Saturday 24 October 2020

ဖြူစင်သောအချစ်လမ်း

 


"ဖြူစင်သော အချစ်လမ်း" မြန်မာစာတန်းထိုး


Channel7 မှာမြန်မာစကားပြောနဲ့ပြသဖူးတဲ့ဇာတ်ကားလေးဖြစ်ပြီးတော့ Casts တွေအနေနဲ့ကတော့ Great Warintorn နဲ့ Matt Peranee တို့ပဲဖြစ်ပါတယ် 


ဇာတ်ကားနာမည်လေးကတော့ Embrace with Love လို့ခေါ်ပါတယ်နော် ထိုင်းလိုကတော့ Ruk Tong Om ဖြစ်ပါတယ် 2014ခုနှစ်က Ch3 လိုင်းကနေထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းကောင်းလေးတစ်ခု ဖြစ်ပါတယ်


FIV နှင့် Great Warintorn Myanmar Fans Page တို့ပူးပေါင်းတင်ဆက်သည်.💕


Castsတွေအနေနဲ့ကတော့

Sipadun အဖြစ် Great Warintorn

Lantha   အဖြစ် Matt Peranee 


ဇာတ်လမ်းအညွှန်း


လန်တာ (P'Matt) နဲ့ စီဖာဒွန်( P'Great) တို့နှစ်ယောက်ကငယ်ငယ်ထဲကနေခင်မင်လာခဲ့တဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ် 


တစ်နေ့မှာတော့ လန်တာရဲ့ကားနောက်မှာ ကလေးတစ်ယောက်ကို တစ်ယောက်ယောက်ကနေပြီး လာစွန့်ပစ်သွားခဲ့ပါတယ်..လန်တာကအဲ့ဒ်ီကလေးကိုမွေးစားဖို့ဆုံးဖြတ်ခဲ့ရုံသာမက သူ့သူငယ်ချင်း စီဖာဒွန်ကိုပါ ကလေးအဖေတစ်ယောက်လိုစောင့်ရှောက်ပေးဖို့အတင်းအဓမ္မခိုင်းစေခဲ့ပါတယ်..


ဒါပေမယ့် စီဖာဒွန်ကလက်မခံနိုင်ဘဲ ကလေးကိုရဲလက်ကိုပြန်သွားအပ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ် 


တဖြည်းဖြည်းနဲ့ စီဖာဒွန်က လန်တာ့အပေါ်မှာ မေတ္တာရှိလာတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်ကြအုံးမလဲဆိုတာသိချင်ရင်တော့ ဒီဇာတ်လမ်းလေးကို စောင့်ကြည့်ပေးကြပါအုံးနော်


လန်တာမွေးစားလိုက်တဲ့ကလေး (စနု) နဲ့ပတ်သက်ပြီးသူတို့နှစ်ယောက်ရဲ့မတည့်အတူနေပြီးခဏခဏရန်ဖြစ်စကားများကြတာတွေ,သူငယ်ချင်းတွေကြားကသံယောဇဉ်တွေ နဲ့ ကိုယ့်ရဲ့သွေးသားရင်းမဟုတ်တဲ့ကလေးတစ်ယောက်ကိုပြုစုဖို့အနစ်နာခံပေးဆပ်ခဲ့ရတဲ့ချစ်ခြင်းမေတ္တာတရားအကြောင်းကို ဟာသ ဇာတ်မြူးဆန်ဆန်လေး ရိုက်ကူးပေးထားတဲ့ဇာတ်ကားလေးဖြစ်လို့ လက်မလွတ်တမ်းအားပေးကြည့်ရှုပေးကြဖို့ ပြောချင်ပါတယ်နော် 🙏😇


FIV နှင့် Great Warintorn Myanmar Fans page တို့ ပူးပေါင်းသည်

Encoded by Kyi Nue Zin


Download link 

Episode 1

Episode 2

Episode 3

Episode 4

Episode 5