Sunday 7 January 2018

ပန်းသုံးပွင့်ရဲ့ရွေရောင်ဂလဲ့စား/ Avengers social club

ပန်းသုံးပွင့်ရဲ့ရွေရောင်ဂလဲ့စား/ Avengers social club




စကီ​လေး​တွေအကြိုက်​ ရိုမန့်​တစ်​ဆန်​ဆန် အချစ်​ဇာတ်​လမ်း​တွေနဲ့ ရိုးအီ​နေပြီလား
ဒီတစ်​ခါတင်​ဆက်​​ပေးမှာက​တော့ မမတို့အကြိုက်​ အိမ်​​ထောင်​​ရေးဇာတ်​လမ်းတွဲ​လေးပဲ ဖြစ်​ပါတယ်

"ပန်းသုံးပွင့်​ရဲ့ ​ရွှေ​ရောင်​ကလဲ့စား" လို့အမည်​ရတဲ့ ထုတ်​လွှင့်​ဆဲ ကိုးရီးယားဇာတ်​လမ်းတွဲ​လေးမှာ အပိုင်း ၁၂ ပိုင်း ပါဝင်​မှာပါ




အဓိက သရုပ်​​ဆောင်​​တွေက​တော့

ကင်​​ဂျောင်​ဟဲ အဖြစ်​ Lee Yo Won
ဟုန်​ဒိုဟီး အဖြစ်​ Ra Mi Ran
လီမီဆု အဖြစ်​ Myung Se Bin တို့ပဲ ဖြစ်​ပါတယ်

ဇာတ်​လမ်းအကျဉ်းက​တော့

ကင်​​ဂျောင်​ဟဲ လို့​ခေါ်တဲ့ သူ​ဌေး​ချွေးမတစ်​​ယောက်​က ဇနီး​ကောင်းပီသဖို့ အမြဲကြိုးစားခဲ့​ပေမဲ့လည်း ​ယောက်ျားရဲ့ အချိန်​​အ​တော်​ကြာ​အောင်​ သစ္စာ​ဖောက်​ခံခဲ့ရတာကို သိပြီး ​ယောက်ျားဖြစ်​သူကို လက်​စား​ချေချင်​စိတ်​ ပြင်းပြခဲ့ပါတယ်

ဟုန်​ဒိုဟီး ဆိုတဲ့ အမျိုးသမီးက​တော့ ​ယောက်ျားဖြစ်​သူ ​သေဆုံးသွားပြီးတည်းက သားနဲ့သမီးကို ရိုးရိုးသားသားရှာ​ဖွေ​ကျွေး​မွေး​​နေရသူပါ

လီမိ​ဆုက​တော့ တက္ကသိုလ်​မှ ပါ​မောက္ခဖြစ်​တဲ့ ​ယောက်ျားဖြစ်​သူရဲ့ ညှဉ်းပန်းနှိပ်​စက်​တဲ့ဒါဏ်​ကို အချိန်​​တော်​ကြာ သည်းခံခဲ့ရပါတယ်
ဘဝရဲ့ အချိုးအ​ကွေ့မှာ လီမိဆုက ကင်​​ဂျောင်​ဟဲ , ဟုန်​ဒိုဟီးတို့နဲ့ ​တွေ့ဆုံပြီး သူ့ရဲ့ ကိုယ်​ပိုင်​ဘဝကို အစပျိုးဖို့ ဆုံးဖြတ်​ချက်​ ချခဲ့ပါတယ်

ကင်​​ဂျောင်​ဟဲ , လီမီဆု နဲ့ ဟုန်​ဒိုဟီး တို့​တွေ့ဆုံကြပြီး​နောက်​ သူတို့ရဲ့နာကြည်းချက်​​တွေကို ကလဲ့စား​ချေနိုင်​ဖို့ အုပ်​စုဖွဲ့ဖြစ်​ခဲ့ကြပါတယ်

အဲ့ဒီ့​နောက်​မှာ ဘယ်​လို ကလဲ့စား​ချေ ကြမလဲ?
 ဘယ်​လိုအလွဲ​လေး​တွေ ​တွေ့ရမလဲ? သိချင်​ရင်​​တော့
"ပန်းသုံးပွင့်​ရဲ့ ​ရွှေ​ရောင်​ကလဲ့စား" ကိုးရီးယားဇာတ်​လမ်းတွဲသစ်​မှာ ​စောင့်​​မျှော်​​အား​ပေးနိုင်​ပါတယ်

Review : Nway Htwe Aung
Translated by : Minoz Su Hlaing Myat

Download Link
Episode-1
Episode-2
Episode-3
Episode-4
Episode-5
Episode-6
Episode-7
Episode-8
Episode-9
Episode-10
Episode 11,   Episode-11 (google Link)
Episode-12 (Finale)