားသောအခါတွင် မြင်မြင်ချင်းထူးဆန်းစွာ ခံစားရကြောင်းသက်သေထူလိုက်သည့် ဝူဆူ...

ဒီလိုနဲ့ပဲ ဒူရှင်းမှာဘာကြောင့်ဒီကြမ္မာရနေရသလဲ...
ဝူဆူကရော ဒူရှင်းနဲ့ဘယ်လိုပတ်သက်နေမလဲ...
ဆန်းကြယ်ဖြစ်ရပ်များကို သူတိုနှစ်ယောက်ပေါင်းပြီးဘယ်လိုဖြေရှင်းကြမလဲ...

စိတ်ဝင်စားဖိုကောင်းမယ့်အထက်တန်ကျောင်းကားလေး The Great Shaman Ga Doo Shim

Quality - WebDL 1080p FHD
Total episode - 12

Download Link












FIV Entertainment Channel မှ တင်ဆက်သည်

 Learn How to Download.
 

Tuesday 27 July 2021

Oh! My Gran (2020)


Oh My Gran (2020) Korean Movie 

အတိတ်မေ့ရောဂါခံစားနေရသောညအဘွားအိုတစ်ယောက် အတိတ်၏ဖြစ်ရပ်တချိုတွေ နာကျင်စွာပိတ်မိရင်း သားဖြစ်သူ နဲ့ မြေးမလေးတစ်ဦးနှင့်အတူတူ နေထိုင်နေရင်းတစ်နေ့မြေးမလေး ကားတိုက်ခံလိုက်ရသည်။ ဒီလိုနဲ့ တရားခံစုံစမ်းသည့်အခါ အမှုမှန်မပေါ်ဘဲ ဖြစ်နေခဲ့သည်။ ကားတိုက်ခံရမှာကိုအစအဆုံးမြင်လိုက်ရသည်မှာ အမယ်အိုအပြင် မရှိ။ အမယ်အိုသည်လည်း အတိတ်မေ့ရောဂါခံစားနေရသည်။ ဒီလိုနဲ့  မြေးမလေး ဘိုမီကို ကားတိုက်သွားသည့်တရားခံအား သားဖြစ်သူနဲ့ ဘယ်လိုလိုက်ရှာကြမလဲ။ အမယ်အို၏နာကျင်လွန်းသော အတိတ်ကဘာဖြစ်မလဲ။ ရယ်စရာများနှင့်တစ်ဖန် မိသားစု၏မြတ်နိုးဖွယ်ရာပုံရိပ်ကိုဖော်ညွှန်းရိုက်ကူးထားသောကြောင့် သိပ်ကိုတန်ဖိုးရှိတဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ကြည့်ဖြစ်အောင်ကြည့်ဖိုတိုက်တွန်းလိုက်ပါရစေ။


FIV Entertainment Channel မှ တင်ဆက်သည်

 Learn How to Download.


 

Saturday 24 July 2021

Blue Birthday (2021)

Blue Birthday (2021) 
***********†******
မြန်မာစာတန်းထိုး

ယခုတစ်ခါတွင်မိတ်ဆက်ပေးမည့်ဇာတ်ကားသစ်ကတော့ အထက်တန်းကျောင်း လူငယ်အချစ်ကားလေးတစ်ကားပါ။ ဆယ်နှစ်တာခင်မင်လာခဲ့သော သူငယ်ချင်းနှစ်ယောက် အချိန်တွေကြာလာသည်နှင့်အမျှ ခံစားချက်များအချင်းအချင်း အပေါ်တွင်ကြီးစိုးလာခဲ့သည်။ သိုသော် လျှိဝှက်စွာဖြင့် သိမ်းဆည်းထားရင်းမှ အိုဟာရင် ၏ မွေးနေ့တွင် ဖွင့်ပြောရန်ကြံစည်ထားသော ဂျီဆောဂျွန်း မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့သည်။ ချစ်ဦးသူ၏ အမှတ်တရများကို တစ်ထောင့်တစ်နေရာတွင် သိမ်းဆည်းထားရင်းက လက်ရှိတွင်မွေးနေ့ကို တစ်ဖန်ပြန်ရောက်လာခြင်း မိုးများသည်းစွာရွာခိုက် အထက်တန်းကျောင်း ဘဝသိုအချိန်နောက်ပြန်ရောက်သွားခဲ့သောအခါ...

