Sunday 18 October 2020

ချစ်ဖူးစာ အတွဲ ၁

 

i


ချစ်ဖူးစာ  မြန်မာစာတန်းထိုး (HD)


2018 ခုနှစ်က Channel-3 တွင်ထုတ်လွှင့်ပြသခဲ့

တဲ့ "ချစ်ဖူးစာ (အတွဲ-၁)" ဇာတ်လမ်းတွဲဟာဆိုရင်ဖြင့် 

2018 ခုနှစ်ထိုင်းနိုင်ငံရဲ့အအောင်မြင်ဆုံးနဲ့ 

Rating-18.6 ဖြင့် ကြည့်ရှုနှုန်းအများဆုံးဇာတ်ကား

အဖြစ်လည်း ရပ်တည်ခဲ့ပြီး

ဆုပေါင်း (90) ကျော်အထိ ဆွတ်ခူးနိုင်ခဲ့တဲ့ဇာတ်

ကားတစ်ကားလည်းဖြစ်တယ်❤


 ထိုင်းနိုင်ငံတွင်သာမကအာရှနိုင်ငံအတော်အများထိ

နာမည်အရမ်းကြီးခဲ့တဲ့ဇာတ်ကားလေးပါ❤


ကဲ.....ဇာတ်လမ်းအကျဉ်းလေးကိုအောက်မှာဖတ်

ကြည့်ကြစို့နော်😊


"ချစ်ဖူးစာ (အတွဲ-၁) " အပိုင်း ၁


 ဇာတ်လမ်းအကျဉ်း

..............................................


Casts

..........


မီစထွန်ထေဝါ(ဖောဒိတ်)အဖြစ်Pope Thanawat


မယ့်ယဉ်ကရာ့ကေ့ဒ်/ကေ့ဒ်စူရန်အဖြစ်Bellaranee

တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်


 သမိုင်းဘာသာရပ်အားလေ့လာဆည်းပူးနေတဲ့ 

တက္ကသိုလ်ကျောင်းသူမလေး" ကေ့ဒ်စူရန်"

(Bella)ဟာ တစ်နေ့အယုဒ္ဓယမြို့ဟောင်းဆီသို့လေ့

လာရေးခရီးထွက်လာခဲ့ပြီးနောက်.......

ကားအက်ဆီးဒင့်ဖြစ်ပြီးကွယ်လွန်သွားခဲ့ပါတယ်....


"ကေ့စူရန်"ကွယ်လွန်ပြီးသွားနောက်.....


 " ကေ့ဒ်စူရန်"ရဲ့ဝိညာဉ်ဟာ သူမရဲ့လက်ရှိနေထိုင်

နေတဲ့ ၂၁ ရာစုကနေပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀

(အယုဒ္ဓယခေတ် နာရိုင်မင်းတရားကြီးအုပ်စိုးခဲ့စဉ်အ

ချိန်ကာလ) ကိုရောက်သွားတော့တယ်...


အဲ့အချိန်မှာ သေဆုံးသွားပြီဖြစ်တဲ့ "ကရာကေ့ဒ်"

(Bella)ရဲ့ခန္ဓာထဲကိုသူမဝင်ရောက်နေထိုင်ရဖို့

အကြောင်းဖန်လာတော့တယ်...


"မယ့်ယဉ်ကရာ့ကေ့ဒ်"  ဟာ အင်မတန်မှ

ယုတ်မာကြမ်းကြုတ်တဲ့သူပါ

ဒါကြောင့်သူမရဲ့အစေခံနှစ်ဦးနဲ့ သူမရဲ့မွေးစားဦးလေး

(ဖောဒိတ်(Pope)ရဲ့ခမည်းတော်)တို့ကလွဲပြီး အကုန်

လုံးက သူမကိုမုန်းတီးကြတယ်...

အိမ်တော်ကကျွန်တွေဆိုလည်းသူမကိုအမြဲကြောက်ရွံ့

နေခဲ့ရတယ်....


"ဖောဒိတ် "ရဲ့ခမည်းတော်က သူချစ်လွန်းတဲ့တူမတော်

"ကရာ့ကေ့ဒ်"နဲ့သူ့ရဲ့သားတော်အားလက်ဆက်ပေးရန်

သဘောတူထားပေမယ့် "ဖောဒိတ်"ကေတာ့ 

သူမအပေါ်အင်မတန်မုန်းနေခဲ့တယ်....


တစ်နေ့မှာ.........


"ကရာကေ့ဒ်"ဟာ သူမချစ်ရတဲ့သူ "ဖောဒိတ်"အား

သဘောကျနေတဲ့ "မယ့်ယဉ်ကျန်ဝါ့" ဆိုတဲ့မိန်းကလေးကို လုပ်ကြံသတ်ဖြတ်ခဲ့ရန်ကြံစည်ခဲ့ရာ ကံကောင်း

ထောက်မစွာနဲ့"မယ့်ယဉ်ကျန်ဝါ့" မေသဘဲ

"ကျန်ဝါ့"ရဲ့ကျွန်က သေသွားခဲ့တယ်.....


