Friday 6 October 2017

Crazy Beautiful You (2015) မြန်မာစာတန်းထိုး

Crazy Beautiful You (2015) မြန်မာစာတန်းထိုး
***********************

ဒီတစ်ခါ FIV ပရိသတ်တွေအတွက် တင်ဆက်ပေးမယ့်ကားလေးကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကြီး မင်းသား Daniel Padilla နဲ့ မင်းသမီး Kathryn Bernardo တို့ရဲ့ Crazy Beautiful You ဆိုတဲ့ အချစ်၊ ဟာသ၊ ဒရမ်မာ ကားကောင်းလေးပဲဖြစ်ပါတယ်။

-Kiko (Daniel Padilla)
ဒီဇာတ်ကားလေးထဲမှာ Kiko ဟာ မြို့တော်ဝန်ရဲ့ အမည်မခံတဲ့သားဖြစ်ပြီး 
Jackie ဟာ သူ့မိဘနှစ်ပါးရဲ့ ကွဲကွာမှုကြောင့် လမ်းမှားပြီး ဆိုးသွမ်းနေတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်ပါ။ သူဟာ ဓာတ်ပုံပညာကို အရမ်းရူးသွပ်ပြီး သူ့အိမ်မက်ကတော့ New York မှာ ဓာတ်ပုံပညာ သွားရောက်သင်ယူဖို့ပါ။
-Marcus (Inigo Pascual)
Marcus ဟာ မြို့တော်ဝန်ရဲ့ တရားဝင်သားဖြစ်ပြီး Kiko နဲ့ ဖအေတူ မအေကွဲ ညီအကိုတွေပါ။ 

ဇာတ်လမ်းအကျဉ်းလေးကတော့ 
တစ်ရက်မှာ Jackie ဟာ ကားပြိုင်ပွဲတစ်ခုမှာ အက်စီးဒန့်ဖြစ်ပြီး ထောင်ကျပါတယ်။ ဒါကိုသူ့အဖေက ဒဏ်ခက်တဲ့အနေနဲ့ သူ့အမေနဲ့အတူ Tarlac က ဆေးထောက်ပံ့ရေးအဖွဲ့တစ်ခုကို ပို့ပေးလိုက်ပါတယ်။ အဲ့ဒီကိုသွားတဲ့ လမ်းမှာပဲ Kiko နဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပါတယ်။ နောက်ပိုင်းမှာ Jackie နဲ့ Kiko ဟာ ဟာသတွေ အလွဲအချော်တွေကြားမှာ အဆင်ပြေသင့်မြတ်သွားကြပြီးချိန်မှာပဲ Marcus ဟာ သူတို့နှစ်ယောက်ဘ၀ထဲကို ၀င်လာပြန်ပါတယ်။ အဲ့ဒီနောက်မှာ ဘယ်လို အချစ်၊ အလွမ်း၊ အလွဲလေးတွေနဲ့ စိတ်ဝင်စားဖွယ်ကောင်းအောင် ဖန်တီးထားသလဲဆိုတာတော့ ဒီဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်လိုက်ကြပါနော်
အရမ်းကောင်းတဲ့ ကားလေးမို့ လက်လွှတ်မခံသင့်တဲ့ ကားလေးတစ်ကားလည်း ဖြစ်ပါတယ်။

FIV ကို အားပေးကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါသည်။

Review and Translated by Alex Yong
Encoded by J Jin Tai
File size: 1.17 GB

>>> Download Here  <<<

FIV Entertainment Channel မှ တင်ဆက်သည်။