အိုဟာရင် တစ်ယောက်ချစ်ဦးသူဂျီဆောဂျွန်းရဲ့သေဆုံးမှုကို ဘယ်လိုတားဆီးဖော်ထုတ်မလဲ...

ရင်ခုန်စွာ ကြည့်ရှုရမယ့် Blue Birthday.

Total Episodes - 16
Quality - WebDL 1080p FHD

Download Link
















FIV Entertainment Channel မှ တင်ဆက်သည်

 Learn How to Download.
 

Vanishing Time: A Boy Who Returned (2016)

Vanishing Time:A Boy Who Returned(2016) movie

ဒီတစ်ခါမှာတော့ 2016က ထွက်ရှိထားတဲ့ Vanishing Timeဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်

အမေသေဆုံးပြီးနောက် ပထွေးဖြစ်သူနဲ့ 
ဟွမ်နို ကျွန်းကို ပြောင်းလာတဲ့ စုရင်ဟာ
မိဘမဲ့ကျောင်းက ဆုန်းမင်နဲ့တွေ့ပြီးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်

တစ်နေ့မှာတော့စုရင်ဟာ ဆုန်းမင်အပါအ၀င် ကျောင်းကသူငယ်ချင်းနှစိယောက်နဲ့ အတူ ကျွန်းပေါ်က လှိဏ်ခေါင်းဆောက်လုပ်ရေးလုပ်ငန်းခွင်က ဖောက်ခွဲမှုကို သွားကြည့်ဖို လိုက်ပါသွားပါတယ်
အဲ့နောက် ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာ ကြည့်လိုက်ရအောင်

Quality - Bluray 1080p 5.1CH


FIV Entertainment Channel မှ တင်ဆက်သည်

 Learn How to Download.





 

Saturday 17 July 2021

The Witch's Diner (2021)

The Witch's Diner (2021)
*********************
မြန်မာစာတန်းထိုး

Running man က မမ Song Ji Hyo ပါ၀င်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအညွှန်း

ချိုဟီရာက တော့ ဆန္ဒဖြည့်ဆည်းပေးတဲ့စုန်းမ တစ်ယောက်ပါ။ ဒါပေမယ့် ဆန္ဒ ပြည့်စေဖို သူတည်ခင်းတဲ့ဟင်းပွဲကို စားပေးရတယ်။ ဒီလိုနဲ့ အပေးအယူဆိုတာ ရှိလာတယ်။ ဂျောင်ဂျင်း ဘဝမှာစိတ်ဓာတ်ကျစရာတွေကို အားတင်းရင်းနဲ့ နောက်ဆုံး လူလိမ်ခံရပြီး ဘဝမှာအဆိုးဆုံးဖြစ်သွားခဲ့သောအခါ စုန်းမ နဲ့ ဂျောင်ဂျင်း ဘယ်လိုရှေ့ဆက်မှာလဲ။ ချိုဟီရာဆိုသူကရော ဘယ်လိုမျိုးကြောင့် ဖြစ်တည်နေသလဲ စိတ်ဝင်စားဖွယ် သဘာဝလွန်လေးကြောင့် ကြည့်ရှူခံစားဖိုတိုက်တွန်းလိုက်ပါရစေ

Quality : Webdl 720p & 1080p FHD
Total episode: 8

Download Link

Episode-1

Episode-2

Episode-3
720p ၊ 1080p

Episode-4
720p ၊ 1080p

Episode-5
720p ၊ 1080p

Episode-6



FIV Entertainment Channel မှ တင်ဆက်သည်

 Learn How to Download.


 

Thursday 15 July 2021

Thong EK: The Herbal Master (2019)

