Friday 3 December 2021

Home Sweet Home Alone (2021)


Home Sweet Home Alone (2021) movie

****************************************

မြန်မာစာတန်းထိုး


ဇာတ်လမ်းအညွှန်း 


Max ဆိုတဲ့ကလေးဟာ သူ့အမေနဲ့ကားစီးနေရင်း သေးပေါက်ချင်လို့ဆိုပြီး ဂျီကျနေလို့  သူ့အမေဟာ အိမ်ရောင်းမည်ဟုကြော်ငြာထား‌သော အိမ်တစ်အိမ်ကို ဖောရှောလုပ်ပြီး သေး၀င်ပေါက်ဖို့ ဆုံးဖြတ်ခဲ့တယ် အိမ်ရောင်းဖို့အတွက် စီစဉ်နေတဲ့ လင်မယားဟာ ပစ္စည်းတွေကိုသိမ်း‌နေရင်း Maxနဲ့တွေ့တဲ့အခါ စကားပြောအဆင်မပြေဖြစ်ခဲ့တယ် 


Max တို့မိသားစုဟာ ခရစ်စမတ်အားလပ်ရက် ဂျပန်ကိုခရီးသွားဖို့စီစဉ်ထားခဲ့ကြတယ် မိသားစုလူအရမ်းများတဲ့အတွက် Max တစ်ယောက်အမြဲစိတ်ညစ်နေတယ် အဲ့ဒါကြောင့် မသွားမှီတရက်ညကို Max ကားထဲမှာ သွားပြီးနေရင်း အိပ်‌ပျော်သွားရာ ဂျပန်ကို ပါမသွားဘဲ တစ်ယောက်တည်းကျန်ခဲ့တယ်


အဲ့ချိန်မှာ အိမ်ရောင်းမယ့်လင်မယားဟာ သူတို့အိမ်က တန်ဖိုးကြီးအရုပ်တစ်ရုပ်ပျောက်သွားလို့ Max ကို သင်္ကာမကင်းဖြစ်ပြီး Max အိမ်လိုက်လာတဲ့အခါ ကလေးတစ်ယောက်တည်းရှိတဲ့အိမ်မှာ ဘာတွေဆက်ဖြစ်ကြမလဲ Home Alone ဇာတ်ကားများရဲ့ ပုံစံအတိုင်း ဆက်လက်ရှုစားရမှာဖြစ်လို့ ယခု 2021 ဇာတ်ကားလေးကို အားလပ်ရက်မှာ မိသားစုနဲ့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ် 


ဒေါင်းရန်

Webrip 720p

Webrip 1080p(VIP)


FIV Entertainment Channel မှ တင်ဆက်သည်