Thursday 3 December 2020

"အွန်လိုင်းပေါ်က တိတ်တခိုးအချစ်"

 


ယခုတစ်ခေါက်မှာတော့ Fiv Entertainment Channelနဲ့ Kimmy Kimberley Myanmar FCတို့ရဲ့ ၅ကြိမ်မြောက်ပူးပေါင်းတင်ဆက်ခြင်းအနေနဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးစုံတွဲတစ်တွဲဖြစ်တဲ့ မင်းသားချောMark Prin နဲ့ မင်းသမီးချောKimmy Kimberley တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

📱"အွန်လိုင်းပေါ်က တိတ်တခိုးအချစ်"📱

                                (Secret Love Online)


Casts : လစ်ဒါ အဖြစ် Peter Corp

             အာဝါစယာ အဖြစ် Anne Thong

             ပရာနွန် အဖြစ် Mark Prin

             ဖိဖရောင်း အဖြစ် Kimmy Kimberley



ဇာတ်လမ်းအကျဉ်း*****


ရည်မှန်းချက်မြင့်မားပြီး အမြဲကြိုးစား ထူးချွန်ထက်မြက်တဲ့ အသက်၃၀အရွယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အာဝါစယာဟာ စျေးကွက်စီးပွါးရေးနယ်ပယ်မှာ ဆရာတစ်ဆူဖြစ်လို့ သူမကိုစျေးကွက်ဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ကြတယ် သူမဟာ ဘဝကိုတစ်ယောက်တည်းဖြတ်သန်းမယ်လို့ သန္ဒိဌာန်ချထားသူတစ်ယောက်လည်းဖြစ်တယ် ဒါပေမယ့်သူမရဲ့ အတွေးတွေဟာ သူမအလုပ်လုပ်နေတဲ့ နာရာကွန်ကုမ္ပဏီကနေပြီး စိတ်နှလုံးသားနူးညံ့ကြင်နာတတ်ပြီး အရည်အချင်းရှိတဲ့ ပရာနွန်လို့အမည်ရတဲ့ ငယ်ငယ်ချောချောကောင်လေးကို အလုပ်ခန့်လိုက်တဲ့အချိန်ကနေစပြီး အားလုံးပျက်ယွင်းသွားပါတော့တယ် 


သူမဟာ ပရာနွန်အပေါ် တဖက်သတ်စိတ်ဝင်စားခဲ့ပြီး တစ်ဖက်မှာလည်း အသက်အားဖြင့်သော်လည်ကောင်း ရာထူး ဝါအရသော်လည်းကောင်း ခြားနားလွန်းနေတဲ့အတွက် ပရာနွန်အပေါ် သူမရဲ့ချစ်နေတဲ့စိတ်တွေကို မသိသလိုဟန်ဆောင်နေခဲ့တယ် 


ဒါပေမယ့် သူမဟာ ပရာနွန်ရဲ့ နူးညံ့စွာဆက်ဆံတတ်ပုံတွေကြောင့် ပရာနွန်နဲ့နီးစပ်ဖို့အတွက် Lineကနေတစ်ဆင့် အဲပရက်ဆိုတဲ့နာမည်နဲ့အကောင့်အတုဖွင့်ကာ ပရာနွန့်ထံချဉ်းကပ်လာခဲ့တယ် 


ဒါပေမယ့်သူတို့ရဲ့ဆက်ဆံရေးဟာ ပရာနွန်အပေါ်တစ်ဖက်သတ်စိတ်ဝင်စားနေတဲ့ ငယ်ရွယ်လှပပြီး ပိုက်ဆံရှိအသိုင်းအဝိုင်းထဲက မိန်းမလှလေးဖိဖရောင်းက အဲပရက်အဖြစ်ဟန်ဆောင်မလိမ်ညာခင်အထိ သာယာနေခဲ့ကြပါသေးတယ် 


ဖိဖရောင်းကတော့ ပရာနွန်နဲ့အတူ နာရာကွန်ကုမ္ပဏီမှာ အလုပ်ခန့်အပ်ခံရတဲ့ မိန်းကလေးပါ အလုပ်အတူလုပ်ရပြီး ပရာနွန့်ရဲ့ဂရုစိုက်ပေးမှုတွေအောက် ကျရှုံးသွားပြီး အချစ်စိတ်တွေတိုးလာတာပေါ့ရှင်


အယောင်ဆောင်မှုတွေကြား အာဝါစယာနဲ့ ပရာနွန်တို့ရဲ့ ဆက်ဆံရေးဟာလည်း ပိုလို့ရှုပ်ထွေးလာပါတော့တယ် 


ဒီအချိန်မှာ သူတို့ကြားထဲ နာရာကွန်ကုမ္ပဏီပိုင်ရှင်သူဌေးဖြစ်တဲ့ လစ်ဒါဝင်ရောက်လာတဲ့အခါမှာတော့ အခြေအနေတွေက ပိုဆိုးလာပါတော့တယ် 


လစ်ဒါက အာဝါစယာကိုတစ်ဖတ်သတ်ချစ်နေတဲ့သူပါ အမြဲစနောက်တတ်ပြီး ရည်းစားရှုပ်လို့ အာဝါစယာရဲ့ လျစ်လျူရှုမှုကိုခံရတဲ့သူဌေးပေါ့ရှင် ဒါပေမယ့် သူ့ရဲ့သစ္စာရှိမှု ဂရုစိုက်မှု လေးနက်မှုတွေ တန်ဖိုးထားတတ်မှုတွေကို အာဝါစယာတစ်ယောက်မြင်တွေ့နိုင်ပါ့မလား....


အာဝါစယာ, ပရာနွန် , ဖိဖရောင်းတို့ကြားက သုံးပွင့်ဆိုင် အွန်လိုင်းအချစ်ကိုရော ပရာနွန်တစ်ယောက်ဖြေရှင်းနိုင်ပါ့မလား....


ဖိဖရောင်းကရော အရမ်းချစ်လို့လိမ်ညာမိတဲ့အပေါ် ချစ်သူရဲ့ခွင့်လွှတ်မှုကိုရနိုင်ပါ့မလား.....မလားပေါင်းများစွာနဲ့ ရသမျိုးစုံပေးစွမ်းစေနိုင်မယ့် ဒီအချစ် ဟာသ ဒရမ်မာကားလေးထဲမှာ အတူတူစီးမြောခံစားကြည့်လိုက်ကြရအောင်လားရှင်❤️

 

Translated by Zin Thida Htike(Kimmy Kimberley Myanmar FC)

Encoded by Kyi Nue Zin(FIV Entertainment Channel)


Kimmy Kimberley Myanmar FCနှင့် Fiv Entertainment Channelတို့မှ ပူးပေါင်းတင်ဆက်သည်❤️


Download link - 

Episode 1

Episode 2