Thong EK: The Herbal Master (2019)
ချလုံဆိပ်ကမ်းမှသမားတော်ထောင်းအေ့က်
~~~~~~~~~~~~~~~~~~~~~~
မြန်မာစာတန်းထိုး

Casts-Mario and Kim

ထောင်းအေ့က်(Mario) Thongမျိုးနွယ်ကနေဆင်းသက်လာပီးအဖိုးဖြစ်သူThong Inရဲ့တဦးထဲသောမြေးပာ.....Thong Inဟာဆေးဆရာတဦးဖြစ်တဲ့အလျောကိအချိန်တိုင်းဆေးမြစ်တွေရှာဖွေ့လေ့ရှိပါတယ်...တနေ့ကပ်ဆိုးကျရောက်ပီးလူတော်တော်များများအနာရောဂာများရကြတဲ့အခါ Thong Inဟာထိုအတွက်နည်းလမ်းရှာရာမှာပျောက်ကင်းနိုင်မဲ့နည်းလမ်းကိုရှာတွေ့ခဲ့ပါတယ်...သိုပေမဲ့ထိုရွာရှိလူတော်တော်များများဟာအောက်လမ်း,နတ်အစရှိတဲ့အရာများကိုယုံကြည်ကိုးကွယ်ကြတယ်...ထိုအရာများကိုမယုံကြည်ရန်စည်းရုံးသည်ကိုရွာကလူများကလက်သင့်မခံဘဲThong Inတိုမြေးအဖိုးကိုရွာမှနှင်ထုတ်ခဲ့ကြတယ်....Thong InလဲThong Ekကိုခေါ်ပီးဘုန်းကြီးကျောင်းသိုထွက်လာခဲ့ကြတယ်..ဘုန်ကြီးရဲ့နေရာပေးမူကြောင့်တောထဲမှာတဲထိုးပီးနေထိုင်ခဲ့ကြတယ်....အဲ့ဒီကိုPiakနဲ့Tonနဲ့ရောက်လာပီးဆေးပညာလာရောက်သင်ယူခဲ့ကြပီးThong Ekနဲ့သူငယ်ချင်းတွေဖြစ်သွားကြတယ်.....

ချဘာ (Kim)Than Khunမျိုးနွယ်ရဲ့အကြီးဆုံးသမီး...ချမ်းသာတဲ့လူကုံထံအသိုင်းအဝိုင်းကမွေးဖွားလာတယ်...Chabaမှာအဖေတူအမေကွဲမောင်တစ်ယောက်ညီမတစ်ယောက်ရှိတယ်...Chabaရဲ့မောင်Por Permကပညာတတ်တဦးဖြစ်သည့်အလျောက်အရာရာမှာစေ့စပ်သေချာတဲ့လူငယ်တဦးဖြစ်တယ်...Chabaဟာအပ်ချုပ်တာထက်ကိုယ်ခံပညာသင်ကြားတာကိုဝါသနာပါသူဖြစ်တဲ့အလျောက်မိန်းကလေးလိုနေထိုင်တာထက်ယောကျာ်းလေးတယောက်လိုပြုမူဆက်ဆံတတ်သူဖြစ်တယ်...

Thong Ekနဲ့Chabaဟာမမျှော်လင့်ပဲသရဲခြောက်ခံရပီးနှစ်ယောက်လုံးတောထဲမှာမေ့လဲသွားကြပာတော့တယ်...မနက်မိုးလင်းChabaအဖေလိုက်ရှာရင်းတောထဲမှာနှစ်ယောက်လုံးကိုပြန်တွေ့သွားကြတယ်...တစ်ယောက်နဲ့တစ်ယောက်အချိန်ခဏလေးပဲတွေ့ရပီးပြန်ခွဲခွာခဲ့ကြရတယ်...နာမည်လဲမသိရ...ဘယ်မှာနေလဲပဲမသိရနဲ့Thong Ekနဲ့Chabaတိုနောက်တခါပြန်ဆုံတွေ့ကြအုံးမှာလား?

ဘယ်နေရာမှာဘယ်လိုအခြေအနေမျိုးနဲ့ပြန်ဆုံတွေ့မှာလဲ.....?ဆိုတာကိုတော့ဇာတ်ကားလေးထဲမှာပဲရင်ခုန်ကြည့်ရူပေးကြပါနော်
 Total Episode - 35

Download Link





































FIV Entertainment Channel မှ တင်ဆက်သည်

 Learn How to Download.

Complete Zip File Password ၀ယ်ယူရန်

>>Contact Here<<


 

Wednesday 14 July 2021

Love You My Arrogance (2020)

"Love You My Arrogance" (2020)
~^~^~^~^~^~^~^~^~^~^~~^~^
မြန်မာစာတန်းထိုး

Sunဟာ တစ်ခြားသူတွေရဲ့အတွေးတွေကို ကြားနိုင်တဲ့ထူးခြားတဲ့စွမ်းအားတစ်ခုရှိသူပါ။သူကအဲ့စွမ်းအားကို မလိုချင်ဘူး ဘာလိုဆိုတော့ အဲ့လိုလူတွေရဲ့အတွေးတွေကို သူကြားနေရတော့ ခေါင်းပေါက်ထွက်မတတ်ကို ခေါင်းကိုက်လာလိုပါ။

Sunဟာ YouTuberတစ်ယောက်ဖြစ်သလို Facebook pageတစ်ခုလည်းဖွင့်ထားပါတယ်။အဲ့pageမှာ Everday With Sunဆိုပြီး သူ့ရဲ့video blogအတိုလေးတွေ တင်လေ့ရှိတယ်

Sunဟာ အဲ့လိုလူတွေရဲ့အတွေးတွေကို ကြားနေရတော့ လူတွေနဲ့မပတ်သက်ချင်ဘဲ တစ်ယောက်တည်းနေချင်တော့တယ်။အဲ့ကြောင့် သူဟာ လူတွေကိုရှောင်ဖယ်ရင်း လူတွေကသူ့ကို မောက်မာတယ်လိုထင်ပြီး မောက်မာတဲ့YouTuberလိုခေါ်ကြတယ်

တစ်နေ့တော့သူဟာ အန်နာဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံတယ်။ထူးခြားတာက သူဟာအန်နာရဲ့အတွေးတွေကို မကြားနိုင်ဘူးတဲ့။နောက်ပိုင်းသူသိလာရတာက အန်နာကလည်း လူတွေကိုထိတွေ့ခြင်းကနေတစ်ဆင့် အတိတ်ကိုသိနိုင်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတာကိုပဲ

