Monday 5 July 2021

The Devil Judge (2021)

The Devil Judge 

K Drama ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား မင်းသမီး တွေပါဝင်ထားပြီး ၊ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အပိုင်း ၁ လွှင့်အပြီးမှာတင် average nationwide rating 5.6% အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ 

ဇာတ်လမ်းအညွှန်းကတော့ 

တရားဥပဒေစိုးမိုးမှုမရှိတော့တဲ့ အချိန်ကာလမှာ 
လူတွေဟာ ခေါင်းဆောင်တွေအပေါ်အယုံအကြည်မဲ့လာကြတယ်။ 
အဘက်ဘက်ယိုယွင်းပျက်ဆီးလာတဲ့
အ ခြေအနေတွေကြားမှာ "Devil Judge " လို ခေါ်ဆိုခြင်းခံရတဲ့လူတစ်ယောက်ပေါ်လာခဲ့ပါတယ်။
ဘာလို Devil Judge လိုခေါ်ကြတာလဲ?
သူက သူ့ရဲ့တရားခွင်ကို reality show အဖြစ်နဲ့ ရာဇဝတ်ကောင်တွေကို အညှာအတာမဲ့စွာ အပြစ်ပေးလိုပါပဲ။  Kang Ho Ran လိုခေါ်တဲ့ အဲ့ဒီ နတ်ဆိုးတရားသူကြီးဟာ သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားပြီး သူ့ရဲ့ရည်ရွယ်ချက်တွေကို ဘယ်သူမှမသိကြပါဘူး။ သူဟာ သူရဲကောင်းလား ၊ ဗီလိန် လားဆိုတာတော့ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ 

Jung Sun A ကတော့ အောက်ခြေကနေကြိုးစားရုန်းကန်ပြီး 'လူမှုရေးတာဝန်ယူမှုအထောက်အကူပြုဖောင်ဒေးရှင်း' ရဲ့ ဒါရိုက်တာဖြစ်လာတဲ့ ထက်မြက်ပြီး  ရည်မှန်းချက်ကြီးတဲ့ အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ သူမဟာ နတ်ဆိုးတရားသူကြီးရဲ့ ပြိုင်ဘက်လည်း ဖြစ်နေပါသေးတယ်။ 

ဒီလိုရှုပ်ထွေးနေတဲ့လောကကြီးထဲကို တရားသူကြီးပေါက်စလေး Kim Ga On နဲ့ ရဲအရာရှိမလေး Yoon So Hyun တိုပါရောက်ရှိလာပြီး တရားမျှတမှုနဲ့ နတ်ဆိုးတရားသူကြီးရဲ့ လျိုဝှက်ချက်ကို ရှာဖွေကြရင်း..... 

Strong ဖြစ်တဲ့ Main Lead တွေရဲ့ အားပြိုင်မှုတွေ၊ တောင်ကိုးရီးယားနိုင်ငံရဲ့ တရားရေးရာ အရှုပ်အထွေးတွေနဲ့အတူ ၊ ငွေ အာဏာ အမှန်တရားတိုရဲ့အားပြိုင်မှုကို မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှုရမှာဖြစ်လို လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

Quality- WebDL 1080p FHD

Download Link

















FIV Entertainment Channel မှ တင်ဆက်သည်

 Learn How to Download.