Monday 7 June 2021

မော်ကွန်းတွင်မည့်သူရဲကောင်းများ -The Young Warriors(2007)


 

 
 

"မော်ကွန်းတွင်မည့်သူရဲကောင်းများ" (2007)

*************************************** 


တရုတ်သိုင်းကားတွေနဲ့ကြီးပြင်းလာသူများအတွက်

ရန်အိမ် နဲ့ ရန်အိမ်လှံသိုင်း ကိုရင်းနှီးနေမယ်ထင်ပါတယ်။ 


အခုဒီကားလေးကတော့ စုန့်မင်းဆက်အုပ်စိုးစဥ်အချိန်ကာလတုန်းက

 ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ရန်မိသားစုရဲ့ သူရဲကောင်းများအကြောင်းကိုကြည့်ရှုရမယ့်

 ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်။ သမိုင်းနောက်ခံ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ကြည့်ပြီးတဲ့သူတွေလည်းများလို့ အများကြီးမညွှန်းတော့ပါဘူး။ 


ဇာတ်လမ်းအကျဥ်း 


စစ်သူကြီးရန်ရဲ့ဟာ စုန့်မင်းဆက်ကို သစ္စာရှိရှိတာဝန်ထမ်းဆောင်တဲ့ စစ်သူကြီး

တစ်ယောက်ဖြစ်ပြီး ဘယ်ကိစ္စမဆို တည်တည်ငြိမ်ငြိမ်ဖြေရှင်းတတ်ပြီး

  အသိဉာဏ်ကြွယ်ဝတဲ့ သူတစ်ယောက်ဆိုရှင်လည်းမမှားပါဘူး 

သားသမီးတွေအပေါ်ကိုလည်းအရမ်းချစ်မြတ်နိုးပြီး ဇနီးမယားကိုလည်း ချစ်ခင်တွယ်တာတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါ။ 


စစ်သူကြီးရန်ရဲ့ ဟာ သူ့ရဲ့သားတော်တွေနဲ့အတူ စုန့်မင်းဆက်အပေါ် 

သစ္စာရှိရှိတာဝန်ထမ်းဆောင်တဲ့အတွက် ဧကရာဇ်အရှင်ဘုရင်ရဲ့ 

အားကိုးခြင်းကိုလည်းခံရပါတယ်။

တစ်နေ့မှာ စစ်သူကြီးရန်ရဲ့ဟာ သူတို့စုန့်အင်ပါယာရဲ့ နယ်စပ်ဒေသတွေကို

 ကျူးကျော်လာတဲ့ လျောင်လူမျိုးတွေကို တိုက်ခိုက်ဖို့အကြောင်းဖန်လာခဲ့ပါတယ် ။

အဲ့ဒီစစ်ပွဲမှာ စစ်သူကြီးရန်ရဲ့ ရဲ့ သားတော်ငါးက လျောင်လူမျိုးတို့ရဲ့ စစ်သူကြီး 

ရဲလွိရှယ်ဆိုသူကို သုံးချီသုံးခါ အနိုင်ယူခဲ့ပြီးတဲ့နောက်

စစ်သူကြီး ရဲလွိရှယ်မှာ အရှုံ့းကိုလက်မခံနိုင်ပဲ ရန်မိသားစုအပေါ်

 လက်စားချေဖို့ အခြေအနေတွေ တင်းမာလာခဲ့ပါတယ်။ 


အဲ့ဒီအတွက်...စစ်သူကြီးရဲလွိရှယ်ဟာ ရန်မိသားစုအပေါ် 

 လက်စားချေဖို့အတွက် ရန်သခင်မလေး ၈ ကိုပြန်ပေးဆွဲသွားပါတယ်။

ရန်မိသားစုလည်း သူတို့ရဲ့ သမီးလေးကိုရှာဖို့ နည်းမျိုးစုံကြိုးစားပြီးတဲ့နောက် 

ရဲလွိရှယ် ရန်သခင်မလေး ၈ ကိုပြန်ပေးဆွဲတာဟာ 

သူတို့ကို လက်စားချေဖို့အတွက် မဟုတ်ဘဲ တစ်ခြားရည်ရွယ်ချက်ရှိနေတဲ့အကြောင်း သိလိုက်ရတဲ့အချိန်...

စစ်သူကြီးရန်ရဲ့ နဲ့ သူ့ရဲ့သားတွေဘယ်လိုဆက်ပြီးရင်ဆိုင်ကြမလဲ... 


Eng Name: The Young Warriors 

Total Episodes: 43

Duration: 45 min

Video Quality: 1080p FHD

Genres: Historical, Romance,Drama,Family,War,Wuxia 


Translator: Chit Mya Mya Hmwe

Encoder:  Yin Wai Phyo

 
 
 

 Learn How to Download.