ဒါပေမယ့် အန်နာကလည်း Sunသူ့အတွေးတွေကို မဖတ်နိုင်သလို သူလည်းSunတစ်ယောက်တည်းရဲ့ အတိတ်ကိုမဖတ်နိုင်ဘူးရယ်။အချစ်ဟာသဆန်ဆန် ရိုက်ကူးထားပုံဖော်ထားတဲ့ သူတိုနှစ်ယောက်ကို ကြည့်ရှုလိုက်ပါရှင်........

Translator ; Tint Yamone Htun
Quality 1080p FHD


FIV Entertainment Channel မှ တင်ဆက်သည်

 Learn How to Download.



 

Tuesday 13 July 2021

"ငန်းဖြူမလေးရဲ့ ရာဇပုလ္လင်"

 






Casts


ကျုမ်ခွမ် အဖြစ် Baifern Pimchanok

ပရီဝပ် အဖြစ် Mike Pattaradet


​ဇာတ်လမ်းအကျဉ်း


ကျုမ်ဆိုတဲ့ မိန်းကလေးက ဖခင်ဖြစ်သူဘက်က အဖွားက လက်မခံတာကြောင့် မိခင်ဖြစ်သူနဲ့ ဆင်းရဲစွာ ဘဝကို ဖြတ်သန်းလာခဲ့ရတယ်


ငယ်စဉ်ကတည်းက ကြိုးစားကြီးပြင်းလာရတဲ့ သူမအတွက် ကံအချိုးအကွေ့တစ်ခုမှာတော့ သူဌေးကြီးတစ်ဦးရဲ့ မွေးစားတာ ခံလိုက်ရပြီး ကုမ္ပဏီမှာ နေရာရလာခဲ့တယ်


ငယ်ဘဝက စိတ်ဒဏ်ရာတွေကြောင့် အဖွားဖြစ်သူကို စိတ်နာနေခဲ့တဲ့ ကျုမ်ဟာ ကိုယ့် မျိုးရိုးကပဲ ကိုယ်ပိုင်တဲ့အရာတွေကို ဖျက်ဆီးလိုက်တဲ့ ခံစားချက်မျိုးပေးမယ်ဆိုပြီး အဖွားဖြစ်သူကို လိုက်ပြိုင်ဆိုင်ပါတော့တယ်


ဒီလိုနဲ့ အဖွားဖြစ်သူဘက်က ပရီဝပ်ဆိုသူနဲ့ တွေ့ဆုံမိကြရင်း မေတ္တာသက်ဝင်လာချိန်မှာတော့

 

လက်စားချေချင်စိတ်နဲ့ပဲ ရှေ့ဆက်မလား

ချစ်ခြင်းမေတ္တာကပဲ အားလုံးကို အနိုင်ယူသွားနိုင်မလားဆိုတာ "ငန်းဖြူမလေးရဲ့ ရာဇပုလ္လင်" ဇာတ်လမ်းတွဲမှာပဲ ကြည့်ရှူကြရအောင်❤️

Thai Series And Trailers နှင့် FIV ပူးပေါင်းတင်ဆက်သည်

Translated by Banlang Hong Team

Encoded by Kyi Nue Zin

Download link

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Episode 12

Monday 12 July 2021

You Are the Best! (2013)

"You Are the Best! " ကိုရီးယားဇာတ်လမ်းတွဲ 

မင်းသမီးဖြစ်ချင်တဲ့ လီဆွန်ရှင်း(IU)ဟာ သူမအဖေသေသွားပြီးနောက်  အမေ၊အစ်မတိုနဲ့အတူ ဘ၀ကိုကြိုးစားရုန်းကန်ခဲ့ရတယ်

အဲ့ဒီအချိန်မှာ ယုံကြည်ချက်ရှိလွန်း‌ သွေးအေးလွန်းတဲ့ Entertainment တစ်ခုရဲ့ CEO ရှင်းဂျွန်ဟို (Cho Jung-Seok) နဲ့ တွေ့ဆုံမိတဲ့အခါ.....

ဘ၀ရဲ့ စစ်မှန်တဲ့အောင်မြင်မှု စစ်မှန်တဲ့ပျော်ရွှင်ခြင်း စစ်မှန်တဲ့ချစ်ခြင်းတရားတိုကို ဖော်ကျုးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲကောင်းလေးပဲဖြစ်ပါတယ်

Quality - 1080p FHD
Total Episode - 50


Download Link



















































FIV Entertainment Channel မှ တင်ဆက်သည်

 Learn How to Download.





 

Monday 5 July 2021

The Devil Judge (2021)

The Devil Judge 

K Drama ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား မင်းသမီး တွေပါဝင်ထားပြီး ၊ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အပိုင်း ၁ လွှင့်အပြီးမှာတင် average nationwide rating 5.6% အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ 

ဇာတ်လမ်းအညွှန်းကတော့ 

တရားဥပဒေစိုးမိုးမှုမရှိတော့တဲ့ အချိန်ကာလမှာ 
လူတွေဟာ ခေါင်းဆောင်တွေအပေါ်အယုံအကြည်မဲ့လာကြတယ်။ 
အဘက်ဘက်ယိုယွင်းပျက်ဆီးလာတဲ့
အ ခြေအနေတွေကြားမှာ "Devil Judge " လို ခေါ်ဆိုခြင်းခံရတဲ့လူတစ်ယောက်ပေါ်လာခဲ့ပါတယ်။
ဘာလို Devil Judge လိုခေါ်ကြတာလဲ?
သူက သူ့ရဲ့တရားခွင်ကို reality show အဖြစ်နဲ့ ရာဇဝတ်ကောင်တွေကို အညှာအတာမဲ့စွာ အပြစ်ပေးလိုပါပဲ။  Kang Ho Ran လိုခေါ်တဲ့ အဲ့ဒီ နတ်ဆိုးတရားသူကြီးဟာ သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားပြီး သူ့ရဲ့ရည်ရွယ်ချက်တွေကို ဘယ်သူမှမသိကြပါဘူး။ သူဟာ သူရဲကောင်းလား ၊ ဗီလိန် လားဆိုတာတော့ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ 

