Saturday 14 August 2021

❣︎ရစ်နှောင်တက်သော အချစ်ပရိယာယ်ကြိုး❣︎

 


❣︎ရစ်နှောင်တက်သော အချစ်ပရိယာယ်ကြိုး❣︎


ထိုင်းဇာတ်ကားကောင်းတွေမှ ကြိုက်တဲ့သူတွေအတွက်

မတူထူးခြားတဲ့ အချစ်ဇာတ်လမ်းကို အခြေပြုပြီး ရိုက်ကူးထားတဲ့

အချစ်ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးပါရစေ🎥❤🌍


Cast🎥❤

-----------------

ဒီဇာတ်ကားလေးမှာ မြန်မာ ပရိသတ်တွေနဲ့ သိပ်မစိမ်းတဲ့

မင်းသားချော Sean Jindachot နှင့် မင်းသမီးချောလေး

Pimmy Pimprapa တို့ အဓိကထား ပါဝင်ပါတယ်❤


*ဟင်ဟီရမ် အဖြစ် Sean Jindachot


*ဒင်ယမ်ဖယ်တရာ အဖြစ် Pimmy Pimprapa


ဇာတ်လမ်းအညွှန်း🎥❤

-----------------------------


ဟင်ဟီရမ် ဆိုတဲ့သူဟာ ဥတ္တရကူရုတဝီနယ်မြေရဲ ့

မျိုးနွယ်ဝင် တစ်ယောက်ဖြစ်ပြီး လူသားတွေ ဝင်မလာအောင်

ဂိတ်တံခါးကို စောင့်ရှောက်ရတဲ့ မျိုးနွယ်ဖြစ်ပါတယ်🌟❤


(ဥတ္တရကူရုတဝီမျိုးနွယ်ဟာ နတ်ကဲ့သို့ 

အစွမ်းရှိတဲ့သူတွေဖြစ်ပြီး လူသားတွေနဲ့ သီးသန့်နေတဲ့ 

မျိုးနွယ်ဖြစ်တယ်❤)


ဒင်ယမ်ဖယ်တရာကတော့ လူသားမိန်းကလေး 

ဒီဇိုင်နာတစ်ယောက် ဖြစ်ပါတယ်❤


တစ်နေ့တော့........


ဒင်ယမ်ရဲ့ အဘွားဖြစ်သူဟာ ရုတ်တရတ် သူ့ကိုယ်သူ 

သတ်သေသွားတယ်ဆိုပြီး သေဆုံးသွားခဲ့တာကြောင့်

အဘွားရဲ့ ရတ်ချဒါပီပတ်အိမ်တော်ကို ပြန်လာခဲ့ရတယ်💔


ဒင်ယမ်အဘွားသေဆုံးမှုက လူသတ်မှုပါ🔪

ဒင်ယမ်က မယုံကြည်ခဲ့ပါဘူး ဒါကြောင့် အဘွားသေဆုံးမှုကို

စုံစမ်းပါတော့တယ်🌚


တကယ်တော့

ဒင်ယမ်အဘွားသေဆုံးမှုက ရတ်ချဒါပီပတ်စံအိမ်တော်ကို

လိုချင်လို့ပါပဲ🏤🌚


(အဲ့ဒါ စံအိမ်တော်မှာ လျှို ့ဝှက်ချက်ရှိလို့ပါ အဲ့ဒီဟာကတော့

ဥတ္တရကူရုတဝီရဲ ့ဂိတ်တံခါးနဲ့ ဆက်နေတာပါပဲ)


ဟင်ဟီရမ်က ဥတ္တရကူရုတဝီရဲ ့ဂိတ်တံခါးကဆက်နေတော့

ရတ်ချဒါပီပတ်အိမ်တော်ထဲ ဝင်ထွက်သွားလာရင်း

ဒင်ယမ်နဲ့ တွေ့ဆုံကာ ချစ်ကြိုက်သွားပါတော့တယ်


တရားခံကြားမှာ နေရတဲ့ ဒင်ယမ်လေးကို ဟင်ဟီရမ်က

ဘယ်လိုကူညီပေးပြီး ချစ်သွားကြမလဲ???


ဒင်ယမ်အဘွားကို သတ်တာကရော ဘယ်သူများလဲ???


ဒင်ယမ်နဲ့ဟင်ဟီရမ် မတူညီတဲ့မျိုးနွယ်တွေဖြစ်တာကြောင့်

ဘယ်လိုရင်ဆိုင်ရမလဲ???


ဆိုတာ"ရစ်နှောင်တက်သော အချစ်ပရိယာယ်ကြိုး"ဆိုတဲ့

ဇာတ်လမ်းကောင်းလေးထဲမှာ ကြည့်ရှုလိုက်ကြရအောင်နော်❤


(ABout The Thai Cele နှင့် FIV ပူးပေါင်းတင်ဆက်သည်)


Translated By Iang Sittha / Thinn Thinn Aye &

Thihanthit

Encoded By Kyi Nue Zin

Download link -

Episode 1

Episode 2

Episode 3

Episode 4

Episode 5