ဒီကိစ္စကို"ဖောဒိတ်"က "ကရာကေ့ဒ်"လက်ချက်မှန်းသိပေမယ့်အရေးယူဖို့မဖြစ်နိုင်တာကြောင့် 

"ကစ္စနကာရီ"မန္တာန်ကိုရွတ်ဖတ်ရပါတော့တယ်...


အဲ့မန္တာန်ရဲ့အစွမ်းကြာင့် "ကရာကေ့ဒ်" သေဆုံးသွားခဲ့ပြီး သူမရဲ့ခန္ဓာထဲကို "ကေ့ဒ်စူရန်"ရောက်ရှိလာခဲ့တယ်...


"ကရာကေ့ဒ်"ခန္ဓာထဲ "ကေ့ဒ်စူရန်" ဝင်ရောက်

လာခဲ့ရတဲ့အကြောင်းအရင်းကတော့....


 ဝိညာဉ်နှစ်ခုဆုံတွေ့ချိန်မှာ

"ကရာကေ့ဒ်" က "ကေ့ဒ်စူရန်" အား

"မယ့်ယဉ်ကရကေ့ဒ်ဆိုတဲ့ မိန်းကလေးမှာလည်း

ကောင်းခြင်းတွေရှိတာ အများသိအောင်ငါ့ခန္ဓာထဲဝင်

ပြီးကောင်းမှုတွေကိုနင်လုပ်ဆောင်ပေးပါ" ဆိုတဲ့တောင်းဆိုမှုကြောင့် "ကရာ့ကေ့ဒ်" ရဲ့ခန္ဓာထဲ

"ကေ့ဒ်စူရန်"ဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်.....


"ကေ့ဒ်စူရန်" ဟာ ပေါတောတောနေတတ်ပြီး

မြင်ရာကိုစူးစမ်းခြင်တဲ့စိတ်ရှိတဲ့သူတစ်ယောက်ပေါ့..


အများအမြင်မှာ "ကရာကေ့ဒ်" ပေမယ့် တကယ်တော့

ပေါတောတောနေတတ်တဲ့ကောင်မလေး 

"ကေ့ဒ်စူရန်"ဟာ သူမကို မုန်းတီးနေသူတွေကြား

သူမဘယ်လိုသည်းခံနေထိုင်သွားမလဲ?


စူးစမ်းတတ်တဲ့ဝါသနာရှိတဲ့ "ကေ့ဒ်စူရန်" တစ်ယောက်

သူမလေ့လာနေတဲ့သမိုင်းစာအုပ်တွေထဲမှ လူပုဂ္ဂိုလ်

တွေ သမိုင်းဝင်နေရာတွေကို မျက်ဝါးထင်ထင် မြင်တွေ့

လိုက်တော့ သူမရဲ့အကျင့်အတိုင်း ဘယ်လောက်ထိ

စပ်စုလိုက်လေမလဲ🤔


"ကရာကေ့ဒ်"ဟာလူကောင်းတစ်ယောက်ဖြစ်ကြောင်း

"ကေ့ဒ်စူရန်"ကရော ဘယ်လိုတွေသက်သေပြမလဲ?


နောက်ပြီး.....


ချစ်စရာကောင်းလှတဲ့ အမူအသွင်တွေပိုင်ဆိုင်ထားတဲ့

"ကရာကေ့ဒ်" တစ်ဖြစ်လဲ "ကေ့ဒ်စူရန်"အား

"ဖော့ဒိတ်" ကေရာဘယ်လို ချစ်မိသွားမလဲဆိုတာ 

ရင်ခုန်စွာနဲ့ကြည့်ရှုကြရမှာပါနော်😍😘


ဒီဇာတ်ကားလေးက....

တကယ်ဖြစ်ပျက်ခဲ့တဲ့သမိုင်းဇာတ်ကြောင်းတွေနဲ့အတူ

အချစ်ဟာသတွေကိုပါရောနှောရိုက်ကူးထားတဲ့

ဇာတ်ကားကောင်းလေးတစ်ကားမို့ လက်မလွတ်တမ်း

စောင့်ကြည့်သင့်ပါတယ်လို့ပြောပါရစေရှင့်


Review By Yoon Mie


Translated By Yoon Mie & Yuya(Iang Sittha)


Encoded By Kyi Nue Zin


FIV & About The Thai Cele

တို့မှ ပူးပေါင်းတင်ဆက်ပေးသည်😍

Download link

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Episode 12

Episode 13

Episode 14

Episode 15

Episode 16

Episode 17

Episode 18

Episode 19

Episode 20

Episode 21

Episode 22

Episode 23

Episode 24

Episode 25

Episode 26

Episode 27

Episode 28

Episode 29

Episode 30

Episode 31

Episode 32

Episode 33

Episode 34

Episode 35

Episode 36

Episode 37

Episode 38

Episode 39

Episode 40