Jung Sun A ကတော့ အောက်ခြေကနေကြိုးစားရုန်းကန်ပြီး 'လူမှုရေးတာဝန်ယူမှုအထောက်အကူပြုဖောင်ဒေးရှင်း' ရဲ့ ဒါရိုက်တာဖြစ်လာတဲ့ ထက်မြက်ပြီး  ရည်မှန်းချက်ကြီးတဲ့ အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ သူမဟာ နတ်ဆိုးတရားသူကြီးရဲ့ ပြိုင်ဘက်လည်း ဖြစ်နေပါသေးတယ်။ 

ဒီလိုရှုပ်ထွေးနေတဲ့လောကကြီးထဲကို တရားသူကြီးပေါက်စလေး Kim Ga On နဲ့ ရဲအရာရှိမလေး Yoon So Hyun တိုပါရောက်ရှိလာပြီး တရားမျှတမှုနဲ့ နတ်ဆိုးတရားသူကြီးရဲ့ လျိုဝှက်ချက်ကို ရှာဖွေကြရင်း..... 

Strong ဖြစ်တဲ့ Main Lead တွေရဲ့ အားပြိုင်မှုတွေ၊ တောင်ကိုးရီးယားနိုင်ငံရဲ့ တရားရေးရာ အရှုပ်အထွေးတွေနဲ့အတူ ၊ ငွေ အာဏာ အမှန်တရားတိုရဲ့အားပြိုင်မှုကို မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှုရမှာဖြစ်လို လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

Quality- WebDL 1080p FHD

Download Link

















FIV Entertainment Channel မှ တင်ဆက်သည်

 Learn How to Download.


 

Saturday 3 July 2021

The 8th Night (2021)

The 8th Night(2021)

ဒီတစ်ခါမှာတော့ 
Netflix မှာ ပူပူနွေးနွေးထွက်ရှိထားတဲ့
The 8th nightဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်ကားကတော့ လွန်ခဲ့တဲ့နှစ်ထောင့်ငါးရာလောက်က
မကောင်းဆိုးရွားတစ်ကောင်က
လူပြည်နဲ့ ငရဲပြည်ကို ဆက်သွယ်ပေးမယ့် ပေါင်းကူးတံတားကို ဖွင့်ဖို ကြိုးစားခဲ့ပါတယ်
သူ့အကြံစဉ်မအောင်မြင်ခါမှာပဲ
ဗုဒ္ဓက ကြွချီလာပြီး တားဆီးပါတော့တယ်
ဗုဒ္ဓက မကောင်းဆိုးရွားရဲ့ စွမ်းအင်အရင်းမြစ်ဖြစ်တဲ့ မျက်လုံးနီ နဲ့ မျက်လုံးနက်တိုကို ထုတ်ယူပြီး ချိတ်ပိတ်လာပါတော့တယ်

ဒါပေမယ့်အကြောင်းမျိုးမျိုးကြောင့် ချိတ်ပိတ်မှုကနေလွတ်လာပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့
Downloadဆွဲပြီး ကြည့်ရှုလိုက်ပါ

Quality- Webdl 1080p 5.1CH


FIV Entertainment Channel မှ တင်ဆက်သည်


 

နတ်သမီးကျိန်စာ

 

"နတ်သမီးကျိန်စာ" 

မြန်မာစာတန်းထိုး


Casts

လာ့လလစ် အဖြစ် Vill Wannarot

ထီပေါ့ အဖြစ် Push Puttichai

ဖတ် အဖြစ် Egg Butsakorn


ဇာတ်လမ်းအကျဉ်း 


လာ့လလစ် နဲ့ ဖတ် တို့က ညီအမဝမ်းကွဲတော်စပ်ကြပြီး ထီပေါ့ကတော့ လာ့လလစ်တို့ကုမ္ပဏီက ရှယ်ယာရှင်တစ်ဦးရဲ့ သားဖြစ်ပြီး ကစားဖော်ကစားဖက်တွေလည်း ဖြစ်ကြတယ်


ငယ်စဥ်ကတည်းက အလိုလိုက်ခံထားရလို့ ဆိုးသွမ်းနေတဲ့ လာ့လလစ်ဟာ မိခင်ဖြစ်သူဆုံးပါးပြီး ဖခင်ဖြစ်သူကပါ ငှက်တစ်ကောင်ကြောင့် လေယာဥ်ပျက်ကျ သေဆုံးရချိန်မှာတော့ ငှက်တွေကို ကြောက်ရွံ့မုန်းတီးတဲ့ စိတ်ရောဂါပါ ရလာခဲ့တယ်


လာ့လလစ် ဆိုးသွမ်းနေမှုကြောင့် ငရဲကျမှာကို စိတ်ပူလာတဲ့ တချိန်က မိခင်ဖြစ်သူ လာလီတာဟာ နတ်ဘုရားမဖြစ်သူကို အကူအညီတောင်းကာ သမီးကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်


နတ်ဘုရားမဖြစ်သူက လာ့လလစ်ကို ညကနေ မနက်မိုးလင်းထိ ငှက်တစ်ကောင်ဖြစ်အောင် ဖန်ဆင်းလိုက်ပါတော့တယ်


ပုံမှန်အတိုင်းဖြစ်ချင်ရင်တော့ ကုသိုလ်တွေစုဆောင်းရမယ့်အပြင် ကိုယ့်ဘဝထက်ပိုချစ်ရသူ, သူကလည်း အချစ်စစ်နဲ့ချစ်ပေးမယ့်သူဆီက အနမ်းတစ်ပွင့်ရမှသာ ကျိန်စာပြေသွားမှာဖြစ်ပါတယ်


လာ့လလစ်တစ်ယောက် ငှက်လေးအဖြစ်နဲ့ ကျိန်စာပြယ်ဖို့ ကြိုးစားရင်း မထင်မှတ်ထားတာတွေကြားသိခဲ့ရပြီး ကုမ္ပဏီအလုပ်ကို ပြန်ဝင်လုပ်ရာက ငယ်သူငယ်ချင်းဖြစ်သူ ထီပေါ့နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတော့တယ်...


ကျိန်စာပြေဖို့ အချစ်စစ်ရှာနေခဲ့တဲ့ လာ့လလစ်..

