Thursday 9 September 2021

Grandmaster of Demonic Cultivation: Season 1 (2018)


Grandmaster of Demonic Cultivation: Season 1 (2018)

- မှော်နက်လမ်းစဥ်အရှင်သခင်: အတိတ် -

သမာသမတ်လမ်းစဥ်ဆိုတာဘာလဲ။ မိစ္ဆာလမ်းစဥ်ဆိုတာဘာလဲ။ အဖြူနဲ့အမည်း ၊အလင်းနဲ့အမှောင်ဆိုတာ သီးခြားစီတည်ရှိနေတာလား။ ရောယှက်ပြီးတည်ရှိနေခဲ့တာလား။

ရွေးချယ်စရာမရှိတော့တဲ့အဆုံးမှမဟုတ်ရင် ဘယ်သူကရော တလောကလုံးနဲ့ဆန့်ကျင်တဲ့ ၊ လမ်းမှန်ကိုသွေဖယ်တဲ့ မိစ္ဆာလမ်းစဥ်ကိုလိုက်ချင်ခဲ့ပါ့မလဲ။
ဘယ်သူကရော ဆိုးယုတ်မှုအပေါင်းသရဖူဆောင်းတဲ့ မိစ္ဆာလမ်းစဥ်တည်ထောင်သူ ဆိုတဲ့ဘွဲအမည်ကို ခံယူချင်ပါ့မလဲ။

တကြိမ်တခါတုန်းက သမာသမတ်လမ်းစဥ်ကိုလိုက်ခဲ့ပြီး ကျင့်ကြံရေးလောကမှာ အဆင့် ၄ ချိတ်ခဲ့တဲ့ အဲ့ဒီလူငယ်လေးဟာ ဝေ့ရင်း (လောကသိအမည် - ဝူရှန့်) လိုအမည်တွင်ပါသတဲ့။ မိစ္ဆာလမ်းစဥ်ကိုလိုက်ပြီးနောက်မှာတော့ ပုလွေတစ်ချောင်းနဲ့ ဖုတ်ကောင်တွေကိုထိန်းချုပ်နိုင်တဲ့ " ရီလင်းအရှင်သခင် " ဖြစ်လာခဲ့ပါတယ်။

အရင်းနှီးဆုံးလူတွေရဲ့အထင်လွဲမှားမှုတွေခံရ၊ 'ကျွေးတဲ့လက်ကိုပြန်ကိုက်တယ်' 'ကျေးဇူးကန်းတဲ့ကောင်' ဟူသောအမည်နာမမျိုးစုံအတပ်ခံရပြီး၊ သေဆုံးသွားတဲ့အခါမှာလည်း လူအများက နှစ်ထောင်းအားရကြသတဲ့။
အလောင်းဟာပျက်စီး ၊ ဝိဉာဉ်ဟာလည်း အစိတ်စိတ်ကွဲကြေလို ၊ သေဆုံးခြင်းဟာ အဆုံးသတ်ဖြစ်လိမ့်မယ်လို သူထင်ခဲ့တာပေါ့။ ဒါပေမယ့် ၁၃နှစ်အကြာမှာ တားမြစ်အစီအရင်နဲ့ဆင့်ခေါ်ခံရတာကြောင့် သူဟာ လူ့လောကကို တဖန်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ရီလင်းအရှင်သခင် တဖြစ်လည်း ဝေ့ဝူရှန့် ပြန်လည်မွေးဖွားလာခြင်းဟာ တိုက်ဆိုင်မှုလေလား ၊ တစုံတယောက်က ရည်ရွယ်ချက်ရှိရှိ ပြန်လည်ခေါ်ဆောင်ခဲ့လေသလား ။
သူ့ရဲ့ပြန်လည်မွေးဖွားလာတဲ့ကိစ္စရပ်ဟာ ထင်ထားသလောက်မရိုးရှင်းတဲ့အခါ ...


Season 1 မှာတော့ ဝေ့ဝူရှန့်မသေဆုံးခင်နှစ်များက အတိတ်ဖြစ်ရပ်တွေကို ပြသသွားမှာပဲဖြစ်ပါတယ်။

Mo Dao Zu Shi (魔道祖师) ဟာ လူသိများကျော်ကြားခဲ့တဲ့ The Untamed (陈情令) ရဲ့ မူရင်းဝတ္ထုဖြစ်ပြီး ဆရာမ Mo Xiang Tong Xiu (墨香铜臭) က ရေးသားဖန်တီးထားပါတယ်။

Titles: Grandmaster of Demonic Cultivation , The Founder of Diabolism , Mo Dao Zu Shi : Qian Chen Pian
Native Title: 魔道祖师
Genres: Xianxia,Action,Adventure, Mystery,Supernatural
Duration: 25 min
Episodes: 15
Quality: 1080p

Translated by Xiao Yue Hua
Encoded by Yin Wai Phyo

 Episode 1

Episode 2 

Episode 3 

Episode 4 

Episode 5 

Episode 6 

Episode 7 

Episode 8 

Episode 9 

Episode 10 

Episode 11 

Episode 12 

Episode 13 

Episode 14 

Episode 15 Finale