Tuesday 5 January 2021

"နာခီ"


 


 "နာခီ(နဂါးဘုရင်မ)"ဇာတ်လမ်းတွဲ💛


"အညွန်း"


🐉🐉🐉🐍🐍”နာခီ (နဂါးဘုရင်မ )"🐍🐍🐉🐉🐉


Taew Nataphon ::  :: ခမ်းကျောက် / နာခီမယ်တော်


Pongpanu Phupoom :: :: ထွတ်စဖွန်


မဲခေါင်မြစ်ကမ်းနားက ဒွိုင်မိုင့်ပါရွာလေးက ရွာသူရွာသားတွေက နာခီ (နဂါးမယ်တော် ) ကိုကိုးကွယ်ကြတယ် နာခီမယ်တော်ဘုရားကျောင်း ဆိုပြီး မြွေရုပ်အကြီးကြီးထားပြီး ကြွယ်ဝချမ်းသာကျန်းမာဖို့ ဆုတောင်းကြတယ် သူတို့အတွက်မြွေဖြူဟာ နာခီမယ်တော်ကိုကိုယ်စားပြုပြီး အထွတ်အမြတ်အဖြစ်ထားကြတယ် မယုံကြည်လို့ စော်ကားမိရင် သေကျေပျက်စီးရတယ်လို့လည်း အယူရှိတယ် တနေ့ ဘုရားကျောင်းမှာ ကိုယ်ဝန်ဆောင်မိန်းမတယောက်က သူ့ကလေးကောင်းမွန်စွာမွေးဖွားဖို့ ဆုတောင်းနေတယ် သူမနာမည်က ခမ်းပေါင် ..အဲ့အချိန်မှာပဲ သူ့ယောက်ကျားမြွေဖမ်းသမား ခိန်က ဘုန်းကြီးပေးထတဲ့မြွေနိုင်လက်စွပ်ကို အသုံးချပြီး မြွေဖြူကိုဖမ်းပြီး နိုင်ငံခြားသားကိုရောင်းဖို့ကို လုပ်ခဲ့တယ် ခမ်ူပေါင်ဟာမြွေဖြူကနာခီမယ်တော်ကို ကိုယ်စားပြုတယ်လို့သူ့ယောက်ကျားကိုဘယ်လောက်ပြောပြော မယုံပဲဇွတ်သွားရောင်းပြီး သူ့ယောက်ကျားသေဆုံးခဲ့ရတယ် လက်စွပ်ကတော့ ဘယ်သူမှမသိလိုက်ပဲ ခိန်ရဲ့သူငယ်ချင်းဂေါဆီရောက်သွားတယ် အဲ့အချိန်မှာပဲ ခမ်းပေါင်က သူ့သမီးလေးကို မွေးခဲ့တယ် မွေးကင်းစလေးဆီ မြွေဖြူကြီးတကောင်လာနေတာကိုလည်းပြထားခဲ့ပါတယ်

၁၉နှစ်ကြာပြီးနောက် သမီးလေး ခမ်းကျောက်ကလှပစွာကြီးပြင်းလာပြီး အပေါင်းအသင်းက မြွေတွေနဲ့ပေါင်းတယ် စကားပြောနေလို့ အမေ ခမ်းပေါင်က စိုးရိမ်နေရတယ် ဒီလိုနဲ့ တက္ကသိုလ်ကျောင်းက သုတေသနကျောင်းသား/သူတစုဟာ ရွာလေးကိုရောက်လာခဲ့တယ် ထွတ်စဖွန် ဆိုတဲ့ကျောင်းသားအပါအဝင်ပေါ့

ဖွန်ဟာအမြဲ နန်းတွင်းအဝတ်အစားနဲ့မိန်းမပျိုလေးတဦးကိုမြင်မြင်နေရတယ် သူမြင်နေရတာ ဘာလဲဆိုတာကို ဒီရွာလေးကိုရောက်တဲ့အခါ သိလာနိုင်မလား

ခမ်းကျောက်ကရော ဘာလို့ မြွေတွေနဲ့ရင်းနှီးနေတာလဲ

လွန်ခဲ့တဲ့၁၉နှစ်ကဖြစ်ခဲ့သလို ဒီရွာလေး ဂြိုလ်ဆိုးဝင်ပြီး သေကျေပျက်စီးကြဦးမှာလား

ဒဏ္ဏာရီရှိထားသလို မင်းသားတပါးနဲ့ နာခီမယ်တော်ရဲ့ အချစ်ဇာတ်လမ်း ပြန်လည်ဖြစ်တည်ပြီး ကောင်းကင်ဆန္ဒကိုလွန်ဆန်တဲ့အချစ်ဟာ ဖြောင့်ဖြူးနိုင်ပါ့မလားဆိုတာ  “နာခီ (နဂါးဘုရင်မ )" ဇာတ်လမ်းတွဲမှာစောင့်မျှော်ကြည့်ရှူရအောင်နော် 🐍🐍🐍

Translated by Nakee Team

Encoded by Kyi Nue Zin


Download link

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Episode 12

Episode 13

Episode 14

Episode 15