အမှတ်တရဆိုးတွေကြောင့် မုန်းတီးနေခဲ့တဲ့ ထီပေါ့...

ညီမဖြစ်သူကို မုန်းပြီး ထီ့ကို ကြိတ်ကြွေနေခဲ့တဲ့ ဖတ်..

သူတို့သုံးဦးကြား ဘာတွေဖြစ်လာမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြရအောင်💗


လွန်ခဲ့တဲ့ ၆ နှစ်လောက်က တင်ဆက်ပေးပြီးပေမယ့် အခု  Quality ကောင်းကောင်းနဲ့ rerunပြန်လွှင့်ပေးနေလို့ ထပ်တင်ဆက်ပေးလိုက်ပါတယ်❤

လက်ရှိထိုင်းမှာ​ပြန်လွှင့်နေတဲ့ အပိုင်းအလိုက် တင်ဆက်ပေးသွားမှာပါ❣


Translated by Kyi Nue Zin

FIV Entertainment မှ တင်ဆက်သည်


Download link -

Episode 1

99 Songs (2021)

99 Songs(2019)

"ဂီတဆိုတာ မူးယစ်ဆေးတစ်မျိုးပဲ
ကမ္ဘာပေါ်က စွဲလမ်းမှုတွေထဲမှာ
လက်ခုတ်သံတွေက အဆိုးဆုံးပဲ"

ဂျေးက ‌Music Technology Majorယူထားတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပြီး
ဆိုဖီကတော့ အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက်ပါ

တစ်နေ့မှာ ဆိုဖီအဖေနဲ့ ဂျေးတွေ့ဆုံပြီး
ဂျေးနဲ့ဆိုဖီတိုနီးဖို သီချင်း အပုဒ်တစ်ရာရေးဖို
အကြောင်းဖန်လာပါတော့မယ်

ဂျေး သီချင်းအပုဒ်တစ်ရာရေး‌နိုင်မလား
ကျရှူးသွားမလားဆိုတာတော့ download‌ဆွဲပြီး ကြည့်ရှုလိုက်ပါ

Quality- 1080p (2 Versions)



FIV Entertainment Channel မှ တင်ဆက်သည်


 

Thursday 1 July 2021

ယုံကြည်ချက် နှင့် သစ္စာ - The Rebel (2021)


 ယုံကြည်ချက် နှင့် သစ္စာ (2021)

၁၉၃၀ ကျော်ခုနှစ်ကာလများမှာ အခြေတည်ထားပြီး
သမိုင်းကြောင်းနောက်ခံ အပြင်အဆင်ကောင်းကောင်းနဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။

၁၉၃၀ နှောင်းပိုင်း တရုတ်ပြည်မှာ ကူမင်တန်တွေကြီးစိုးချိန် ကွန်မြူနစ်တွေရဲ့ တော်လှန်ပုံကို အခြေခံပြီး ရိုက်ကူးထားပါ။ ယခုတရုတ်ပြည်မှာ အာဏာရနေတဲ့ တရုတ်ကွန်မြူနစ်ပါတီ (CCP) ဘယ်လို စပြီး
အခြေတည်လာသလဲ ၊ ဒလန်နဲ့ သစ္စာဖောက် အန္တရာယ်ကို ဘယ်လိုမျိုးရှင်းပစ်သလဲ ၊ ဘယ်လိုအင်အားကြီးမားလာသလဲဆိုတာကို ဗဟုသုတရဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့

လင်းနန်ရှန်း အထူးလေ့ကျင့်ရေးတပ်သားတစ်ဦးဖြစ်ပြီး မြေအောက်ပါတီ ကွန်မြူနစ်တွေကို ဖမ်းဆီးဖို လျိုဝှက်တာဝန်ပေးခြင်းခံရပါတယ်။

ကျူးယိကျန်း ဟာ လွတ်လပ်မှုနဲ့တန်းတူညီမျှမှုကိုမြတ်နိုးတဲ့ ကွန်မြူနစ်ဝါဒီအမျိုးသမီးလေးဖြစ်ပါတယ်။ လင်းနန်ရှန်း ဟာ သူ့ရဲ့တာဝန်အတွက် ကျူးယိကျန်းကို ချဥ်းကပ်ရပါတော့တယ်။

ဒီလိုနဲ့ ဒလန်ကောင်လေးနဲ့ ကွန်မြူနစ်မလေး တိုဘယ်လိုဆက်ဖြစ်ကြမှာလဲ?
ကွန်မြူနစ်မလေး ရဲ့ယုံကြည်မှုတွေ အယူအဆတွေ ခံယူချက်တွေကြောင့် ဒလန်ကောင်လေး တစ်ယောက် ဘက်ပြောင်းလာမှာလား?
သူတိုရဲ့ ယုံကြည်ချက်တွေအတွက် ဘယ်လိုတွေ တိုက်ခိုက်သွားကြမှာလဲ ဆိုတာ  ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Main Cast တွေအဖြစ် မင်းသား Zhu Yi Long နဲ့ မင်းသမီး Tong Yao တို အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်

• Native Title: 叛逆者

• Also Known As: Pan Ni Zhe

• Eng Title: The Rebel

• Genres: Suspense, Historical

• Total Episodes: 43

• Duration: 45 min. 

• Quality:720p

Translators: Laufeyson, Yin Wai Phyo, Chit Mya Mya Hmwe
Encoder: Yin Wai Phyo

 Episode 1

Episode 2 

Episode 3 

Episode 4 

Episode 5 

Episode 6 

Episode 7 

Episode 8 

Episode 9 

Episode 10 

Episode 11 

Episode 12 

Episode 13 

Episode 14 

Hospital Playlist 2 (2021)

Hospital Playlist Season 2 (2021) 
~~~~~~~~~~~~~~~~~~~
မြန်မာစာတန်းထိုး

