Monday 28 December 2020

Royal Secret Agen

Royal Secret Agent

သည်တစ်ခါမှာတော့ FIV ပရိတ်သတ်ကြီးအတွက် နန်းတွင်းကားအသစ်လေး ထွက်ရှိလာပါပြီ။ Mon နဲ့ Tue နှစ်ရက်ထွက်တာမို့ စောင့်ကြည့်ကြဖို့ မမေ့နဲ့နော်။
ဇာတ်လမ်းအကျဥ်းကတော့ အကြံပေးဌာနမှာ ဆုန်းအီဂယောင်း ...တော်သော်လည်း အစွမ်းအစကို ဖွက်ထားသော ကောင်လေး...
တစ်ဘက်ကလည်း ဂေဟာမယ်အဖြစ် သူလျှိုလုပ်နေသော မိန်းကလေးဒါအင်...
ဆုန်းအီဂယောင်း၏ အစေခံလေး ချွန်းဆန်...
တစ်နေ့တွင်လမထင်မှတ်စွာ ဆုန်းအီဂယောင်း တစ်ယောက် တော်ဝင်ထောက်လှမ်းရေးအဖြစ်ခန့်အပ်ခံလိုက်ရရင်း အရင်တော်ဝင်ထောက်လှမ်းရေးခေါင်းဆောင် ဘတ်ချောဂယူ အား ရှာရန် ဖြစ်လာခဲ့သည်။ သူတို့အဖွဲ့တွင် မိန်းကလေး သူလျှို ဒါအင်လည်း ပါလာသလို အစေခံလေး ချွန်းဆန်တို့သည် တော်ဝင် လျှု့ဝှက်တာဝန်ကို ထမ်းဆောင်ရန်ဖြစ်လာခဲ့သည်။
သည်တော့ အကြံပေးလက်ထောက်ဆုန်းနဲ့ သူလျှို ဒါအင်တို့ တွေ့ကြတော့ ဘယ်လိုတွေ ဖြစ်ကြမလဲ...
မင်းကြီးအား မျက်လုံးပိတ်နားပိတ်လုပ်ချင်နေကြသော နန်းတွင်းအရှုပ်တော်ပုံများ...
ဒါအင်ကရော ဘယ်သူလဲ...
ဘာတွေ လျှို့ဝှက်ထားကြသလဲ.. 
ဆိုတာတော့ အပတ်စဥ်
Mon,  Tue တွင် " တော်ဝင်နန်းတွင်းလျှို့ဝှက်ထောက်လှမ်းရေး " ကိုကြည့်ပြီး ရင်ခုန်ကြပါစို့လား။



Episode-1(1080p)