Friday 6 October 2017

ကျောင်းမှသင်မပေးနိုင်တဲ့အရာများ!

ကျောင်းမှသင်မပေးနိုင်တဲ့အရာများ!
××××××××××××××××××
မြန်မာစာတန်းထိုးဂျပန်ဇာတ်လမ်းတွဲ




ယခုလက်ရှိ "ဂျပန်"လို့ပြောလိုက်တာနဲ့ လူတော်တော်များများမျက်လုံးထဲပြေးမြင်မိမယ့်သူက "အဝင်း" လို့ ယခုလက်ရှိ ဖေ့စဖွတ်မှာနာမည်ကြီးတဲ့ "မိုရီဆာကီဝင်း" ပဲ ဖြစ်မယ်လို့ ထင်မိပါတယ်

ဘာလို့သူ့အကြောင်းကိုပြောနေရသလဲဆိုရင် ယခုတစ်ခါ FIV ပရိတ်သတ်ကြီးတို့ကို မိတ်ဆက်ပေးမယ့် ဂျပန်ဇာတ်လမ်းတွဲလေးက "မိုရီဆာကီဝင်း" ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်လို့ပါ။

ဇာတ်လမ်းတွဲနာမည်ကိုက "ကျောင်းတော်မှာသင်ကြားလို့မရနိုင်တဲ့အရာများ" ဆိုတော့ လူငယ်အများစုကြိုက်ကြမယ့် ကျောင်းသားဟာသ ကားလေးလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာဆိုရင်ဖြင့် အပိုင်း(၁၀) ပိုင်း ပါဝင်မှာဖြစ်ပြီး (၁)ပိုင်းကို (၅၄)မိနစ်ခန့်စီ ကြာမြင့်မှာ ဖြစ်ပါတယ်။

ကဲ...ဇာတ်လမ်းအကြောင်းလေးကိုပြောလိုက်ကြရအောင်။
ဇာတ်လမ်းအကျဉ်းလေးကတော့.....

သမာရိုးကျမိန်းကလေးတွေချည်းပဲတက်လို့ရတဲ့ မိန်းကလေးအထက်တန်းကျောင်းတစ်ကျောင်းမှာ ယောကျာ်းလေးတချို့ကို စတင် ကျောင်းအပ်လိုက်တဲ့အချိန်မှာပေါ့။
ကံကောင်းလှတဲ့ ကျောင်းသား(၅)ယောက်ဟာ အဲ့ဒီကျောင်းမှာ တက်ခွင့်ရခဲ့ကြတယ်။ သူတို့ဟာ ထပ်ပြီးတော့ ကံကောင်းခဲ့ပြန်တယ်။ဘာကြောင့်လဲဆို သူတို့ရဲ့ အတန်းပိုင်ဆရာမဟာ ငယ်ငယ်ချောချောလုံးကြီးပေါက်လှ ခေတ်စကားနဲ့ပြောရမယ်ဆိုတော့ "အကိတ်"ပေါ့ဗျာ။ အဲ့ဒီဆရာမလေးနာမည်က မိုင်အိုင်ဒီရာ(Kyoko Fukada)၊ဒီဇာတ်လမ်းရဲ့ အဓိကသရုပ်ဆောင်ပေါ့။

ကျောင်းတွင်းအဖွဲ့အစည်းတစ်ခုမှာ ပါဝင်ဖို့ ဆရာမက သူ့တို့ကို ဖိတ်ခေါ်ခဲ့တယ်။ ထူးခြားတာက အဲ့ဒီအဖွဲ့အစည်းမှာဆို ကောင်မလေးတွေလက်ကိုကိုင်လို့ရတယ်၊ အဆင်ပြေရင် ဖတ်လို့တောင်ရတယ်တဲ့(အကအဖွဲ့ဖြစ်ရမယ်)။

ကောင်လေးငါးယောက်ဟာ အဲ့ဒီအချိန်ကို မစောင့်နိုင်ဘဲ တမျှော်မျှော်ဖြစ်နေလေရဲ့။ တကယ်တမ်း ရောက်ရှိလာတဲ့အချိန်မှာ သူတို့မျှော်လင့်ထားသလို ဖြစ်သွားမလား....?
ဘာတွေ ဘယ်လို ဆက်ဖြစ်ကြမလဲ ဆိုတာကို ဒီ ဂျပန်ကျောင်းသားလူငယ်ဟာသဇာတ်လမ်းတွဲထဲမှာ ဆက်လက်စောင့်မျှော်ကြည့်ရှုကြဖို့ အသိပေးနှိုးဆော်လိုက်ပါတယ်ခင်ဗျာ။.....

အားလုံးကိုလေးစားလျှက်......

Reviews; Htet Lin Oo
Trans, Nang Lamin Nwe,J Jin Tai,Kyi Nue Zin, Htay Thar Oo, နန်းသင်းရီလှိုင်
Enc:J Jin Tai
Quality: 720p
Download Link
Episode 1(openload),  Ep-1(google Link)
Episode 2(openload),  Ep-2(google Link)
Episode 3(openload)
Episode 4(openload), Ep4-(google Link)
Episode 5(openload)Ep5-(google Link)