လူရယ်လိုဖြစ်လာရင် တစ်ယောက်တည်းနေလိုမရပါဘူး။ အနည်းဆုံးတော့ ဖေးမကူညီပေးမယ့် ၊ မျှဝေခံစားပေမယ့် မိသားစု ၊ သူငယ်ချင်း ရှိဖိုလိုအပ်ပါတယ်။ 
ဘယ်အချိန်ပြန်လှည့်ကြည့်ကြည့် နွေးထွေးမှုတွေပေးတဲ့၊ ဒီလူတွေနဲ့သာဆိုရင် အဆင်ပြေတယ်ဆိုပြီး တွေးမိစေနိုင်တဲ့ ၊ ဒီလူတွေကတော့ ငါ့ကိုဘယ်တော့မှနောက်ကျောဓားနဲ့ထိုးမှာမဟုတ်ဘူးလို ယုံကြည်ထားနိုင်တဲ့  သူငယ်ချင်းတွေကိုပိုင်ဆိုင်ထားတဲ့သူကတော့ ကံအကောင်းဆုံးပါပဲ။ မိုးကြမ်းလေကြမ်းတွေတိုက်နေလည်း ပြေးပြန်စရာ နွေးထွေးတဲ့ အိမ် ရှိနေသလိုမျိုးပေါ့။ 

Hospital Playlist ကတော့ သူငယ်ချင်းတွေရဲ့ နွေးထွေးတဲ့ Friendship ကြောင့် နာမည်ကြီးပါတယ်။ ထူးထူးခြားခြား plot တွေမပါပေမယ့် ဒီတိုင်းလေး တကယ့်ဘဝဆန်ဆန် ဆရာဝန်တွေရဲ့ နေ့စဥ်ဘဝမှာကြုံတွေ့ရတဲ့ဘပြဿနာတွေနဲ့ ၊ ဘွဲရကတည်းက အတူရှိလာခဲ့တဲ့ ဆရာဝန်သူငယ်ချင်း ငါးယောက်ရဲ့ နွေးထွေးတဲ့ မေတ္တာတရား အကြောင်းကို အလောင်တွေမပါဘဲနဲ့ ငြိမ့်ငြိမ့်လေးစီးမျောကြည့်ရှုရမယ့် ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ 

အခု Season 2 မှာလည်း အေးချမ်းနွေးထွေးတဲ့ မေတ္တာတရားကို လိုက်ပါစီးမျောကြည့်ရှုလိုက်ကြရအောင်။

Quality : NF WebDL 1080p
File size : 2000MB

ဒေါင်းရန် 












Episode-12 End

FIV Entertainment Channel မှ တင်ဆက်သည်

 Learn How to Download.